အိဖြိုး(ခ) ငကစ်ဆိုသည်မှာ

လွန်ခဲ့တဲ့ လေး နှစ်လောက်က ပရဟိတ စေတနာ့ဝန်ထမ်းအလုပ်တစ်ခုလုပ်ဖို့ ရွာတစ်ရွာမှာ တာဝန်ကျခဲ့ဖူးသည်။ ရွာတွင်နေရတဲ့ ကာလက တစ်လ စာသင်ပေးရတဲ့ ကလေးက ၂၀၀ အဲဒီ အချိန်မှာ ကျနော် ညီမတစ်ယောက် ကောက်ခနဲ ရခဲ့သည်။ သူနာမည်ကား အတော်တော့များလှသည်။ နာမည်အရင်း က အိအိဖြိုးလွင် ဘိုနာမည်က Kirsty ကျနော်ကတော့ ကစ်မ လိုခေါ်သည်။ သုံးမည်ရ ငကစ်ဖြစ်သည်။

သူကား မှောင်နေတဲ့ အချိနတွင် သွားဖြဲပြီး ပြုံးပြမှသာ  သူကို မြင်ရတယ်။  လင်းနေသည့် အချိန်တွက်တော့ အဝေးကနေမဲသဲမဲသဲဖြင့် မြင် လှမ်း၍မြင်နိုင်သည်။ လူပုံပုတက်တက် အသားမဲမဲ စကားဝဲဝဲ သွားကျဲကျဲ နှင့် တလောကလုံး စိတ်ညစ်သွားလောက်အောင် ပြုံးပြနိုင်သူဖြစ်သည်။

အစားနဲ့ ပါးစပ် မပြတ်စားနိုင် သောက်နိုင် သူလည်းဖြစ်သည်။ ၁ ပေ ပတ်လည်လောက်နီးနီးရှိတဲ့ နာနာတ်သီးကို ၆ လက်မ ပတ်လည်လောက်သာ ကျန်အောင် နွာနိုင်သော အခွံနွာကျွမ်းကျင်သောသူ လည်းဖြစ်သည်။ ထမင်းဟင်းချက်ပြုတ်ရာတွင် လည်း ကြက်ဥကို အရင်တည့်ရမလား ဆီအရင့်တည့်ရမလား ဝေခွဲမရအောင် ကျွမ်းကျင်လှသည်။ စကားပြောရင်လည်း ၇ အိမ်ကြား ၈ အိမ်ကြား အောက်အောင် ညင်ညင်သာသာ ပြောဆိုတတ်သည်။ သင်တန်းချိန်တွင် မျက်စီမှေးမှေးဖြင့် ထိုင်ကာ အိပ်ပျော်နေတတ်ပြီး သင်တန်းချိန် ပြင်ပ အားလပ်ချိန်တွင် တစာစာဖြင့် တွတ်တိုးကာ သူငယ်ချင်းများဖြင့် ပျော်ပါးနေတတ်သည်။

မျက်စီမှုန်၍ အာရုံကြောသိပ်မကောင်းသည့် အနောက်နိုင်ငံမှ မျက်နှာဖြု ထေရဝါဒဘုန်းတော်ကြီး ဖင်မိတ်ကာ( Film Maker ဟုဖတ်ရန်) တစ်ဦးက သူကား ကံဆိုးစွာဖြင့် ယောင်မှားကာ မျက်စီကျပြီး “လောကုတ္တရာ” ဆိုသော ဓာတ်ရှင်ကားတွင် တည့်ကာ အဓိက ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ဖူးသူတစ်ယောက်လည်းဖြစ်သည်။ (ထိုဇာတ်ကားကို အမြို့မြို့အနယ်နယ်မှ DVD အရောင်း ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါသည် ရှန့် (နန်းခင်ဇေယျာ – အသံဖြင့်ဖတ်ပါ)-ဤကားစကားချပ်ကြော်ညာ)

ပေါတောတော နေထိုင်ရာတွင် သူ၏အကို မောင်ဥဂ္ဂါ ကို မမှီသော်ဌားလည်း နောင်တစ်ချိန်တွင် မောင်ဥဂ္ဂါထက် ပိုပေါနိုင်ဖွယ်ရရှိတယ်လို့ ကျွမ်းကျင်တဲ့ ပညာရှင်များက ခန့်မှန်းခြင်းခံနေရသူလည်း ဖြစ်သည်။

ဘယ်လိုတွေ ဘာပဲဖြစ်ဖြစ ဘယ်အခြေအနေပဲရောက်ရောက် ငကစ်ရဲ့ တန်ဖိုး ငကစ်ရဲ့ စိတ်ထား အလှတရားတွေကတော့ ပျက်စီးသွားမှာ မဟုတ်။ ငကစ်က သွက်လက်ချက်ချာပြီး ထက်မြက်တဲ့ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ကျနော့် ညီမလေးတစ်ဦး ဖြစ်တယ်ဆိုတာတော့ ယုံမှားစရာကို မလိုပါ။

မွေးနေ့မင်္ဂလာပါ ငပေါမလေး ငကစ်မရေ ………………………………….

စာမူခ= ဂြီလကာင်္ဖက်ခြောက်စပူး   😛

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s