Happy Birthday သားကြီးငသန့်၊ ဘုတ်ထိုင်း၊ အယ်စတုံ

မင်း ၂၆ နှစ်ပြီ ငါတို့စသိတော့ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်က Shalom မှာလုပ်တဲ့ IYCAP ရဲ့ Youth Network  ပွဲမှာ စတွေ့ဖြစ်တယ်။ နင်ရယ် ဂျပိုင်ရယ် ကိုကျော်မင်း ရယ်။ မင်း ပုံပြောသူများ အကြောင်း စမိတ် ဆက်တော့ အကြောင်းအရာက ငါ စိတ်ဝင်စားတဲ့ ရိုးရာပုံပြင်တွေ ဒီထက် မင်းရဲ့ စိတ်အားထက်သန်မှုကြောင့်  မင်းကို စမိတ်ဆက်ဖြစ်တယ်။ နောက် ငါလည်း ပုံပြောသူ ဖြစ်လာခဲ့တယ်။

 

စခင်မင်ပြီး သိပ်မကြာ မင်းတို့ အောင်သပြေမှာ အပန်းဖြေကြတယ်မဟုတ်လား။ အဲတုန်းက စခင်စ ဆိုပေမဲ့ အတော် မင်းတို့အတွက် စိုးရိမ်မိတယ်။ နောက် မင်းနဲ့အတူ ပုံပြောသူများထဲ စပါဖြစ်တယ်။ အဲတုန်းက မှတ်မိသေး ပုံပြောသူများက လက်ဆယ်ချောင်းတောင် မပြည့် ပိုက်ဆံတပြားမှ မရှိပဲ ယုံကြည်ချက်တွေ တပွေ့တပိုက်နဲ့ စခဲ့ကြတယ်။ နောက်ပိုင်း အယူအဆအချို့နဲ့ သင်ယူခဲ့တဲ့ ပတ်ဝန်းကျင်မတူတော့

 

မင်းနဲ့ငါ သောက်တိုင်းရန်ဖြစ်ကြတယ်။ နှလုံးသား ဖွင့်ထားသူအချင်းချင်းမို့ လက်တွဲပြီး ပုံပြောသူများမှာ လှုပ်ရှားခဲ့တယ်။

ကိုညီလင်းမော်အိမ်၊ ၁၉လမ်း၊ ဘိုကလေးဈေးလမ်း၊ ဟန်နီ တကြော ငါတို့ ရယ်သံတွေ အော်သံတွေ ပြန်ကြားမိတယ်။ အယူအဆမတူတာတွေ ငြင်းခုန်တာတွေ၊ ရန်ဖြစ်တာတွေ သတိရ အမှတ်ရစရာချည်းပဲ။

 

နောက် ကိုယ်တိုင် လူငယ်တွေသင်တန်းပေးရ ထိတွေ့ရတာ ကြာတော့ တခါတလေး မင်းပြောတာ မှန်သား အချို့ က မိုးပေါ်က ကျလာတာလို့ ထင်မိတယ်။ မင်းကလည်း မိုးပေါ်က ကျလာတာပဲလေ။ 😛

 

မင်းရဲ့ စိတ်အားထက်သန်မှု၊ ယုံကြည်ချက်တွေနဲ့ တို့ပုံပြောသူညီအကိုမောင်နှမတွေရဲ့ အားစိုက်ထုတ်မှု ကြောင့် ပုံပြောသူများလည်း အတော်ခရီးပေါက်ခဲ့တယ်။

 

နောက် ငါ ဟိမားဂျားရောက်တဲ့ အချိန်မှာ မင်း ပရဟိတ အလုပ်တွေ အများကြီး အများကြီးကို  လုပ်နေတာကို အဝေးက ငါကြားဖြစ်တယ်။ အခုထိလည်း မင်း လုပ်နေတုန်း နောင်လည်းမင်းလုပ်နေမှာပဲ။

 

ဒါကြောင့် ဒီနေ့ မင့် မွေးနေ့ လွန်ခဲ့တဲ့ ၂၆ နှစ်က မင်းမွေးဖွာလာခြင်း အတွက် ဂုဏ်ယူတယ်။

မင်းကိုကျေးဇူးတင်တယ်။ မင်းကိုမွေးတဲ့ မင့် အမေကိုလည်း ကျေးဇူးတင်တယ်။ မင်းလူသားပီပီ ရှင်သန်ခဲ့တဲ့ နေရက်တွေ အတွက်ဂုဏ်ယူတယ်။ မင်းကောင်းမှုတွေကို သာဓုခေါ်တယ်။

ဒါ မင်းမွေးနေ့ အတွက် ငါရဲ့ ကတာပဲ သားကြီး

Happy Birthday

သူငယ်ချင်း ဖြစ်ကာစ

သူငယ်ချင်း ဖြစ်ကာစ

စခင်စ က ပြောကြဆိုကြတာ ယဉ်ယဉ်ကျေးကျေးရယ်

စခင်စ က ပြောကြဆိုကြတာ ယဉ်ယဉ်ကျေးကျေးရယ်

ပုံပြောသူများမှာ အတူတကွ

ပုံပြောသူများမှာ အတူတကွ

ပိုရင်နီုးလာတော့ ဖဖ တွေ ဘာတွေ ခေါ်တဲ့ လဒ :P

ပိုရင်နီုးလာတော့ ဖဖ တွေ ဘာတွေ ခေါ်တဲ့ လဒ 😛

မူးပြီး ရန်ဖြစ် လွန်သွားရင် တောင်းပန်ကြ :P

မူးပြီး ရန်ဖြစ် လွန်သွားရင် တောင်းပန်ကြ 😛

မင်းနဲ့ ခင်ရတာ ပျော်စရာကြီးပါကွာ

မင်းနဲ့ ခင်ရတာ ပျော်စရာကြီးပါကွာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s