ယင်းမာပင်ကို တစ်ခေါက်ရောက်ခဲ့တယ်….

2013 Kuala Lumpur, Malaysia မှာ လုပ်တဲ့ International Engaged Buddhist Network (INEB) ရဲ့   Bi Annual Conference ကို သွားဖို့ အကုန်စီစဉ်ပြီးကာမှ Passport သက်တမ်းက ၆လရှိဖို့ တစ်ရက်စွန်းတာကြောင့် သွားဖို့ အားခဲထားတဲ့ Bi Annual Conference နဲ့  အလွဲကြီး လွဲ ခဲ့ရတယ်။ ကျနော်ကို အဲဒီကို သွားဖို့ ထောက်ပံ့ပေးတဲ့ မိတ်ဆွေတွေကို လည်း အားနာကြီး အားနာမိတယ် စိတ်လည်းရှုပ် စိတ်လည်းညစ် စိတ်ဓာတ်လည်းကျတယ်။ ဒါပေမဲ့ ကျနေတဲ့ စိတ်ဓာတ်က ကြာကြာအောက်မှာ မနေရပါဘူး နောက်ဆက်တွဲ ယင်းမာပင်မှာ ရဲဘော်စွမ်းရည်ထက်တို့ လုပ်တဲ့ ကိုမြင့်ဇော် (စာရေးဆရာမောင်မြင့်ဇော်) ဒေါ်လေးဒေဝီ (စာရေးဆရာမ ဒေါ်ဒေဝီသန့်စင်) တို့ ဟောပြောမဲ့  သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ နဲ့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးပြခန်းကို သွားရောက် အား ဖြည့်ဖို့ အစီစဉ်ကှိပြီးသားကြီး (မျဉ်းတားထားသော စကားလုံးကို ကာတွန်းကာကြီး လေသံဖြင့် ဖတ်ပါ)

ယင်းမာပင်သွားဖို့ အစီစဉ်ရှိပေမဲ့ အာတကေ ပိုက်ပိုက်မရှိတော့ အမေဇင်း(မအေးချိုဇင်)၊ မလင်းတဲ့ မလင်း၊ ချစ်သောနံရိုးလေး(အရိုး) တို့ ဆီက ရရာ ပိုက်ပိုက်များ လှည့်လည်တောင်းခံ စိတ်နာနာနဲ့ ၆ လမပြည့် တဲ့ Passport ကို သက်တမ်းတိုးတဲ့ ကိစ္စလေး ပြတ်အောင် အရင်ဖြတ်ပြီး ဝရုန်းသုန်းကားနဲ့ မသီ အဆင့်သင် ဝယ်ထားတဲ့ မိုးကောင်းကင်ကားကို တက်စီးပြီး လမ်းတစ်လျောက် မသီ စိတ်မညစ် ညစ်အောင် တော်ကီတွေ အသကုန် ပွားပြီး (အမှန်တော့ ဗိုက်ဆာလို့ ရစ်တာ) အစာပြီး တစ်ရေးအိပ်လိုက်တာ မုံရွာကို ရောက်လေ သတည်း။

မသီက နယ်ခံဖြစ်ပေမဲ့ သူရွာ မုံရွှေးမှာ ဆင်းနေခဲ့ပြီး ဧည်သည်ဖြစ်တဲ့ ကျနော်က မုံရွာကို တစ်ယောက်တည်း ဆက်သွားရတယ်။(မုံရွှေးသူတွေ ဒီလိုချည်းပဲ အားကို မကိုးရဘူး) မုံရွာရောက်တော့ ၅ နာရီ ခွဲလောက်ရှိပြီ လင်းစပြုပြီ။ ကားဝင်းထဲ စိတ်ညစ်စရာ စိတ်ပျက်စရာ မြင်ကွင်းတွေ မမြင်ချင်လို့  အပြင်ဘက်ထွက် မြင်းမူ-မုံရွာ လမ်းပေါ် မှာ လမ်းလျှောက်ပြီး ဗိုက်ဆာလို့ အုန်းခြံ နားက မုန့်တီဆိုင်ကို လိုက်ရှာ မတွေ့ မရောက်တာကြာလို့ ပြောင်းသွားပြီထင်ရဲ့။ ဒါနဲ့ ဧရာဝတီဘဏ်ဘေးက လဖေ့ရေဆိုင်မှာပဲ ထိုင်ပြီး မုံရွာက ဒုက္ခပေးရမည့် သူငယ်ချင်းတွေဆီ ဖုန်းထိုင်ဆက် အစပိုင်း စစ်မိုး(မိုးပုလဲ) ရောက်ရာ တောကြောင်း တောင်ကြောင်း ပြောပြီး ထပြန် နောက် ကိုခွန်ကြီးရောက်လာ သူကို ယင်းမာပင်ဟောပြောပွဲကြောင်းပြော နောက် ကိုအောင်နေမျိုးကို ဟောပြောပွဲအကြောင်း အကြောင်းကြားတယ်။ နောက် ဆိုင်ကယ်နဲ့ စွမ်းရည် ရောက်လာပြီး အောင်မင်္ဂလာစာပေ က မာမီစု(ဒေါ်စုစုရည်)၊ မောင်း (Dr.ရွှေမောင်း)၊ မမနှင်း၊ မမတာ တို့နဲ့ တွေပြီး နှုတ်ဆက်တယ်။ သူတို့ က ဆွေမတော် မျိုးမတော်ပေမဲ့ ကျနော် မုံရွာရှိစဉ်က ကျနော်ကို အတော်စောင့်ရှောက်ကြတဲ့ မိသားစုမို့  မုံရွာ ရောက်တိုင်း ရောက်တိုင်း ဝင်ဖြစ်တယ်။ မာမီစု ကျောက်ကပ် ခွဲစိပ်ပြီး အတော်နေကောင်းတယ် ကြားတော့ ဝမ်းသာတယ်။ မမတာ က ကလေးတောင်ရပြီ။ မမနှင်းကတော့ တစ်ကိုယ်တည်း အပျိုကြီး။ အောင်မင်္ဂလာစာပေမိသားစုနဲ့က မတွေတာ မမြင်တာ ကြာပေမဲ့ အရင်လို ခင်ဆဲ မင်ဆဲ ပဲ။ တွေ့တာတွေ့ရတယ် စကားတွေ ဖောင်ဖွဲ့အောင် မပြောနိုင် အလ္လာပ သလ္လာပ ပြောဆိုနှုတ်ဆက်ပြီး ယင်းမာပင်ကို ခရီးဆက်ရတယ်။ သူတို့ မိသားစု ကို တွေ့ ဖို့ ကလည်း တစ်ယောက် တနေရာဆီ မောင်း ကို အောင်မင်္ဂလာစာပေဆိုင်(၂) မမနှင်းက ဆိုင်(၁) မမတာ နဲ့ မာမီစု ဆူးလေကုန်းအိမ် ဒီလို တစ်ယောက်တစ်နေရာဆီ ဆိုတော့ စကားပြောချိန်လည်း သိပ်မရဘူးပေါ့။

ယင်းမာပင်ကိုရောက်တော့ ယင်းမာပင်မြို့က အရင်လို ပါချီပါချက် မြို့နယ်လောက် မဟုတ်တော့ဘူး ခရိုင်မြို့ အဖြစ်ပြောင်းသွားပြီ ဆိုပဲ ခရိုင်မြို့ ဆိုပြီး ပြောင်းတာ ပြောင်းတာ ကျနော် စိတ်ထဲ သိပ်ပြောင်းတယ် မထင်။ ပုသိမ် မုံရွာ လမ်းကြောင့် မြေဈေးတွေ တက်တယ်ဆိုတာကြားတယ်။ ယင်းမာပင်ကတော့ တိုးတက် ပြောင်းလဲလာတာတော့ ဘီယာဆိုင် ယမာကာဆိုင် အရေအတွက်ပဲ။ ယင်းမာပင် ခရိုင်မှာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း တကြောဖြစ်တဲ့ ပုလဲ၊မင်းတိုင်ပင်၊ဆားလင်းကြီး၊ယင်းမာပင်ဆိုပြီး မြို့နယ် ၄ မြို့နယ် ပါတဲ့ ခရိုင်ဖြစ်ပြီပေါ့။ အရင်ကတော့ ဒီနယ်ကို ဗန့်ကျီနယ်လို့ ခေါ်ကြတယ်။ အခုတော့ ဒီအခေါ်အဝေါ်ကို ယင်းမာပင် သားမျိုးဆက်သစ်တွေ မသိကြတော့ဘူး။

နောက်မှ ဆက်ရေးမယ်………………………….. ကျန်သေးတယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s