ကျနော် ယုံကြည်လက်ခံထားသော ဘာသာရေးအကြောင်း

ကျနော်မှာ သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့နာမည်မှာဖာဒီမာ မဒူနာ ဂျစ်တူး ဖြစ်သည်။ သူသည် ဝက်သား မစား အမဲသားကိုစားသည်။ ကျနော်ကမှု အမဲသားမစားဝက်ကို အလွန်ကြိုက်သူဖြစ်သည်။ ကျနော်တို့ နှစ်ယောက်ကား သူငယ်ချင်းများဖြစ်ကြသည်။

 

တစ်ယောက်ကိုတစ်ယောက် ကောင်းစေ ချင်သော မေတ္တာထားကြသည် ချစ်ခင်ကြသည်။

သူက ကျနော်သိပ်ကြိုက်သော ဝက်သားကို မစားစေချင်အမဲသားကို စားစေချင်သည်။ ကျနော်ကလည်း သူကို အမဲသားကို ပြတ်စဲပြီး ဝက်သားကို စုံမက်စေချင်သည်။

 

သူက ဝက်သားဟာ ဒဏ္ဍာရီအရ နောဧသင်္ဘောပေါ်က အညစ်ပတ်ဆုံးအကောင်ဖြစ်ပြီး ဝက်သားကိုစားရင် ရောဂါဘယထူပြောကြောင်း ကျနော်ဖြစ်နေသော နှလုံးရောဂါနဲ့လည်းမတည့်ကြောင်း စသဖြင့်  ဝက်သားမကောင်းပြောပြီးအမဲသားဟာ လူအတွက် အဟာရပြည့်ဝစေကြောင်း အရသာမှာ လည်းကောင်း ကြောင်း ကျန်းမာရေးနဲ့လည်းညီညွတ်ကြောင်းပြောပြီး အမဲသားအဆွယ်တရားဟောသည်။

 

 

သူဘယ်လိုဟောဟော ကျနော်က ဝက်သားပဲကြိုက်သည်။အမဲသားမကြိုက် နောက်ဆုံးတော့ သူလက်လျော့လိုက်သည် နောက်ထပ် အမဲသားအဆွယ်တရား မဟောတော့ချေ။ကျနော်တို့ အခင်မင်ကတော့ မပျက်မစီး ဒီအတိုင်း ထီးထီးတည်နေသည်။

 

 

ကျနော်က လယ်တီဆရာတော်ကြီးရေးတဲ့ နွားမေတ္တာစာသူကို ဖတ်ပြသည်။ နွားကို ပူဇော်ကြတဲ့ လူမျိုးတွေ အကြောင်း ရှင်းပြသည်။ ဝက် ဆိုတာ စားဖို့သက်သက်လူလောကထဲရောက်လာတဲ့ သတ္တဝါဖြစ်ကြောင်း ဝက်နို့ ကလည်း ဆိတ်နို့၊ နွားနို့ ကျွဲနို့တို့လို့်သောက်မရ နွားကျွဲမြင်းတို့လို ဝန်စည် စလယ်သယ်လို့ မရ အသားကိုသာ စားလို့ရတဲ့ သတ္တဝါကိုမစားပဲ နေတာ ဝက်သတ္တဝါရဲ့ ဖြစ်တည်မှု ကို စော်ကားတာပဲလို့ ပြောပြီး ဝက်သားစားသူများအသင်းမှာပါဝင်ဖို့ တိုက်တွန်းသည်။

 

 

ကျနော်ဘယ်လိုပင် တိုက်တွန်းပေမဲ့ သူက အမဲမှ အမဲ ပဲဖြစ်နေသည်။ ကျနော်လည်း နောက်ထပ်ဆက်မတိုက်တွန်းတော့ချေ။ သူရဲ့ အမဲသား ကို ကြိုက်နှစ်သက်မှုကကျနော်တို့ ခင်မင်မှုကို မတွန်းလှန်နိုင် ကျနော်တို့ ခင်မပျက် မင်မပျက် ဆက်တည်ရှိကြသည်။

 

သူ ကျနော့်အိမ် အလည်လာပြီး ထမင်းလာစားရင်ကျနော် သူကိုလေးစားသမှုနဲ့ ကျနော်သိပ်ကြိုက်တဲ့ ဝက်သားမချက် ကျနော်တို့ နှစ်ယောက်စလုံးစားလို့ရတဲ့ငါးဟင်းသာ ချက်ကျွေးသည်။

 

သူအိမ်ကို ကျနော်ထမင်းသွားစားရင်လည်း သူကကျနော်ကို လေးစားသမှုနဲ့ သူသိပ်ကြိုက်တဲ့ အမဲသား မကျွေး ကျနော်တို့ နှစ်ယောက်စလုံးစားလို့ရတဲ့ အသီးအရွက်များသာ ကြော်လျော်ကျွေးသည်။

 

သူသည် ကျနော်ကို ခံစားနားလည် သိရှိသူတစ်ယောက်ဖြစ်သည်။ကျနော် သူကို ချစ်ရေးဆိုသည်။ သူ ကျနော်ကို လက်ခံသည်။ များမကြာမီ ကျနော်တို့ လက်ထပ်ခဲ့ကြသည်။

 

ပတ်ဝန်းကျင်ကတော့ ကျနော်တို့ကို ကဲ့ရဲ့ကြသည်။

 

အမဲသား စားသူနဲ့ ဝက်သားစားသူ ဘယ်လိုနေကြမလဲ မေးခွန်းထုတ်ကြသည်။

 

ကျနော်ကပဲ ဝက်သားစားရာကနေအမဲသားပြောင်းစားမလား

 

သူကပဲ အမဲသားစားရာက ဝက်သားပြောင်းစားမလား

 

လူတွေ သိပ်သိချင်ကြသည်။

 

ကျနော်တို့ မျိုးဆက်သစ်လေးကကော

 

အမဲသားစားသူဖြစ်မလား

 

ဝက်သားစားသူဖြစ်မလား

 

မေးခွန်းထုတ်ကြသည်။

 

 

လူတွေ မျှော်လင့်ထားတဲ့ အကွဲပြဲ ဇာတ်လမ်းတွေမဖြစ်ခဲ့ ကျနော်တို့ တစ်ယောက်တစ်ယောက် သိရှိနားလည်မှုနဲ့ ဘဝ ခရီးကို ဆက်လှမ်းနေဆဲ……………

 

ကျနော် အမဲသားရှောင်ပြီး ဝက်သားပဲစားစမြဲ…………………….

 

သူကလည်း ဝက်သားကို ထိပင်မထိ အမဲမှ အမဲစားစမြဲ…………………

 

ကျနော်တို့ မျိုးဆက်သစ် ဖြစ်တဲ့ ကျနော်တို့သားလေးကတော့ …………..

 

ဝက်သားလည်း မစား။

 

အမဲသားလည်း မစား။

 

သတ်သတ်လွတ်သမား။

 

ကျနော်တို့ အတွက်တော့ ကျနော်တို့သားလေးသတ်သတ်လွတ်စားတာ မစားတာ ကျနော်အတွက် အရေးမကြီး

ကျနော့် သားလေး ဟစ်တလာ မဖြစ်ဖို့သာ အရေးကြီးသည်။

ဟစ်တလာ မဖြစ်ဖို့သာ အရေးကြီးသည်။

ဟစ်တလာ မဖြစ်ဖို့သာ အရေးကြီးသည်။

ဟစ်တလာ မဖြစ်ဖို့သာ အရေးကြီးသည်။

 

မောင်ဥဂ္ဂါ

20March 20, 2014                                                                                                                                          03:07AM

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s