၂၇ နှစ်တာ

 

ကျနော် ဖြစ်တည်လာခဲ့တာ၂၇ နှစ်ရှိပြီ လူသက်တမ်း တစ်ဝက်ကျိုးပြီ အသက်ဘေးက ၂ ကြိမ် ၃ကြိမ် လောက် ဝင်လိုက် ထွက်လိုက် ဖြစ်ခဲ့ဖူးပြီ။ နောက် အသက်ဘယ်လောက် ထပ်ရှည်မလဲ မသေချာဘူး။ ဘယ်လောက် ထပ်နေရမလဲ မရေရာဘူး။ အခုထိနေခွင့်ရတာကို ကျေနပ်တယ်။

၂၇ နှစ်တာ ဖြစ်တည်မှုအတွက် အရင်ဆုံး ကျေးဇူးတင်ရမှာ ကျနော်မေမေ နဲ့ အဖေ ကိုပါ သူတို့ က ကျနေယ် လူဖြစ်အောင် ကျွေးခဲ့ မွေးခဲ့ ရုံတင်မဟုတ်ဘူး လောကအရသာ ခံစားတတ်အောင် သဘာဝတရားကို ခံစားကြည်နူးတတ်အောင် လူဆန်အောင် ပရဟိတစိတ်ဓာတ်ခိုင်ကြဉ်အောင် ကိုယ် ယုံကြည်ချက်နဲ့ ကိုယ်ယုံကြည်ရပ်တည်နိုင်အောင် စာပေကိုချစ်တတ်အောင် နဲ့ ဘာသာတရားကို သိနားလည်အောင် သင်ကြားခဲ့တယ်။

လက်တွဲဖော် ပါရမီဖြည့်ဖက် ချစ်သူကလည်း အဆုံးစွန်သော နားလည်မှုတွေနဲ့ ကြင်နာပြုစုပေးပြီး ရရှိခဲ့သမျှ ဘဝဒဏ်ရာတွေ ဝေဒနာတွေ ဝေမျှခဲ့တယ်။

နောက် သိပ်ချစ်ဖို့ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ညီမလေးကလည်း နှစ်အတော်အကြာ ပေပေတေတေ ညစ်ညစ်စုတ်စုတ်နေခဲ့တဲ့ ကျနော်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လူဖြူစကားပြောရာမှာ အသံထွက်နဲ့ အရေးသားတွေဟာလည်း မှန်အောင် တည့်မတ်ပေးတယ်။ ညီမလေး ဆိုးသမျှ သည်းခံရှာ တဲ့ ယောက်ဖတော်လေး။

ငယ်ငယ်စဉ် ကနေ အခုထိ လူဖြစ်အောင် ကျွေးမွေး မျှဝေခဲ့တဲ့ အဒေါ်တွေ၊ အားပေး နှစ်သိမ့်ခဲ့တဲ့ ဦးလေးတွေ လည်း ရှိခဲ့တယ်။

ဆူစရာရှိ ဆူ ဆဲစရာရှိဆဲ ပြင်စရာရှိ ပြင် ပေးခဲ့ရတဲ့ ကျနော်ဘယ်လောက် အမှားတွေ လုပ်လုပ် ဘယ်လောက် ညံညံ ကျနော်ကို ဆွဲခေါ် တွဲခေါ်ခဲ့တဲ့ ဆရာသမားတွေရှိတယ်။

ဆိုးဖော် ဆိုးဖက် အင်းစိန်က သူငယ်ချင်းတွေ မန္တလေးကသူငယ်ချင်းတွေ၊ ကသာ က သူငယ်ချင်းတွေ၊ ယုံကြည်ရာတစ်ခု အတူပြုစုခဲ့တဲ့ မုံရွာက ရဲဘော် ရဲဘက် သူငယ်ချင်းတွေ၊ တောကနေ ရန်ကုန်ပြန်ရောက် ပြည်တော်သစ်ကို ထုဆစ်ဖို့ လူငယ်တစ်စုနဲ့ တွေ ပရဟိတ အလုပ်တွေ ဒေသဖွံ့ဖြိုးရေး လူငယ်ဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေကို အတူလုပ်ခဲ့တဲ့ ရဲဘော်တွေ၊ ရိုးရာပုံပြင် ထိန်းသိမ်းရမယ်ဆိုတဲ့ အသိနဲ့ ပုံပြောပြီး အားငယ်နေသူ အားနည်းနေသူ ကလေးတွေ လူငယ်တွေ လူကြီးတွေ အတွက် စိတ်ဓာတ်ခွန်အားတွေပေးခဲ့ တဲ့ ပုံပြောသူ သွေးသောက်တွေ လည်းရှိတယ်။

ဒီအဖေ ဒီအမေ ဒီညီမ ဒီလိုချစ်သူ ဒီလိုသူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေနဲ့ အတူနေခွင့် ရှင်သန်ခွင့် ရတဲ့ ၂၇ နှစ်တာ ကာလ ဟာ ကျနော်အတွက် အားရကျေနပ်စရာ ဝမ်းမြောက်စရာပါ။ သူတို့တွေရှိနေတဲ့ ကျနော် ဘဝ ဟာ သာယာလှပါတယ် ပျော်စရာအထိပါပဲ။ ကျနော် ၂၇ နှစ်တာ သူတို့တွေနဲ့ အတူ ရှင်သန်ခွင့်ရတာ ကျနော်အတွက် ကုသိုလ်ကံထူးကြီးပါပဲ။ သူတို့နဲ့ အတူ ရှင်သန်ခဲ့တဲ့ နေရက်တွေကို ဂုဏ်ယူတယ်။

ကျနော်မွေးနေ့မှာ Facebook ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ ဖုန်းတွေဆက် မက်ချေ့်တွေပို့ မင်္ဂလာ စကားပြောကြတဲ့ ဆွေတော်မျိုးတော်တွေ ဘော်ဒါတွေ အားလုံး အားလုံးကို အထူး အထူး ကျေးဇူးပါလို့ ပြောချင်ပါတယ်။

ကျန်နေသေးတဲ့ အသက်တာမှာ လူသားအကျိုး လောကအကျိုးအတွက် တာဝန်များကို နိုင်သလောက်တော့ သယ်ပိုးပါအုန်းမယ်။ မနိုင်တော့လည်း ပစ်ချတာပေါ့ဗျာ 😛

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s