နေနှင့် နဂါး မျိုးနွယ်များ ဆီ ၁

ရွှေပလောင် ငွေပလောင် တောင်ခြေနန်းမှာနန်းမှာ

မြူမှောင်ဝေသန်းကာ သန်းကာ

ရဗန်မြန်း[i]ကိုတော့ လှမ်းကြစို့ ညီညီညာ

ခရမ်း[ii]အဆန်းကိုတော့ ဒီတန်း[iii]ကလွယ်မှာ လွယ်မှာ

ဟေ့ ဟေ

ကြည်နူးစရာ ပျို့တို့ ပတ်မြန်း[iv]မှာ

မြန်းရှုပီ[v]ရွှေဖီဦး ပျော်မြုးဆွတ်ခူးမှာ။

                                       (ဒါရိုက်တာဦးမြင့် ပလောင်မင်္ဂလာဆောင် ဆောင်းပါးမှ)

ရှမ်းပြည်နယ် မြောက်ပိုင်းသို့

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း သိန်းစိုးကကျနော်ကို ရှမ်းမြောက်(ကွတ်ခိုင်)ကို သွားဖို့ ပြောလာတော့ အတော်လေး ပျော်မိတယ်။ ဆရာဘိုကတော့ကျနော့် ကျန်းမာရေးကြောင့် သိပ်ပြီး ဝေးဝေးလံလံ မသွားစေချင်။ နောက်ရဲဘော်ဆွေစင်က သွားမှဖြစ်မယ်ပြောလာတော့ကျနော် ကွတ်ခိုင်သွားဖို့ အကြောင်းဖန်လာတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ကို အရင်ထဲကသွားချင်ရောက်ချင်နေပေမဲ့ အကြောင်း ကြောင်းကြောင့် မသွားဖြစ် အခုတော့ ကွတ်ခိုင်နယ်တအာင်း(ပလောင်) ဘုန်းတော်ကြီး တွေ အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးသင်တန်းကိုသွားကူရမှာဆိုတော့ ပျော်ပျော်ကြီးကို ခရီးထွက်လာဖြစ်တယ်။

ရှမ်းပြည်မြောက်ပိုင်းကို ကျနော်သိပ်သွားချင်တဲ့အကြောင်းအရင်း ၃ ခုရှိတယ်။ ဒါတွေကတော့ – မရောက်ဖူုးလို့၊ ရှမ်းမြောက်ဗုဒ္ဓဘာသာလူငယ်များနဲ့ဆုံချင်လို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် စွမ်းစွမ်းတမံလုပ်နေတဲ့ လူမူအကျိုးပြုသာသနာ့ဝန်ဆောင် ဆတော်တွေကို ဖူးချင်လို့ ဒီလို လိုအင်ဆန္ဒတွေပြည့်ဝဖို့ ကျနော် ရှမ်းမြောက်ကိုခရီးထွက်ခဲ့ပါတယ်။

သွားသာသွားရတယ် စိတ်ထဲတော့ ခပ်လန့်လန့်မသွားခင် အဲဒီဒေသရောက်ဖူးတဲ့ သူငယ်ချင်းပြောကြတယ် ပစ်နေခတ်နေကြတယ်၊ ကားခဏခဏမှောက်တယ်လမ်း အတော် ကြမ်းတယ်တယ်ဆိုတဲ့  အားပေးစကားတွေကြားပြီးသကာလ အားအင်အပြည်နဲ့ ကြောက်ကြောက်လန့်လန့် ခရီးထွက်ခဲ့ပါတယ်။

စီးတဲ့ကားက ရန်ကုန်က ထွက်ခါစမှာပဲ ဘီးပေါက်တယ်။၁၁၅ မိုင်မှာ ရပ်တော့ ညစာ စားပြီး အိပ်လိုက်တာ နံနက် ၅ နာရီ လောက်မှ နိုးတယ်။ အပြင်ကိုကြည့်တော့ မှောင်မှောင်မဲမဲ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလဲ မသိ။ ဖုန်းလိုင်းကလည်းမမိ ဖုန်းမှာ ပါတဲ့ GPS ကိုဖွင့် နောက် Map with me app ကို ဖွင့်ကြည့်တော့မှ သီပေါနားရောက်မှန်းသိရတယ်။ နောက် ၈ နာရီခွဲ လောက် သန်းနီ နားမရာက်ခင် ကားက ခရောင်းကြီး ပြုတ်ကြတယ်။အားလုံးဆင်းပြီး ပြင်ရတယ်။ ခရောင်းပြုတ်တာ လွယ်လွယ်နဲ့ ပြန်ကောင်းမဲ့ပုံမပေါ်တာနဲ့ ဖြတ်သွားတဲ့ကားကိုတားပြီး ကွတ်ခိုင်ကို ခရီးဆက်ခဲ့တယ်။

ကွတ်ခိုင်

ကွတ်ခိုင်ရောက်တော့ ၁၁ နာရီ ရှိပြီ နံနက်စာမစားရသေးတော့ဗိုက်ကဆာဆာနဲ့ အောင်ချမ်းသာ ထမင်းဆိုင်ထဲကြည့်တော့ ထမင်းဆိုင်ပုံစံ တည်ခင်းပုံက အဆန်းဘူဖေးပုံစံ ဟင်းတွေက အများကြီး ထမင်းနဲနဲယူ ဟင်းများများတည့်စားလိုက်တာ ဗိုက်ပြည့်သွားမှရပ်တော့တယ်။ လာကြိုမယ့် ရဲဘော်ဦးအိုက်လွန်း နဲ့ တွေပြီး သင်တန်းလုပ်မဲ့ ပန်လော့ရွာကိုဆိုင်ကယ်နဲ့ ဆက်သွားရပြန်တယ်။

ကွတ်ခိုင်မြို့ကို ဝင်ဝင်ချင်း တွေရမှာကသိပ်လှတဲ့ တောင်သုံးဆယ် လွိုင်ဆမ်စစ်ပဲ။ အရင်က လွိုင်ဆမ်စစ်ဆိုတာ စာသောက်ဆိုင်နာမည်လောက်တာသိတာ။ အခုတော့တော့ လွိုင်ဆမ်စစ် ကို အရှင်လတ်လတ်ကြီးကို တွေလိုက်ရပြီ။ လှလိုက်တဲ့ လွိုင်ဆမ်စစ်။တောင်ခြေမှာက ထင်ရှုးတော စိမ်းအုပ်အုပ်၊ စွင့်စွင့်ညာညား ဝံဝံစားစားတည်နေတဲ့ တောင် အလုံး၃၀ ပြာတာတာလဲတဲ့တဲ့ ကောင်းကင် သိပ်လှတာပဲ။ ဒီတောင်တွေ ဒီတောတွေ ရာမဇာတ်ထဲက ဟာနုမာန်က တောင်ကို အလုံးလိုက်ခွာယူ သလို ကျနော်လည်း လွိုင်ဆမ်စစ်ကို ခွာယူ ချင်လိုက်တာ။

ပန်လော့ရွာကိုမူဆယ်-လာရိုးလမ်းဘေး လွိုင်ဆမ်စစ်တောင်ခြေနဲ့ မျက်နှာချင်းဆိုင် ကာလိုင်လမ်းခွဲကနေသွားရတယ်။ ကတ္တရာကျောက်ခင်းလမ်းက ကာလိုင်အထိပဲ ပန်လော့ဆက်သွားချင်ရင်တော့ မြေလမ်းပဲရှိတော့တယ်။ပန်လော့ရွာမရောက်ခင် ကာလိုင်ရွာက ၅ ရက်ဈေးပတ်နဲ့ ကြုံလို့ ဈေးထဲ လျောက်ကြည့်မိသေးတယ်။၅ ရက် ဈေးပတ်တွေက ရှမ်းပြည်တောင်ပိုင်းက ပုံစံနဲ့ သိပ်မကွာလှဘူး။ ဒီကာလိုင်ဈေးမှာတော့ဒေသထွက်သီးနုံတွေ အပြင် အောက်ပြည်က ငါးပိ ငါးခြောက်တွေပါတွေရတယ်။ နောက်တရုတ်မုန့်တွေတရုတ်ပစ္စည်းတွေ ကို ဈေးထဲလှိုင်လှိုင် ရောက်ကြဝယ်ကြတယ်။ လွယ်လွယ်ဝယ် လွယ်လွယ်သုံး မဖြစ်အောင်၅ ရက်မှ ဈေးတခါဝယ်တဲ့ ၅ ရက်ဈေးစနစ်လေးကို အတော် သဘောကျမိတယ်။

ပန်လော့ရွာ

ပန်လော့ရွာက ကွတ်ခိုင်မြို့နယ်ထဲံမှာရှိတဲ့ တအာင်း(ပလောင်)ရွာအထဲ အကြီးဆုံးပဲ အိမ်ခြေ ၁၅၀ လောက်ရှိတယ်။တအာင်းစာပေ လှုပ်ရှားမှုတွေ တက်တက်ကြွကြွလုပ်တဲ့ ရွာလည်းဖြစ်တယ်။ ရှမ်းပြည်မြောက်ပိုင်းရဲ့ အကြီးဆုံးပြဿနာ တစ်ခုဖြစ်တဲ့ မူးယစ်ဆေးဝါး ပြဿနာကို တိုက်ဖျက်ရေးမှာ သံဃာတော်တွေပါလာအောင်ဦးဆောင် ဆောင်ရွက်ခဲ့တဲ့ ဆရာတော်ဦးစန္ဒာဝရ( အခုတော့ လူထွက်ပြီး PLA အဖွဲ့ဝင်ဖြစ်နေတယ်)ရဲ့ ဇာတိရွာ လည်း ဖြစ်တယ်။

ပန်လော့ရွာကိုရောက်တော့ ရွာလယ်မှာ ဘုန်ကြီးကျောင်းက ခန့်ခန့်ညားညား ကျောင်းအဝင် လမ်းမှာ တအာင်းအလံနဲ့သာသနာ့အလံနဲ့ စီစီရီရီလေးရှိတယ်။

သိပ်လှတဲ့ ရွာလေး။

ဘုန်းကြီးကျောင်းကိုရောက်တော့ ရဲဘော်ဆွေစင်နဲ့ကျောက်ထပ်ဆရာတော်တို့ ကို တွေ့တယ်။ ကျောက်ထပ်ဆရာတော်က မကွေးတိုင်း ကျောက်ထပ်ရွာမှာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဆရာတော် တစ်ပါး အခု တအာင်းသံဃာသင်တန်းအတွက်လာကူညီတာကို တွေ့ရတော့ အရမ်းဝမ်းသာတယ်။ ဆရာတော်က မဟာဂန္ဓာရုံထွက် ဆရာတော်နဲ့တွေတိုင်းမဟာဂန္ဓာရုံ ဆရာတော်အကြောင်းပြောလိုက် ဗုဒ္ဓတရားတော်တွေအကြောင်းပြောလိုက် ဒေသ ဖွံ့ဖြိုးရေးအကြောင်းပြောလိုက်နဲ့ မပြီးနိုင် မစီးနိုင် ပြောစရာမကုန် ဆိုစရာမခမ်းပဲ။ ဆရာတော်ဦးစီးနေတဲ့ ဦးချစ်မောင်စာကြည့်တိုက်က မကွေးတကြော စာအုပ်အများဆုံးလို့ ဆိုကြတယ်။

 

 

[i]လက်ဖက်ခြံ

[ii]ပလိုင်း

[iii]အမ

[iv]လက်ဖက်ဖူးမယ်

[v]ရွှေဖီဦးလက်ဖက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s