နေနှင့် နဂါး မျိုးနွယ်များဆီ ၂

သင်တန်းဝယ်

ပန်လော့ရွာကျောင်းရောက်တော့ သင်တန်းသားဘုန်းဘုန်းတွေကဆွမ်းစားနားနေကြလို့ မတွေ့ ရသေးဘူး။ ဘုန်းဘုန်းတွေအများစုက ကွတ်ခိုင်နဲ့ အနီးတဝုက်ရွာတွေကကျောင်းထိုင်ဆရာတော် တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာဝန်ဆောင်ပြီး တာဝန်ယူနေရတယ်။ ဒီပန့်လောရွာကျောင်းက ဆရာတော်တစ်ပါးက သီရိလင်္ကာကနေ မာစတာရတဲ့ ဆရာတော်တောင်ရှိတယ် (အဲဒီဆရာတော်က နောက်ပိုင်းတအာင်းဒေသမှာမူးယစ်ဆေးဝါးပပျောက်စေဖို့ လူဝတ်လဲပြီး တအာင်းတပ်မတော်တဲ့ ဝင်သွားတယ်လို့သတင်းကြားတယ်)

ထူးထူးခြားခြား တအာင်း ပလောင်ဘုန်းတော်ကြီးတွေကြားဘုန်းဘုန်းတစ်ပါးကတော့ ရေဦးက အညာသားဘုန်းဘုန်းတစ်ပါးပါ သင်တန်းလာတက်တာတွေ့တယ်။ ဒီကိုယ်တော်က  ကျောက်ထပ်ဆရာတော်ဘုန်းဘုန်းနဲ့ အတူတူလိုက်လာပြီးသင်တန်းတက်ချင်လို့ ကိုယ်စရိတ်နဲ့ ကိုယ်လိုက်ပါလာတဲ့ ကိုယ်တော်တဲ့။ ဘုန့်းဘုန်းအားလုံးတအာင်းလူမျိုးတွေ ဗမာဆိုလို ရေဦးက ဘုန်းဘုန်းတစ်ပါးပဲပါတယ်။ တအာင်းဘုန်းဘုန်းတွေကတစ်ပါးနဲ့ တစ်ပါး စကားပြောရင် တအာင်းလို ပြောတော့ ဗမာကိုယ်တော် နဲနဲ အနေကျပ်နေတော့မြန်မာလိုပြောပေးဖို့ တောင်းပန်လျောက်ထားရတယ်။ ဆွေဇင်က ဘုရားရိုခိုးပြတော့မှ ဘုန်းဘုန်းတွေသံသယရှင်းတော့တယ်။

ကျနော်တွေးမိတာကတော့ ခရစ်ယာန်ဖြစ်ရင်ကော ဘာဖြစ်မှာမို့လို့လဲ။ မြန်မာပြည်ကသာသနာ့ဝန်ဆောင်ဆရာတော်တွေအနေနဲ့ ဘာသာခြား လူမျိုးခြားတွေနဲ့ လူမှုရေး အရ စပ်နွယ်ပတ်သက်မှုနဲနေတာဟာ ပြည်ထောင်စုသား အချင်းချင်းအထင်မြင်လွဲမှုတွေ နားလည်မှုလွဲမှုတွေရဲ့ အကြောင်းရင်းတစ်ခုပဲလိုတွေးမိတယ်။

ဆရာတော်တွေဘုန်းဘုန်းတွေ က အရမ်းတက်ကြွတယ်။ သင်ယူချင်စိတ်ကလည်း ပြင်းလှတယ်။ ဘုန်းဘုန်းတွေကိုငြိမ်းချမ်းရေး သင်တန်း ဘာကြောင့် လာပေးရတာလဲ ဆိုတာ ဆရာတော်တွေရင် ထဲက မေးခွန်းတစ်ခုပါ။နောက်တော့ ဘုန်းဘုန်းအားလုံး သဘောပေါက်သွားကြတယ်။ ရပ်ရွာဒေသတွေ ငြိမ်းချမ်းအောင် ဖွံ့ဖြိုးလာအောင်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ သာသနာဝန်ဆောင် ဘုန်းဘုန်းတွေ ရဲ့ ကဏ္ဍဟာ အရေးကြီးတာကို ဘုန်းဘုန်းတွေကိုယ်တိုင်သိမြင်လာကြတယ်။ ကချင်ကနေ သင်တန်းမှာ လာကူတဲ့ သူငယ်ချင်းဆွေဇင် ကို ကချင်ကဆိုတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ဘူးဆိုပြီးဘုန်းဘုန်း အများစုထင်မြင်ကြတယ်။

ညအခါ

ညဘက်ရောက်တော့ လွန်ခဲ့တဲ့ ၄နှစ် ၅ နှစ်လောက်က ကျနော်တို့(ပပ၊ဆရာဘို၊)သင်တန်းပေးခဲ့တဲ့ သင်တန်းသူဟောင်း စိုးစန္ဒာအိမ်ကို လည်ဖြစ်တယ်။ သူက ယောကျာင်္းရပြီး သားတစ်ယောက်ရဲ့မိခင်ဖြစ်နေပြီ။ ဟိုးအရင်ကလို ကလေးဆန်ဆန် မျက်နှာမဟုတ်တော့ဘူး ရင့်ကျတ်တဲ့ မိခင်တစ်ယောက်ဖြစ်နေပြီ။

သူနဲ့အတူ ရေနွေးကြမ်းသောက် မုန့်တွေစားပြီး တအာင်းတွေအကြောင်း ရပ်ရွာအကြောင်းနဲ့ တအာင်းသူငယ်ချင်းတွေ အကြောင်းစကားတွေ ပြောဖြစ်တယ်။

ပန်လော့ရွာက တိုက်ပွဲခဏခဏဖြစ်တဲ့နေရာ လွန်ခဲ့တဲ့ တစ်လကတိုက်ပွဲငယ်လေးဖြစ်ပြီး မြန်မာ စစ်တပ်က ရဲဘော် နှစ်ယောက်ကျသွားတယ်တဲ့။ ကျနော်ပြန်ပြီးနောက်တစ်နေ့မှာလည်း တိုက်ပွဲ ထပ်ဖြစ်တာ နောက်မှပြန်သိရတယ်။ ကွတ်ခိုင်နယ်က ကချင်နဲ့ရှမ်းပြည်နယ်နဲ့ နီးစပ်တာမို့ တိုက်ပွဲတွေဟာ ဝေးဝေးတစ်ခါဖြစ်လိုက် နီးနီတစ်ခါ ဖြစ်လိုက်နဲ့သိပ်မထူးဆန်းတော့။ ကချင်နဲ့ မြန်မာစစ်တပ်တိုက်လိုက် တအာင်းတပ်နဲ့ မြန်မာတပ်နဲ့ချလိုက်ပြည်သူစစ်နဲ့ ဆော်လိုက်နဲ့ တဗုန်းဗုန်းတစ်ဒိုင်းဒိုင်း ခြိမ့်ခြိမ့်သဲသဲရှိလှတယ်။

ဒီဘက်ဒေသက ပြည်သူတွေ ဘဝက ခါးတော့ ခါးလှတယ်။ စိုက်ရေးပျိုးရေးအတွက်မြေအတော်အများကို အာဏာရှိသူတွေနဲ့ သူ့အပေါင်းအပါတွေက ရယူထားကြတယ်။ နယ်မြေလည်း မအေးချမ်းတော့လုပ်ကိုင်စားသောက်လို့ မကောင်းတဲ့ အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုက အတော်များလာတော့ အပူပေါ်အပူဆင့်တာပေါ့။

တအာင်းကလေးတွေ လူငယ်တွေ နဲနဲလေး အရွယ်ရောက်လာတာနဲ့ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း တွေမှာ သွားထား တာများလှတယ်။ ရန်ကုန် မန္တလေး က စာသင်တိုက်ဘုန်းကြီးကျောင်း သီလရှင်ကျောင်းတွေမှာ တအာင်း ပလောင် မရှိတဲ့ ကျောင်းဟာ ခပ်ရှားရှားဖြစ်နေပြီ။ဘုန်းကြီးကျောင်းသား အတော်များဟာလည်း တအာင်း ပလောင်တွေများတယ်။

ကလေးတွေရဲ့ ကျွေးမွေးဖို့ ခက်ခဲတာမို့ စားစရိတ်လည်းသက်သာ ကံကောင်းပြီး ပါရမီရှိရင် ဆတော်ကြီး သာသနာ့ဝန်ဆောင်တွေ ဖြစ်ရင်ဖြစ် မဖြစ်ရင်တောင်မြန်မာစာတတ်ရင် အမြတ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့တာများတယ်။

နေနဲ့နဂါး မျိုးနွယ်များ (တအာင်း)

တအာင်း(ပလောင်) တွေ ယုံကြည်ချက်အရ တအာင်း လူမျိုးတွေဟာအမေ နဂါး အဖေ နေနတ်သား ဆီကနေ မွေးဖွားလာသတဲ့။ ပအိုပ်းလူမျိုးတွေကလည်း အမေနဂါး အဖေ ဇော်ဂျီကနေ ဆင်းသက်လာတယ် ယုံကြည်ကြတာကို သတိရတယ်။ တအာင်းလူမျိုးတွေ ယုံကြည်ကြပုံကတော့-

 

နေနတ်သားနှင့် နဂါးနတ်သမီး[i]

ရှေးလွန်လေပြီးသောအခါက အလွန်တရာတောမြိုင်ထူထပ်လှသော နေရာတစ်ခု၌
ချောင်းတစ်ချောင်းသည် ရေစီးသာယာလှ၏။ ကြာဖြူကြာညိုကြာငါးမျိုးနှင့် ပတ်ဝန်းကျင်
တောတောင်တို့မှာ အလွန်သာယာလှ၏။ ထိုနေရာတွင် လူသားများ မရှိပေ။ တောတောင်ထူ
ထပ်၍ သားရဲတိရစ္ဆာန်များပြားသောဒေသလည်း ဖြစ်ပေသည်။

တစ်နေ့သောအခါ နဂါးပြည်မှ နဂါးနတ်သမီးတစ်ပါးသည် မယ်တော်ခမည်းတော်တို့ထံ
လူ့ပြည်သို့သွားရောက်လည်ပတ်ခွင့်တောင်း၍ လူ့ပြည်သို့လာလေတော့၏။ထိုအချိန်နှင့်တချိန်
တည်းတွင် အရွယ်ရောက်သော နေနတ်သားသည် နေနတ်မင်းကြီးထံ ခွင့်ပန်၍ ဖူးစာဖက်ရှာရန်
ကောင်းကင်မှ လူ့ပြည်သို့ဆင်းသက်လာလေ၏။
နေနတ်သားသည် လူ့ပြည်သို့ ရောက်၍ လူ့အသွင်ဖြင့် တောအထပ်ထပ် တောင်အ
ထပ်ထပ်တွင် လှည့်ပတ်နေသည့်အချိန်၌ အလွန်သာယာသောလှသည့် ရေချောင်းကမ်းဘေး
တွင် နဂါးနတ်သမီးသည် သီချင်းတကြော်ကြော်နှင့် သာယာသောအသံဖြင့် သီဆိုနေလေ၏။
ထိုအသံရှင်ကို ရှာ၍ တွေ့ဆုံနှုတ်ဆက်ကာမျှနှင့် နေနတ်သားနှင့်နဂါးနတ်သမီးတို့သည် ဘဝအ
ဆက်ဆက်က ရေစက်ကြောင့် တစ်ဦးနှင့်တစ်ဦး ချစ်ကျွမ်းဝင်အိမ်ထောင်ဘက် ပြုကြလေတော့
၏။

နေနတ်ဘုရင်နှင့်နေနတ်မိဖုရားတို့သည် နေနတ်သား အိမ်ထောင်ဘက်ပြုသူမှာ လူ
သားမဟုတ်ဘဲ နဂါးဖြစ်ကြောင်း မိမိတို့သား သိစေရန် တမန်တော်လွှတ်ပြီးခေါ်ခိုင်းလိုက်လေ
သည်။ သားတော်ပြန်ရောက်လျှင် နေနတ်ဘုရင်က သားတော်၏ဇနီးမှာ လူသား မဟုတ်၊ နဂါး
ဖြစ်သည်ဟုပြောပြ၏။ အကြောင်းစုံကို သိနိုင်ရန် ¤င်း၏ဇနီးနဂါးနတ်သမီးအိပ်ပျော်နေခိုက်
နေနတ်တိုင်းပြည်မှ ဤထင်းရှူးနက်ကို မီးညှိပြီး ထိုအလင်းရောင်ဖြင့် ကြည့်လျှင်နဂါးမင်းသမီး
၏နဂိုရုပ်အတိုင်း မြင်ရလိမ့်မည်ဟု အမိန့်ရှိကာ ထင်းရှူးနက်ကိုင်းငယ်တခုကိုပေးလိုက်လေ
၏။

နေနတ်သားသည် မိမိ၏ဇနီးန၈ါးနတ်သမီးအိပ်မောကျအောင် အိပ်ပျော်နေသည်ကို
ဘယ်အခါမှ မတွေ့ပေ။ နေနတ်သားသည် နေ့စဉ် ချောင်းမြောင်းလာရာမှ န၈ါးနတ်သမီးသည်
ကိုယ်ဝန်အရင့်အမာ ရှိလာပြီး တစ်နေ့သော ညတစ်ညတွင် အလွန်အိပ်မောကျသွားလေ၏။
ချောင်းနေသော နေနတ်သားလည်း မိမိယူလာသော နေနတ်တိုင်းပြည်မှ ထင်ရှူးနက်ကို
မီးညှိပြီး ချောင်းကြည့်ရာ ပကတိအတိုင်း န၈ါးအသွင်ပေါ်လာသောကြောင့် မိမိဇနီးသည်အား
ချက်ချင်းနှိုး၍ အကြောင်းစုံမေးလေတော့၏။

န၈ါးနတ်သမီးလည်း မိမိ၏ဇာတိရုပ်အစစ်အမှန်ကို ခင်ပွန်းသည်သိသွားပြီဖြစ်၍ မှန်
ရာကို ဖွင့်ပြောမှ တော်တော့မည်ဟု စဉ်းစားကာ လက်အုပ်ချီပြီးလျှင် ”မောင်တော်ဘုရားမောင်
တော်ဘုရားတွေ့မြင်ရသည့်အတိုင်းပါဘဲ၊ နှမတော်မှာ န၈ါးစင်စစ် ဖြစ်ပါတယ် မောင်တော်
ဘုရား၊ မောင်တော်ဘုရား ပေးလိုသောအပြစ်ကို နှမတော်ခံဘို့သာရှိပါတယ်”ဟု ဖွင့်ဟဝန်ခံ
လေ၏။ ”နှမတော်မှာ ယခင့်ယခင်အခါက အိပ်မောကျအောင် တစ်ခါဘူးမှ မအိပ်ရဲခဲ့ပါ၊ ယခု
အခါ နှမတော်မှာ ကိုယ်ဝန်အရင့်အမာရှိသည့်အတွက် အိပ်အပျော်လွန်သွားသောကြောင့် နှမ
တော်၏ဇာတိရုပ်ပေါ်ရခြင်း ဖြစ်ပါတယ်ဘုရား”ဟုလည်း ဆက်၍ပြောပြန်သည်။
ထိုအခါ နေနတ်သားသည် န၈ါးနတ်သမီးအပေါ် အပြစ်မပေးလိုသည့်အပြင် ပိုပြီးသ
နားပြန်၏။ ထို့ကြောင့် ”အေးကွယ် မောင်တော်က မသိလို့ မထင်ခဲ့လို့မေးတာပါ၊ ယခုနှမ
တော်မှာ လူစင်စစ် မဟုတ်ဘဲ န၈ါးနတ်သမီး ဖြစ်နေခြင်းမှာ အမှန်ကို သိရပါပြီ”ဟုပြန်ပြော
လေသည်။


တစ်နေ့သောအခါ  နေနတ်သားသည်  မိမိ၏၈ုဏ်ကို  ဖေါ်လို၍ န၈ါးနတ်သမီးအား
”မောင်တော်ရဲ့အမျိုးအနွယ်ကော နှမတော် သိရဲ့လား” ဟုမေးလေ၏။ ထိုအခါ န၈ါးနတ်သမီး
က ”မောင်တော် ဘယ်လိုပြောပါသလဲ၊ မောင်တော်မှာ နေနတ်တိုင်းပြည်က နေနတ်သားမဟုတ်
ပါလား မောင်တော်။ မောင်တော်၊ နှမတော်မှာ လူ့ပြည်၌သာ လူအဖြစ် အမြဲနေလိုပါတယ်၊ ဤ
သားသမီးတွေကို ပြုစုပြီးနေလိုပါတယ်၊ နှမတော်နှင့်မောင်တော်၏ဇာတိကို ပယ်ပြီးလူစင်စစ်
ဖြစ်နိုင်သည့်ဆေးဝါးကို နေနတ်တိုင်းပြည်မှ ယူပေးပါ”ဟုပူစာလေသည်။ ဤသို့နှင့်သားတော်
နှင့်သမီးတော် ကလေးများမှာ ၇-နှစ်အရွယ်သို့ ရောက်လေတော့၏။ ထိုအခါ န၈ါးနတ်သမီး
နှင့်သားသမီးငယ်များကို  လူသူရှိသောနေရာတွင်  ထားခဲ့ပြီး နေနတ်သားမှာမူ  မိမိချစ်ဇနီးထာဝရ
လူသားဖြစ်ရန် ဆေးဝါးရှာဘို့ နေနတ်တိုင်းပြည်သို့ ပြန်တက်သွားလေ၏။ သို့ရာတွင် နေနတ်
တိုင်းပြည်သို့ ရောက်သောအခါ နေနတ်ဘုရင်၏တာဝန်များကို ထမ်းဆောင်နေရသောကြောင့်
လူ့ပြည်သို့ ပြန်မဆင်းနိုင်၊ သားမယားတို့ကိုကား အမြဲသတိရပြီးလွမ်းဆွတ်ပူဆွေးနေလေသည်။
တစ်နေ့သောအခါ နေနတ်သားသည် နေနတ်တိုင်းပြည်မှနေ၍ နတ်မျက်စိတန်ခိုးနှင့်
လူ့ပြည်ကိုကြည့်လိုက်ရာ မိမိသားတော်နှင့်ဇနီးသည် နတ်န၈ါးမင်းသမီးတို့တိုင်းပြည်တစ်ပြည်ထူ
ထောင်နေသည်ကို တွေ့ရှိရ၍ များစွာ ဝမ်းသာဝမ်းနည်းဖြစ်မိလေ၏။

နေနတ်သား ဝမ်းသာသည်မှာ လူ့ပြည်တွင် မိမိ၏အမျိုးအနွယ် ကျန်ရစ်နေပြီး ကမ္ဘာ
တည်သမျှ တည်နေမည်ကို သိရ၍ဖြစ်သည်။ ဝမ်းနည်းသည်မှာ မိမိသည် မလွှဲမရှောင်သာနိုင်ဘဲ
နေနတ်ဘုရင်၏တာဝန်အသီးသီးကို ထမ်းဆောင်နေရ၍ လူ့ပြည်သို့မဆင်းနိုင်ခြင်းကြောင့် ဖြစ်
သည်။

ထိုအခါ နေနတ်သားသည် လူ့ပြည်၌ ကျန်ရစ်နေသည့် မိမိဇနီးနှင့်သားမြေးတို့ လိုရာ
တ၍ ရနိုင်ကြစေရန် နေနတ်သားတစ်ပါးကို ကျီးဖြူအသွင်ဆောင်စေ၍ ပတ္တမြားတစ်လုံးကို
ကိုက်ချီကာ လူ့ပြည်ရှိ န၈ါးနတ်သမီးထံ ပေးစေ၏။ ထိုအိတ်တွင် ”လိုရာတ,ရစေနိုင်သည့်
မနောမယပတ္တမြား”ဟု ရေးမှတ်ပေးလိုက်ပေသေးသည်။

ကျီးဖြူအသွင်ဆောင်လာသော နေနတ်သားသည် နေနတ်မင်း၏လက်ဆောင်ပတ္တ မြား
ကို ယူဆောင်၍ လူ့ပြည်သို့ ဆင်းလာလေ၏။ လူ့ပြည်ရောက်၍ န၈ါးနတ်သမီးနေသည့်တိုင်း
ပြည်သို့ ရောက်လေသော် တောအုပ်အတွင်း၌ လူ့ပြည်မှ ကျီးများ သာသာယာယာ သာနေသော
အသံကိုကြား၍ ထိုနေရာသို့ ဝင်ရောက်သောအခါ မုဆိုးများ အမဲသား ခွဲစိတ်နေသည်ကိုတွေ့၍
မိမိပါလာသော ပတ္တမြားအိတ်ကို သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲပြီး အခြားလူ့ပြည်မှကျီးများနှင့်အ
တူ အစာဝင်စားလေရာ မုဆိုးများ ထောင်ထားသော ထောင်ချောက်တွင် မိလေတော့၏။ မုဆိုး
များက ကျီးအသီးသီးကို ဖမ်းယူရာတွင် နေနတ်သားခိုင်းသော ကျီးဖြူသည် မည်သူ့ကိုမှ၈ရုမ
ပြု၊ မိမိမှပါလာသော သစ်ပင်ပေါ်ရှိ အိတ်ကိုသာ ၈ရုပြုလှမ်းကြည့်နေသောကြောင့်မုဆိုးများက
သစ်ပင်ပေါ်ရှိ အိတ်ကိုသာ ၈ရုပြုလှမ်းကြည့်နေသောကြောင့် မုဆိုးများက သစ်ပင်ကိုလှမ်း၍
ကြည့်ရာ အိတ်တစ်ခုကို တွေ့၍ ¤င်းအိတ်ကို ယူကြည့်ရာတွင် ပတ္တမြားကိုတွေ့ကြ၏။မုဆိုးများ
လည်း ထိုပတ္တမြားကိုယူထားပြီးသော် ပတ္တမြားအစားအမဲ၏အစာအိတ်မှအစာဟောင်းများကို
ထည့်ပြီး ¤င်းကျီးထားခဲ့သည့်သစ်ပင်ပေါ်မှ နေရာတွင် ပြန်ထားလိုက်လေ၏။ ထို့နောက် ထို
ကျီးဖြူကို လွှတ်လိုက်ကြ၏။

နေနတ်မင်းခိုင်းသောကျီးသည်  လွှတ်သည်နှင့်  တပြိုင်နက် မိမိအိတ်ကို  ယူဆောင်၍
န ၈ါးနတ်သမီးရှိရာသို့ ပြန်သွားသည်။ န၈ါးနတ်သ္မီးကိုတွေ့လေလျှင် နေနတ်သား၏ လက်ဆောင်
ကိုပေးလေ၏။ န၈ါးနတ်သမီးမှာ များစွာအားရဝမ်းသာ၍ ယခုမှစပြီး ငါ့သားသမီးများနှင့်အ
တူ လူစင်စစ်ဘဝဖြင့် စိတ်ချစွာ နေရတော့မည်ဟု ဝမ်းသာမဆုံးတော့ပေ။ ¤င်းနောက် အိတ်ကို
ဖွင့်ကြည့်ရာ စာတမ်းတစ်ခုကို တွေ့ရ၏။ ”ဤပတ္တမြားသည် လိုရာတ,၍ ရနိုင်သော မနောမယ
ပတ္တမြားဖြစ်ပေသည်၊ လူသားအလိုကို ပြည့်စုံအောင်ပေးနိုင်ပေ၏”ဟုပါရှိသည်။ ထိုအခါ န၈ါး
နတ်သမီးသည် ပိုပြီးဝမ်းသာလေ၏။ အိတ်ကို ဖွင့်ကြည့်လိုက်သောအခါတွင်ကား အမဲမစင်ကို
သာ တွေ့ရသောကြောင့် အထူးဝမ်းနည်းသွားလေ၏။ န၈ါးနတ်သမီးသည် မိမိဇာတိရုပ်ကို မိမိ
သားသမီးများ သိမည်စိုးရိမ်၍ ဒေါသမထွက်မိအောင် သတိထားပြီး”သြော် . . . ငါ့ကိုလူ့ပြည်မှာ
ပစ်ထားပြီး နေနတ်တိုင်းပြည်ရောက်တော့ အချစ်ပိုမလာဘဲ အနှိပ်စက်သာ ပိုလာပါကလား”
ဟုဆိုကာ ဝမ်းနည်းပြီး မျက်ရည်များ ကျလေသည်။

န၈ါးနတ်သမီးသည် ဝမ်းနည်းပူဆွေးသော်လည်း မည်ကဲ့သို့မှ ကြံ၍မရသည့်အပြင်
နေနတ်သားပို့လိုက်သည်ဆိုသော ပတ္တမြားဆိုသည်ကို စဉ်းစားမိတိုင်း ပိုပြီးဝမ်းနည်းနာကြည်း
၍သာနေလေသည်။

ထိုကဲ့သို့ နေ့စဉ်နှင့်အမျှ ဝမ်းနည်းနေချိန်မှာ န၈ါးပြည်မှတမန်တော်များရောက်လာပြီး
ပြန်ချိန်တန်ပြီဟု အကြောင်းကြားသည့်အတွက် မိမိ၏သားသမီးချွေးမ မြေးတို့ကိုစုရုံးရောက်
စေပြီးလျှင် မိမိမှာ လူ့ပြည်မှခွဲရတော့မည် ဖြစ်သည့်အကြောင်း ပြောပြ၏။မိမိတိုတို့၏ဘဝ
ဇာတ်ကြောင်းကို နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့သော်လည်း ယခုအခါဖွင့်ပြောရမည့်အချိန်
သို့ ရောက်ပေပြီဟုဆိုကာ ဇာတ်ကြောင်းကိုအစမှ အဆုံးပြန်လည်ပြောပြလေသည်။
သား၊ သမီး၊ ချွေးမ၊ မြေးတို့အား မိမိမှာ န၈ါးပြည် နတ်န၈ါးမျိုးမှ န၈ါးမင်းကြီး၏
သမီးဖြစ်သည်၊ မြေးတို့အဘိုး၊ သားတို့သမီးတို့ ဖခင်ကမူ နေနတ်သားဖြစ်သည်ဟု အစချီကာ
တစ်ညလုံးမအိပ်ဘဲ ပြောပြပြီးနောက် ”သားများက အဝတ်စတစ်ခုခုယူပြီး ခေါင်းပေါ်ရစ်ပတ်
ထားပါ၊ မိန်းကလေးများက အဝတ်အစား အစင်းစင်းဝတ်ပြီး ခေါင်းပေါ်မှာ တစ်ခုခု တင်ထား
ကြပါ”ဟုပြောလေသည်။ အမိန၈ါးမ၏အမောက်အထိမ်းအမှတ်အဖြစ် ထားကြရန် မှာကြား
သည်များ ဖြစ်လေသည်။

နောက်တစ်နေ့နံနက် မိုးသောက်အလင်းသို့ ရောက်သောအခါ ကြာမျိုးငါးပါးနှင့် ပြည့်
စုံပြီး အလွန် သာယာလှပသည့် ရေချောင်းရှိရာသို့ န၈ါးမင်းသမီးသည်မိမိသားသမီးချွေးမနှင့်
မြေးတို့ကို ခေါ်ဆောင်သွားလေ၏။

ရေချောင်းသို့ရောက်သော် မယ်တော်န၈ါးသမီးက ”ယခုမှ
စပြီး ငါမှာကြားလိုသည်မှာ ငါတို့ရဲ့အမျိုးအနွယ်များသည် ယောကျာ်းမှန်လျှင် အမိ ကိုသတိရပြီး
ခေါင်းပေါ်မှအဝတ်ပတ်ကာ ပန်းပွားအဖြစ် ထုတ်ထားပါ၊ (ပန်းပွားသည် နေနတ်သားကိုဆိုလို
၏) မိန်းမများကမူ အစင်းအစင်းပါသောအဝတ်ကို ဝတ်ပြီး ခေါင်းပေါ်မှာ အဝတ်တစ်ခုကို
တင်ထားပါ၊

ထို့ပြင် ယခုအချိန်မှစပြီး သားတို့သမီးတို့ မြေးတို့မြင်သည့်အတိုင်းမှတ်သားပြီး
အမျိုးသမီးများက ဝတ်ဆင်ကြပါ”ဟုဆိုကာ ရေသို့ငုံ့လျှိုး၍ ဦးခေါင်းကိုသုံးခါဖေါ်ပြီးနောက်
ပျောက်ကွယ်သွားပေသည်။

၁။ ခေါင်းပေါင်းခြင်းသည် န၈ါးခွေ၏အဓိပ္ပါယ်။
၂။ ပန်းပွားသည် နေနတ်သား၏ အဆက်အနွယ်ဆိုသော အဓိပ္ပါယ်။
၃။ အဝတ်အစင်းစင်းအနီရောင်သည် န၈ါး၏အကြေး။
၎။ ခေါင်းပေါ်အဝတ်တင်ခြင်းသည် န၈ါးခွေနှင့်အမောက်

[i]လူထုဦးလှ (ပလောင်ပုံပြင်များ) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s