နေနှင့် နဂါး မျိုးနွယ်များဆီ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း ဗုဒ္ဓဘာသာလူငယ် (Northern Shan State Buddhist Youth (NSSBY))

မနက်ခင်းရောက်တော့ ပန်လော့ကျောင်းမှာ မနက်စာစားပြီး ကွတ်ခိုင်မြို့နားက ခိုလုံရွာက ခိုလုံကျောင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဗုဒ္ဓဘာသာလူငယ်တွေနဲ့ အစည်းဝေးလုပ်ဖို့ ရှိတာမို့ မနက်စာစားပြီးတာနဲ့ ခိုလုံကျောင်းကို ခိုလုံဆရာတော်ရဲ့ကားနဲ့ ထွက်လာခဲ့တယ်။ ခိုလုံရောက်တော့ ကျောင်းမှာ NSSBY အဖွဲ့ဝင်တွေ ရောက်နေကြပြီး အချို့အဖွဲ့ဝင်တွေကိုလည်း သိတယ်။ အချို့ကြတော့လည်း ကျနော်မသိတဲ့ မျက်နှာသစ် မျိုးဆက်သစ် အဖွဲ့ဝင်တွေ။

NSSBY အဖွဲ့တွေရဲ့ လုပ်ခဲ့တဲ့ အလုပ်တွေ ကို ပြန်ကြည့်တော့ သင်တန်းတွေ၊ ဟောပြောပွဲလှုပ်ရှားမှုတွေ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ကို ပြန်လည်သုံးသပ် ကြတယ်။ ၄ နှစ် ၅ နှစ်ကာလအတွင်း NSSBY အတိုင်းအတွာနဲ့ကြည့်ရင် လုပ်ခဲ့ ပြီးမြောက်ခဲ့တဲ့ အလုပ်တွေ ကမနည်း။

စိုက်ပျိုးရေးသင်တန်းဆင်းထားတဲ့ NSSBY မျိုးဆက်သစ်တွေဆိုရင် ကွတ်ခိုင်နှစ်ခြင်းအသင်းတော် နဲ့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနဲ့ ညအတူ ပေါင်းပြီး စိုက်ပျိုးရေးသင်တန်းတွေ ပြန်ပေးနေတာ ကြားရတော့ ဝမ်းသာလှတယ်။ ငါတို့ ဗုဒ္ဓဘာသာလူငယ်တွေ ကိုယ်ချည်းမဟုတ်ပဲ အခြားဘာသာရေး အဖွဲ့တွေနဲ့ လက်တွဲလုပ်ကိုင်နိုင်ပြီဟေ့ ဆိုပြီး ဥဒါန်းတောင် ကျုးမိတယ်။

မြောက်ပိုင်းရောက်နေတဲ့ တောင်ပိုင်းအင်းသား

ကျနော်တို့ အဖွဲ့ကပေးတဲ့ လူငယ်သင်တန်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် နယ်မြေဒေသ လူမျိုး မတူတဲ့ လူငယ်တွေ သင်တန်းမှာတွေ့ဆုံပြီး ရင်းနိုီးနားလည်မှုတွေ အရိုန်မြင့်ပြီး ချစ်သူရည်းစား ဖြစ်နောက်တော့ လင်မယားဖြစ်တဲ့ စုံတွဲတွေ အတော်များတယ်။ အဲဒီအထဲ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးက အင်းသား စောဝင်နောင် နဲ့ ရှမ်းပြည်မြောက်ပိုင် ကွတ်ခိုင်က အေးကြာတို့ စုံတွဲလည်းပါတယ်။ ကျနော်လည်း ရောက်တုန်းရောက်ခိုက် ဆံထုံးနောက် သျှော်ပါလာတဲ့ သူငယ်ချင်းရဲဘော်ကြီး စောဝင်းနောင်တို့ အိမ်ကိုရောက်ခဲ့တယ်။ အေးကြာက နေ့စေ့လစေ့ မွေးခါနီး ဖွားခါနီး ရင်သွေးလေးကိုလွယ်လို။ စောဝင်နောင်ကတော့ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုမှာ ကျေးရွာကော်မတီဝင်ဆိုပဲ။ သင်တန်းတွေတက်၊ အလုပ်သင်လုပ်၊ စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ အတွေ့ကြုံတွေက သူကို ကျေးရွာကော်မတီဝင် ဖြစ်ဖို့ လောက်ကို အေးအေးဆေးဆေး ထောက်ပံနေတယ်။ တအာင်းရွာထဲမှာ လည်လည်ဝယ်ဝယ် အင်းသား တစ်ယောက် ရှိနေတာ ရွာအတွက်လည်း ကောင်းတာပေါ့။ ရွာမှာ ကျောင်းပြန်ဆောက်ဖို့ သူကြိုးစားနေတယ်။ ရွာလူကြီးတွေကလည်း တစ်ခုခုဆို သူကိုလာတိုင်ပင်တယ် အကြံဥာဏ်တောင်းတယ်။ ငါတို့ရဲဘော်တွေ ဘယ်နေရာရောက်ရောက် ရပ်ရွာအကျိုးပြုနေတာပဲ ဆိုပြီး ပျော်မိတယ်။

လုလင်ပြန်တော့ ပြန်လေတော့

စောဝင်းနောင်တို့ အိမ်မှာ အေးကြာနဲ့ စကားပြောလိုက် စောဝင်းနောင်နဲ့ စကားပြောလိုက်နဲ့ အချိန် အတော်ကုန်သွားတော့ စကားစဖြတ်ပြီး ကားဂိတ်ကို ဆင်းခဲ့တယ်။ စောဝင်းနောင်တို့ အိမ်ကနေ ကားဂိတ်အထိ လမ်းပေါ်မှာ တအာင်းဒေသ ငြိမ်းချမ်းပါစေ ဆုတောင်းရင်းနဲ့ မြင်မြင်သမျှရှုခင်းတွေက နှမြောနေမိတယ်။ သစ်ပင် သစ်တောတွေ တောင်တန်းတွေ စမ်းချောင်းလေးတွေ ကျေးဌက်လေးတွေ ဖော်ရွှေလှတဲ့ သူငယ်ချင်းတွေ ရိုးသား ဖြူစင်လှတဲ့ တအာင်းရဲဘော်တွေ ဒါတွေနဲ့ ဝေးရာ သစ်ရွက်ခြောက်လေးတွေတောင် ချစရာ မြေမရှိရာ အရပ်ဒေသဖြစ်တဲ့ ရန်ကုန်ကို ကျနော်ပြန်ခဲ့တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s