ပုံပြဇာတ်တော်ကြီးဆယ်ဘွဲ့ (၁၁ အုပ်ပေါင်းချုပ် ပြန်လည်ရိုက်နှိပ်ခြင်း)

ပန်းချီကျော်ဖြူစံ
စိတ်ကူးချိုချိုစာပေ
၂၀၁၆ သြဂုတ်လ
ရောင်းဈေး တစ်အုပ် ၇၀၀၀ ကျပ် (နှစ်အုပ် ၁၄၀၀၀)
အနယ်နယ်အရပ်ရပ်က ဆရာတော်တွေနဲ့ စကားပြောဖြစ်တယ်။ ဆရာတော်တွေ ညည်းကြတယ် စိုးရိမ်ကြတယ်။ ခေတ်ကာလသားသမီးတွေ ဘာသာတရားကိုင်းရှိုင်းမှုလျော့နည်းလား သတဲ့။ ဘာသာရေး စာပေတွေ ဖတ်ရှုတာ နည်းလာသတဲ့။ ကလေးတွေ အတွက် ဘာသာရေးစာပေတွေ နည်းတယ်။ ဘုရားဒကာ ကျောင်းဒကာတွေ အတွက် ဟောတဲ့တရားများပေမဲ့ ကလေးတွေအတွက် ဘာသာရေးနဲ့ အနေဝေးသူတွေ အတွက် ဟောတဲ့ တရား ရှိသော် ရှိညား ရှားလှတယ်။
ရှေးရှေးဆရာတော်ကြီးများဖြစ်တဲ့ လယ်တီဆရာတော်ဆို ပရမတ္တဒီပနီလို အဆီအနှစ် မြင့်ပေ့ ခက်ပေ့ နက်နဲလှတဲ့ ကျမ်းကြီးကျမ်းခိုင်များကို ရေးခဲ့သလို သုံးလူရှင်ပင် လို ပါဠိတစ်လုံးမပါ မြန်မာစာ သက်သက်နဲ့ ကလေးသူငယ်တွေ နားလည်ရလွယ်ကူအောင် ရေးသားခဲ့တဲ့ နမူနာကောင်းတွေ ရှိပြီးသား။ ခက်နေနဲ့ အရာတွေ ခက်အောင်လုပ်တာ လွယ်ပေမဲ့၊ ခက်နေတဲ့ အရာတွေ လွယ်လုပ်ဖို့ ကြ ခက်လှတယ်။
လွယ်ကူကူ နားလည်လွယ်မဲ့ ဘာသာရေးစာအုပ်တွေ အများအပြားလျိုလျိုထွက်လာပေမဲ့ ရေးလာပေမဲ့ ရှေးရှေး က ဆရာသမားတွေ ရဲ့ လက်ရာကို မမှီတာတော့ အမှန်။
အင်္ဂလိပ်စာလေ့လာဖို့အတွက် ဂန္ဒဝင်စာပေဖြစ်တဲ့ ရှိတ်စပီးယားစာတွေ ကို မူလတန်းအဆင့်နဲ့ ဖတ်လို့ လွယ်အောင်လုပ်ထားကြတယ်။ အလယ်တန်းအဆင့် ဖတ်ဖို့လည်းရှိတယ်။ အထက်တန်း အဆင့် ဖတ်ဖို့လည်းရှိတယ်။ တက္ကသိုလ်ရောက်တော့ တကယ်မူရင်း အတိုင်း လေ့လာဖို့ လည်း ရှိတယ်။ ကျနော်တို့ ဆီမှာ မူလတန်းဖတ်ဖို့ ဦးပုညစာ တွေ မရှိ။ မြန်မာ့ ဂန္ဓဝင် စာပေတွေ ကို ကလေးတွေ လေ့လာနိုင်ဖို့ ကြိုးစားအားထုတ်တာ ရှားမှ ရှားတယ်။ ရှိပြန်တော့လည်း ကောင်းတာ ရှားတယ် ပေါလောရှောလော တွေများတယ်။
ဒီလို ရှားမှ ရှားထဲ က ကလေးတွေ အတွက် မြန်မာဂန္ဒဝင်စာပေလည်းဖြစ် ဗုဒ္ဓစာပေလည်း ဖြစ်တဲ့ ဆရာပန်းချီ ကျော်ဖြူစံရဲ့ ပုံပြဇာတ်တော်ကြီး ဆယ်ဘွဲ့​ စာအုပ်ဟာ ရေရှားတဲ့ ကန္ဒာရ လွင်ထီခေါင်းက ရေချိုတွင်းလေး ဆိုရင်လည်း မမှား။ ငယ်ငယ်က အမေ နဲ့ အဖေ ကျေးဇူးကြောင့် ဆရာကျော်ဖြူစံ ဆွဲတဲ့ တေ ၊ ဇ၊ သု၊ နေ၊ မ ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဆိုတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကို သရုပ်ဖော်ထားတဲ့ ရုပ်ပြစာအုပ်ကို ဖတ်ခွင့်ရခဲ့တယ်။
ဒီစာအုပ်ကျေးဇူး ကြောင့် ကျောင်းသင်ရိုးမှာ မဟော်သဓာဇာတ်ပါလာတော့ လွယ်လွယ်ကူကူဖြစ်ခဲ့ရတယ်။ အမှာစာတွေက လည်း ဦးသုခ၊ လင်းယုန်မောင်မောင်၊ ဦးရန်အောင်၊ ဒဂုန်တာရာ နဲ့ သုဝဏသာမဇာတ်မှာ ဆို မင်းကွန်းတရာတော်ရဲ့​တရားချီး ကော်နှုတ်ချက်လေးတောင်ပါသေး။ မြန်မာဟန် တစ်ကြောင်းရေး ပုံလေးတွေနဲ့ လိုင်းတွေက နွဲ့နှောင်းနှောင်း ရေးထားတဲ့ စာကလည်း ပုံပြောပြတဲ့ ပုံစံလေး ည အိပ်ရာဝင်တိုင်း ကလေးတွေကို ဖတ်ပြဖို့ သိပ်ကောင်းတဲ့ စာအုပ်လေးပါ။
ဒါကြောင့် သူငယ်ချင်း ကလေး အမေ တွေ အဖေ တွေ က သူတို့ ကလေးအတွက် စာအုပ်ညွှန်းပေးပါလို့ ပြောလာတိုင်း ဒီ ဇာတ်ကြီး ၁၀ ဘွဲ့ ရုပ်ပြကို ညွန်းဖြစ်ပါတယ်။ ညွှန်းသာ ညွှန်းရတယ် စာအုပ် ၁၁ တွဲက အရင်က ရှာရခက်လှတယ် ကျနော်မှာ စုထားသမျှ ၅ အုပ်လောက်ပဲရှိတယ်။ အပြင်မှာရှားတော့ ကျနော်စာအုပ်တွေကို မျက်စောင်းထိုးမှာ ကြောက်လို့ ရဲရဲ မညွန်းရဲ။ အခုတော့ ရဲရဲကြီး ညွန်းရဲပြီ အပြင်မှာ ဝယ်ရင်လည်း အလွယ်တကူ ရနိုင်ပြီ။
စိတ်ကူးချိုချိုစာပေ က ၁၁ အုပ်တွဲကို ပေါင်းချုပ် နှစ်အုပ် အဖြစ် ထုတ်ဝေလိုက်ပါပြီ။ ကတ်ထူအဖုံး စာရွက်ကောင်းကောင်းနဲ့ စုစုစည်းစည်း လုပ်ထားတော့ အတော်လေး လှပ သေသပ်တယ်။ မူရင်းဝတ္ထု မင်းဘူးဆရာတော်ဦးသြဘာသ စာကို ကလေးတွေ နားလည်လွယ်အောင် ပြန်ဆိုရေးသားပေးတဲ့ စာရေးဆရာတွေ နာမည်ကို တစ်စုတည်းဖော်ပြပေးထားတယ်။ တစ်စုတစည်းတည်း ဆိုတော့ သိမ်းဆည်းရလည်း လွယ်ကူတယ်။ ကျနော် ဒုတိယအကြိမ်မူ မှာ လိုအပ်ချက်ဆိုလို့ အရင် ပထမမူမှာတည်းက ဆရာမုတ်သုံ ဆွဲပေးထားတဲ့ ဇာတ်တစ်ဇာတ်ချင်းဆီကို ခြုံငုံဖော်ပြထားတဲ့ သူဟန့် အတိုင်း မင်နဲ့ ခြစ်ထားတဲ့ လက်ရာလေးတွေ မပါတာကလွဲ။ မြန်မာမူနဲ့ ဗုဒ္ဓစာပေကို ကလေးတွေ နဲ့ နီးစပ်စေလိုသူတိုင်း
ဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်း ရွှေလက်တို့လိုက် ပါတယ်။
မောင်ဥဂ္ဂါ (12:22pm-12 sep 2016)
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s