ဖျားလို့ရပြီ

တကယ်တမ်းတော့ ရွှေဘိုကို စသွားထဲက သိပ်အခြေအနေမကောင်းလှ ဆက်တိုက်သွားထားတဲ့ ခရီးရယ် ပူလိုက် အေးလိုက် ရာသီဥတုရယ် နဲ့ တွေ့ရ ကြုံရတော့ အတော်ကြီးပန်းနေပြီ ဒါပေမယ့်လည်း အားကြိုးမာန်တက် လုပ်နေတဲ့ ကိုယ့်ဆရာတော်တွေရဲ့ အလုပ်မို့ ငြင်းလို့မရခဲ့။ ဒါနဲ့ပဲ ရွှေဘိုကို ခရီးဆက်ခဲ့တယ်။ ရွှေဘိုရောက်တော့ တွေ့စရာရှိတဲ့သူနဲ့တွေ လုပ်စရာရှိတာလုပ်ပြီး ညနေပိုင်း သင်တန်းစခဲ့တယ်။ နောက်တစ်ရက်ကြ ထင်ထားသလောက်မပူပေမယ့် အပူရိုန်ကတော့ ရှိတယ်။ ဘယ်ခြေထောက်က ကားစီးတာ ကြာလို့ သွေးဆင်းသလိုဖြစ်ပြီး ရောင်နေတယ်။ ဘယ်ခြေဖမိုးပေါ်မှာ အနာက ရင်းသထက် ရင်းလာတယ်။ တစ်နေ့တာ သင်တန်းချိန်ပြီးတော့ ဖယ်ခုံဘုန်းဘုန်းနဲ့ သင်တန်းကို လွှဲခဲ့ပြီး မနက်ဖြန် ရန်ကုန်အစည်းဝေးတက်ဖို့ သွားခဲ့တယ်။ နေပူပူမှာ အကြာကြီးနေခဲ့ပြီး ကားလေအေးပေးစက် ကြောင့် အေးစက်စက်တုန် နေတဲ့ ကားထဲ ဝင်ထိုင်လိုက်တော့ ခန္ဓာကိုယ်က ပူလိုက် အေးလိုက် လူက ဖျားချင်ချင် ဒါပေမယ့် ဖျားလို့မရသေးဘူး ကားပေါ်မှာ လမ်းပေါ်မှာ……………..
ရန်ကုန်ရောက်တော့ နံနက်ခင်း လင်းလုလုမလင်းခင် စီးလာတဲ့ ကားက ကြိုပို့ စီစဉ်ပေးမယ် ကြိုပို့ စီးမယ်ဆို ဆင်းဆိုတဲ့ အသံကြောင့် ကားပေါ်ကဆင်းခဲ့တယ်။ နံနက်စောစော ဆင်းဆင်းချင်း ခံစားရလိုက်တာ အပူလှိုင်း ကြီး မနက်ခင်းဒီလို အပူမျိုး တစ်ခါမှ မခံစားဘူး အပူတွေ လှိုင်းလို လိမ့်တက်လာသလို တလိမ့်တလိမ့်နဲ့ ကြို့ပိုကား အဆင်သင့်ဖြစ်တဲ့ အထိ မိနစ် ၃၀ လောက် ထိုင်စောင့်ရတယ်။ အပူလှိုင်းပုတ်တာကို ငြိမ့်ငြိမ့်လေးခံပြီး နောက်ပိုင်း ကြိုပို့ယာဉ်က AC ဖွင့်ထားပြန်တယ် သိပ်မအေးပေမယ့် အပူလှိုင်းထဲက လူအတွက် နဲနဲ သက်သာသလိုရှိတယ်။ ကြိုပို့ကားစီးရင်း ဖျားချင်ချင်ဖြစ်လာတယ် ဒါပေမယ့် ဖျားလို့ မရသေးဘူး လမ်းပေါ်မှာ ကားပေါ်မှာ………….
အိမ်ရောက်တော့ အထုတ်တွေ အကုန်ပစ်ချ အားကုန်နေတဲ့ ဖုန်းကို အားသွင်းကြိုးရှာ မတွေ့ စိတ်ညစ်ညစ်နဲ့ ထိုးအိပ်လိုက်တာ မနက် ၁၂ နာရီ ညီမလေးအော့ကျိနဲ့ ကျော်ဇင်သန့် တံခါးခေါက်သံကြောင့်လောက်မှ နိုးတယ်။ သူတို့ က ဒီနေ့ နေလည် ၁ နာရီ အစည်းဝေးရှိတာ ကို အကြောင်းမကြားပဲ အိပ်နေမိတော့ စိတ်ပူပြီး လာကြည့်ကြတာ။ အော့ကျိတို့ ရောက်လာမှာ ကမန်းကတန်း ရေချိုး အဝတ်ပြီး ရုံးတက်ဖို့ ပြင်ရတော့တယ်။ လူကတော့ အားနည်း နေတာလိုလို ဖျားချင်တာ လိုလို ဒါပေမယ့် ဖျားလို့ မရသေးဘူး အစည်းဝေး ရှိသေးတယ်။
ရုံးရောက်တော့ အစည်းဝေးမှာ ပါဝင်ကြမယ့် ကျနော် Supervisor မယ်ပ ကိုလံဘီယာရဲဘော်ကြီးဝူရီယံ နဲ့ မူကယန်းတို့ က ကျနော်ကို ကြည့်ုပြီး နင် အစည်းဝေးမတက်ရင်မ တက်နဲ့တဲ့။ ကျနော်က ရောက်ခဲ့ပြီးမှတော့ ပြန်မလှည့်ချင် အိမ်ပြန်ဖို့ အားတောင် သိပ်မရှိလှတော့ အစည်းဝေးကို လျောင်းက္ကရိယာပုတ်နဲ့ မျှမျှတတ နေမယ် ပြန်ပြောမှ သူတို့လက်ခံကြတယ်။ လျောင်းနေတော့ အိပ်ချင်ချင်ဖြစ်လာတယ်။ မယ်ပရဲ့ စွာစွာ စွာစွာ အသံ ဝူရီယံရဲ့ အော်ကျယ်အော်ကျယ် အသံ မူကယန်းရဲ့​ ဝါးပိုးဝါးသံ အဲဒီသာယာဖို့ကောင်းတဲ့ အသံပေါင်းစုံတို့နဲ့ ထုံလွှမ်းသော ဗြိတိသျှ စကား အာရုံပြုရင်း ငိုက်စပြုလာတယ်။ မျက်လုံးတွေ ပူလာပြီး ခေါင်းတွေ ရီဝေရီဝေဖြစ်နေတယ်။ ဖျားချင်လာတော့ ရဲဘော်အပေါင်းက နဖူးကို ရေခဲအုပ်ပေးကြတယ်။ ဖျားလို့တော့ မဖြစ်သေးဘူး ရုံးပေါ်မှာ အစည်းအဝေးထဲမှာ…………..
နောက်ဆုံး ရုံးက ညီမလေးအောကျိ ညီလေးကျော်ဇင်သန့် တို့က ဆေးခန်း လိုက်ပို့ကြတယ်။ ဆရာဝန်ကတော့ ပြောပါရဲ့​အဖျား က ၁၀၂ တဲ့ သွေးထဲ သကြားဓာတ်တွေနည်းနေ သတဲ့။ ဖျားတော့မယ် ဆိုတာ သိတော့သိသားပဲ ဒါပေမယ့် ဖျားလို့မဖြစ်သေးဘူး။ သူများဆေးခန်းမှာ…….
သကြားဓာတ်နည်းတာတော့ တခါမှဖြစ်ဖူးဘူး အဲဒါကြောင့် အောကျိက ကြေးအိုးဝယ်တိုက်တယ်။ ကြေးအိုသောက် ဖျော်ရည်သောက်ပြီး နဲနဲ အားရှိလာသလိုတော့ ခံစားရတယ်။ လူကတော့ ထူထူထောင်ထောင် မဖြစ်သေးဘူး။ ဖျားတော့မယ်ဆိုတာ တော့ သိတယ် ဖျားလို့တော့ မဖြစ် ကြေးအိုးဆိုင်ကြီးမှာ……………..
ဒီလိုနဲ့ အောကျိတို့ ရုံးပြန်ကြတယ်။ ကျနော်တော့ အမေဆီသွားတယ်။ အမေဆီရောက်တော့ လူတွေ အများကြီး အစည်းအဝေးလုပ်နေတယ်ထင်ရဲ့။ အိပ်ယာထဲ ခေါင်းထိုးဝင်လိုက်တယ်။ အမေက ဆေးတိုက်တယ်။ ကျနော်ဖျားလို့ရပြီ ဘာဖြစ်လို့လဲဆိုတော့ အမေဆီရောက်ပြီလေ။
မောင်ဥဂ္ဂါ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s