မေမေ မွေးနေ့ အတွက်

မာတာ အမေ မဟာ မေမေ ဘယ် ဘက် က တလှည်းကြဲ ပြီး ညာဘက် က တစ်ဆုပ် မမျော်ခဲ့ဘူး အိမ်လည်ကြုးတဲ့သား ပေမိုက်မှုးတဲ့ သား အတွက် ကြင်နာ မေတ္တာ ဝေ ခဲ့တဲ့ အမေ။     အမေ မွေးနေ့ မှာ သား ကန်တော့ ပါတယ် အမေ     …………………………………………………………………………………………………………………………………   အမေ အမေ   အမေ အမေ အသံလေးကိုက အရသာရှိ မေတ္တာတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်ထဲက ပဲတင်သံတွေလေ အမေ အမေ သားသမီးကို ကိုယ်ထက်မက ချစ်တဲ့ သူ အမေဆိုတဲ့ အသံလေးကို နူတ်က…

Rate this:

သား မင်းကြီးလာရင်

သား မင်းကြီးလာရင် ငါ့ မိဘတွေက ဗုဒ္ဓဘာသာမို့ ဒီဘာသာကို မင်းလိုက်ကိုးကွယ်စရာမလိုဘူး   သား မင်းကြီးလာရင် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဘာကြီး ညာကြီး ဖြစ်စရာ ဖြစ်စရာမလိုဘူး   သား မင်းကြီးလာရင် ပညာမတတ်ရင် ပင်ပန်းတယ်တို့ ဘာတို့ မြန်မာဇာတ်ကားတွေထဲကလိုလဲ ငါမပြောမှာမဟုတ်ဘူး။   မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာ မင်းဘာသာသိ မင်းဘာသာလုပ် မင်းဘာသာ တွေးခေါ်မျှော်မြင် လွတ်လွတ်လပ်လပ် လူသားဖြစ်ယောက်ပဲ လုပ်ပါ။   အဲ ………………… နောက်ဆုံး သားကို ပြောချင်တာ က လွတ်လပ်တဲ့ သူဖြစ်ရမယ် ဆိုတဲ့ အတွေးနဲ့ လည်း မလွတ် မလပ် မဖြစ်စေချင် ဘူး သား။   P.S : ကလေးသူငယ်ပညာရေးနဲ့…

Rate this:

အ ေ မ

အမေ အမေ အသံလေးကိုက အရသာရှိ မေတ္တာတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်ထဲက ပဲတင်သံတွေလေ အမေ အမေ သားသမီးကို ကိုယ်ထက်မက ချစ်တဲ့ သူ အမေဆိုတဲ့ အသံလေးကို နူတ်က ရွတ်ဆိုလိုက်တိုင်း အင်အားတွေ ပြည်သွားသလိုပဲ အမေအမေ ယုံကြည်ရာကြောင့် အလည်တစ်ခေါက်ရောက်ခဲ့တဲ့ နရသိန်က သားတွေ လွတ်မဲ့ချိန် စောင့်ကြိုနေမဲ့ အမေ အမေအမေ ယုံကြည်ရာ လုပ်ဆောင်နေတဲ့ သားတွေ ကို အဲဒါ ကျမ သားလို့ ရင်ကော့ ခေါင်းမော့ ပြောဆိုနေတဲ့ အမေတွေ အားလုံး ကို ကန့်တော့ပါတယ် အမေရေ။   ရဲဘော်ပိုင်စိုးဦး(ပြည်သူခေတ်) ရေးထားတဲ့ ငိုစရာမျက်ရည်မရှိတော့တဲ့ အမေများ  ကို ဖတ်ပြီး ခံစားမိသွားလို့ ရေးထားတာပါ

Rate this:

မျက်မှောက်လောက (သို့) ယစ်ကောင် ၂၁ အတွက် ယစ်ကောင် တစ်ကောင်

ကဗျာတော် ကဗျာကြိုက်ပါတယ် ကြိုက်သလို ဖတ်လည်း ဖတ်တယ်။ နောက် သူငယ်ချင်းတွေ နဲ့ မူးရင် ကဗျာ လက်တန်းလွတ်တာမျိုးတွေ ဘာတွေ လုပ်တယ်။ ကဗျာဆို အဟောင်းကော အသစ်ကောအကုန် ကြိုက်တယ်။ ဘာမှညာမှ ကျွန်တော်မှမရှိ နောက် သူငယ်ချင်းတွေ ကို သူကဗျာကိုယ်ကိုပြ ကိုယ်ကဗျာ သူကိုပြ ရတာ အရသာ ဒီဆောင်း၊  ဇေယျ၊ သိုးစိမ်း၊ အိမ်မက် စတဲ့ ဘော်ဒါတွေ နဲ့ ကဗျာအကြောင်း ပြောနေကြ ဖလှယ်နေကြ။ အခုလည်း သူငယ်ချင်း သိုးစိမ်းက ကဗျာ နှစ်ပုဒ် ဖတ်ဖို့ ပို့ လိုက်ပြန်သည်။ ဒီအထဲက တစ်ပုဒ်……… သူကဗျာဟာ သူအတွင်းစိတ်မလိုမကျမှု၏ ညည်းထွားသံ။ သဘာဝပတ်ဝန်းကျင် အတွက် ငိုကြွေးသံ ရိုးရာဓလေ့တို့နဲ့ သူ၏…

Rate this:

ချစ် မုန်း သံသရာ

အသက်ရှုသွင်း ရှုထုတ် ဒီအလုပ်တွေ လုပ်ရတာ မောနေပြီ ရှင်သန်ခွင့် ကြီးထွားခွင့်တွေ မရပ်တန့် လိုတာ မရ ရတာမလို စိတ်တွေ က ဟိုလိုလို ဒီလိုလို ကရောက်ဂယက် ချစ်တွေလည်း မရှိ အမုန်းတွေ လည်း မရှိရာ မှာပဲ ရှင်သန်ချင်လိုက်တာ……….. ကြီးထွားနေတာ ရပ်ပါတော့ ရှင်သန်နေတာ ရပ်ပါတော့ ရှင်သန်ခွင့် ကြီးထွားခွင့်တွေ မယူပါရစေနဲ့။ မချစ် ပါရစေနဲ့ မမုန်းမရစေနဲ့။ငါ ချစ်လိုက် ငါ မုန်းလိုက် လို့ ငါတည်ရှိနေတာပါ။ လောကမှာ ငါဆိုတာ မတည်ရှိ ချင်တော့ပါ။ ငါ နဲ့ ဝေးရာ ငါ ချုပ်ငြိမ်းပါရစေသား…….…. အိုး ရှင်သန်နေတာ ပင်ပန်းလိုက်တာ အိုး လှုပ်ရှားရတာ မောလိုက်တာ အိုး အနှစ်မဲ့နေတဲ့…

Rate this:

ခင်ဗျား ကျွန်တော်ရေးတဲ့ စာကို ဖတ်နေတာလား

ခင်ဗျား ကျွန်တော်ရေးစာကို ဖတ်နေတာလား။ ဒါကိုဖတ်လို့ အကျိုးတစ်ခုခုရ မယ်ထင်လို့ ဖတ်နေတာလား ။ဒါဆိုမဖတ်နဲ့နော် ကျွန်တော်ရေးတဲ့ စာက ခင်ဗျားကို ဘာအကျိုးမှရှိအောင် လုပ်ပေးမှာမဟုတ်ဘူး။   ခင်ဗျား ကျွန်တော်ရေးတဲ့စာကို ဖတ်နေတာလား ဒါကိုဖတ်လို့ တစ်ခုခု သိမယ်ထင်လို့ ဖတ်နေတာလား  ဒါဆိုမဖတ်နဲ့ စာရေးတဲ့ ကျွန်တော် ကိုယ်တိုင် ဘာမှ မသိဘူး။   ခင်ဗျား ကျွန်တော်ရေးတဲ့စာကို ဖတ်နေတာ ဒါကို ဖတ်လို့ တစ်ခုခု တတ်သွားမယ် ထင်လို့ ဖတ်နေတာလား ဒါဆို မဖတ်နဲ့ နော် ကျွန်တော်ကိုယ်တိုင် ဘာမှ မတတ်ဘူး။   ခင်ဗျား ကျွန်တော်ရေးတဲ့ စာကို ဖတ်နေတာလား ဒါကိုဖတ်လို့ အပျင်းပြေမယ် ထင်လို့ ဖတ်တာလား ဒါဆို မဖတ်နဲ့နော် မဖတ်နဲ့…

Rate this:

သွားနှင့်ပါဆရာ

ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနက ဌာနမှုး ဆရာဦးအောင်သန်းဦး ကျွန်တော်တို့ ဆရာ ဆုံးပါးသွားတော့ ဆရာကို နှမြောလို့ ဆုံးရှုံးခဲ့ရလို့ ရေးခဲ့တဲ့ ကဗျာလေးပါ လှည်းတန်းမှာ ထိုင်ရင်း သူငယ်ချင်း ဇေယျာ အတူ လက်တန်းလေးခဲ့တဲ့ ကဗျာလေး ပါ ဆရာကို ပြန်သတိရလို့ တင်လိုက်တာပါ ကဗျာ ခေါင်းစဉ်က သွားနှင့်ပါ ဆရာတဲ့……………… သွားနှင့်ပါဆရာ ရာမညတစ်ဆောင်လုံးတိတိဆိတ် ကန်တင်းက လက်ဘက်ရည်ခွက်လေး ဆရာကိုလွမ်းနေတယ်။ မှန်းမရတဲ့ လူဘ၀အသက်တာ တွေကြုံရမဲမရဏာ။ သွားနှင့်ပါ ဆရာ ပါမောက္ခဆိုတာ လုံခြုံးရေးမှုးတဲ့လား ရိုးသားတဲ့ အပြုံးနဲ့ ဆရာကြိုးစားခဲ့ အားလုံးအတွက်ပေါ့ မုန်တိုင်ထဲက ဖယောင်းတိုင်လေး မှိန်မှိန်လေးဖျော့ နေတယ်။ သွားနှင့်ပါဆရာ ဘ၀ဆိုတာ လွမ်းစရာတွေချည်းပဲမဟုတ် ဆရာသမိုင်းကြောင်း ကောင်းခဲ့ပါတယ်လေ။ သွားနှင့်ပါဆရာ ပင်းယဆောင်ရှေ့  ကပန်းလေးတွေ…

Rate this: