ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်ထွက်တာနဲ့ ပတ်သက်ပြီး မှတ်မိသလောက်ဆို ငယ်ငယ်က မေမေ သုံးဆယ်စိုက်-သိပ္ပံမှာ ရှိတုန်း သုံးဆယ်ဈေးထဲ အမေသွားရင် လိုက်နေကျ။ ဈေးက တစ်ပတ်နေမှ တစ်ခါ လောက်သာ ထွက်ရတာ။ စိုက်-သိပ္ပံထဲမှာက စားဖို့သောက်ဖို့ အတော်အများ ရှိပြီးသား၊ မွေးမြူရေးခြံ ကနေ ကြက်ဥနဲ့ နွားနို့ရတယ်။ ဝန်ထမ်း ဆန်လည်းရတယ်။ ဟင်းသီးဟင်းရွက်တွေက လည်း ဝန်ထမ်းဆရာ/မတွေ စိုက်ထားပျိုးထားတာတွေ အပုံကြီးရှိတော့ အထူးအထွေလိုမှပဲသွားဝယ်ဖြစ်တယ်။ အပြင်က ဝယ်စရာ များများစားစားလည်း မရှိဘူးကိုး။ သုံးဆယ်ဈေးထဲ သွားတာ ကျနော်တော့ ပျော်တယ်။ ဈေးထဲ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ချိုဆိမ့်နဲ့ အီကြာကွေးက တစ်ပတ်မှာ တစ်ခါပေါ်တဲ့ နတ်သုဒ္ဓါပဲ။ ဈေးဝယ်တဲ့အခါ အမေက ဦးဆောင်ဝယ်တယ်။ ကျနော် က ငယ်သေးတော့ ဈေးခြင်းတောင်းကအစ အမေပဲကိုင်တယ်။ အမေက…

Rate this:

၂၇ နှစ်တာ

  ကျနော် ဖြစ်တည်လာခဲ့တာ၂၇ နှစ်ရှိပြီ လူသက်တမ်း တစ်ဝက်ကျိုးပြီ အသက်ဘေးက ၂ ကြိမ် ၃ကြိမ် လောက် ဝင်လိုက် ထွက်လိုက် ဖြစ်ခဲ့ဖူးပြီ။ နောက် အသက်ဘယ်လောက် ထပ်ရှည်မလဲ မသေချာဘူး။ ဘယ်လောက် ထပ်နေရမလဲ မရေရာဘူး။ အခုထိနေခွင့်ရတာကို ကျေနပ်တယ်။ ၂၇ နှစ်တာ ဖြစ်တည်မှုအတွက် အရင်ဆုံး ကျေးဇူးတင်ရမှာ ကျနော်မေမေ နဲ့ အဖေ ကိုပါ သူတို့ က ကျနေယ် လူဖြစ်အောင် ကျွေးခဲ့ မွေးခဲ့ ရုံတင်မဟုတ်ဘူး လောကအရသာ ခံစားတတ်အောင် သဘာဝတရားကို ခံစားကြည်နူးတတ်အောင် လူဆန်အောင် ပရဟိတစိတ်ဓာတ်ခိုင်ကြဉ်အောင် ကိုယ် ယုံကြည်ချက်နဲ့ ကိုယ်ယုံကြည်ရပ်တည်နိုင်အောင် စာပေကိုချစ်တတ်အောင် နဲ့ ဘာသာတရားကို သိနားလည်အောင် သင်ကြားခဲ့တယ်။ လက်တွဲဖော် ပါရမီဖြည့်ဖက်…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  နံနက်ခင်း ကျောင်းထိုင်ဆရာတော်က သင်တန်းသားတွေကို သြဝါဒပေးပြီး ကျနော် ဆွေးနွေးရမဲ့ အလှည့် ရောက်လာတယ်။ လူတွေက ညတုန်းက မိတ်ဆက်ထားတဲ့ သူတွေကော နောက်မှရောက်လာတဲ့ သူတွေကော။ သင်တန်း ထုံးစံတိုင်း မိတ်ဆက်၊ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေပြော နောက် အသင်းအဖွဲ့တည်တောင်တာတို့ ယုံကြည်မှု တည်ဆောက်တာတို့ လုပ်ပေါ့။ လုပ်ရင်း လုပ်ရင် သင်တန်းသား တွေကို ပံ့ပိုးကူညီမှု (Facilitation) အကြောင်းလေးတွေပြန်စဉ်းစားဖြစ်တယ်။ အရင်က Facilitation ကို သိပ် နားလည်လှတာ မဟုတ် အခုလည်း သိပ်မသိဘူး ရေးတေးတေးနားလည်ရုံသာ ရှိတာ။ ဒါကလည်း ဆရာသမား တွေ ဖြစ်တဲ့ ဆရာသက်နိုင်၊ ဆရာဘို၊ ဆရာမမိငွေလေး၊ အဂျန်ပရာချာ၊ ကိုသုမောင်၊ ကိုကျော်စိုး၊ ပပတို့ က အကောင်လိုက်ချပြမှ…

Rate this:

ညီမလေး အတွက် ၁၉ နှစ်ပြည့် မွေးနေ့ လက်ဆောင်

မီးမီး၊စုလေး၊စုကြည်နိုင်၊စုမြတ်ရတနာ၊နှင်းအဉ္ဇလီ၊မြတ်သိင်္ဂါ၊မိစုမ နာမည်တွေ များလှတဲ့ ညီမလေး အခုတော့ ၁၉ နှစ်ပြည့် ၂၀ ထဲ ချည်းနင်းဝင်ရောက်ခဲ့ပေါ့။ ညီမလေးကို မွေးတုန်းက ကိုကြီး စုလေးကို အရိပ်တကြည့်ကြည့် အဲဒီတုန်းက ကိုကြီးက ၅ နှစ်သား ဘေးက သူငယ်ချင်းတွေ က ယောက်ဖလို့ ခေါ်တော့ ဘာမှန်းနားမလည်ပေမဲ့ မခံချင် ခေါ်တဲ့ကောင် ဆွဲထိုးချင်ခဲ့တယ် စုလေး။ ဘာမှန်းမသိပဲ အလိုအလျှောက် ကိုယ်သွေးသားကို ကာကွယ်ချင်စိတ်လေ။(အခုထိလည်း သူငယ်ချင်းတွေ ယောက်ဖ လို့ နောက်ခေါ်ရင် မခံချင်ဖြစ်တုန်း) ငယ်ငယ်က နင်က အရမ်းရုပ်ဆိုးတာ ကြီးလာတော့လည်း ငါ့ညီမက လှလိုက်တာ။ အကိုလို ပစ်စလက်ခက် မဟုတ်ဘူး သပ်သပ်ရပ်ရပ် ပြင်တတ်ဆင်တတ်။ အကိုနဲ့ တခြားစီပဲ ပြောတိုင်း မခံချင်ပေမဲ့ ငါညီမကွ ဆိုတဲ့…

Rate this:

24 အတွေးများ

အသက်ကား နှစ်ဆယ်လေး ပြည့်လေပြီ ကျွန်တော်အား မွေးစမှ အခုရှိ ကျွေးမွေးပြုစု စောက်ရှောက် လာသော ကျွန်တော့် မာတာမိခင်ကျေးဇူးရှင်မေမေ ကား ဦးစွာကန်တော့ပါ၏။ အရင်နှစ်တွေက ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော့်ကို မွေးနေ့တိုင်းနှစ်တိုင်း လုပ်ပေးတတ်တဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဗုဒ္ဓဘာသာလူငယ်ဖွံဖြိုးရေးရဲဘော်ရဲဘက် များဖြစ်ကြသော အစ်မကြီး ညိုမီ၊ မိရွှေပ၊ သိုးစိမ်း(သိန်းစိုး)၊ အောင်အောင်(အိမ်မက်)၊သဉ္ဇာ တို့နဲ့ မွေးနေ့မှာ အတူမရှိနေခဲ့တာကို တော့ ၀မ်းနည်း၏။ ကျွန်တော် နှစ်ဆယ်လေးနှစ် ပြည့်ချိန်မှာ ကျွန်တော် ရင်နဲ့အသဲနဲ့ မြတ်နိုးရသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဗုဒ္ဓဘာသာလူငယ်အဖွဲ့ က ၃ နှစ်၊ ပုံပြောသူများအဖွဲ့ကား ၂ နှစ်ပြည့်လေပြီ။ ကျွန်တော်ကား အမိမြေနဲ့ ဝေးရာ နေရာဒေသတစ်ခုကို ရောက်ရှိနေခဲ့ပြီ။ မွေးနေ့အချိန်မှာ အိန္ဒိယ မြောက်ဖျား…

Rate this:

တမာမြေမှာ သုံးနှစ်တာ – ဇာတ်သိမ်း

မုန့်ကျွေးပြီးစာသင်ပေးသူများ ကျောင်းမှာ စာမေးပွဲဖြေရတဲ့ ဘာသာရပ်တွေထဲ အင်္ဂလိပ်စာက အလွယ်ဆုံး တစ်ရက်လောက်စာကြည့်ရင် ဖြစ်သည်။ ဒါကြောင့်ကျောင်းသားတိုင်း မလေးစားချင် အင်္ဂလိပ်စာအချိန်ဆို မတတ်ကြ စာမေးပွဲနီးမှ အတန်းတတ်မှန်တဲ့ သူတွေက စာကူးကြ ရှင်းပြခိုင်းရနဲ့ လုံးလည်ချာလည် လိုက်နေကြသည်။ ထိုသူထဲတွင် မိပိုင်၊မိသော်၊မိနုဝေတို့ ထိပ်ဆုံးကပါသည်။ သူတို့စာမေးပွဲနီးရင် ကျွန်တော်ဆီအမြဲ အပူကပ်ကြသည်။ နောက်ဆုံးနှစ်တွင် Economic Development of Myanmar(EDM)ကို မေဂျာအားလုံး မသင်မနေရ သင်ကြသည်။ ဒီဘာသာကိုလည်း ဒီကလေးမတွေ မရ။ ဒါကြောင့် စာမေးပွဲနီးတိုင်း သူတို့ကို စာသင် ပေးရသည်။ စာသင်ရင်လည်း ရိုးရိုးသင်ရသည်မဟုတ် မုန့်ကျွေးရသည် စာသင်ရင် မပျင်းအောင် အအေးတိုက်ရသည်။ ဤသို့ဤပုံဆိုးသွမ်းလှသော ကလေးမများဖြစ်သည်။ (အချို့ဆိုးသွမ်းသော ကိစ္စများစွာ ကျန်ရှိနေသေးသော်လည်း ကျွန်တော်မသိစေလိုသော ကိစ္စများကို ဖော်ကောင်…

Rate this:

Deer Park Institute

ကျွန်တော် အလုပ်သင် Internship လုပ်ရတဲ့ Deer Park Institute က အိန္ဒိယနိုင်ငံ မြောက်ပိုင်းက Himachal Pradesh ဆိုတဲ့ ပြည်နယ်က District Kangra ထဲက Bir ဆိုတဲ့ မြို့လေးမှာ တည်ရှိပါတယ်။ ဟိမန္တာတောင်တန်း ကြီးနဲ့ အခြေမှာ ရှိပြီး ပင်လယ်ပြင်ရေမျက်နှာထက် မီတာ ၄၄၀ ကနေ ၆၆၀၀ လောက်ရှိလို့ အတော်အေးလှတယ်။ Bir ဆိုတဲ့ မြို့လေးက မြို့ဆိုပေမဲ့ ရွာကြီးသာသာရှိပြီး တိဘက်လူမျိုးတွေ အများဆုံးနေထိုင်ကြတယ်။ ဒီလတွေမှာတော့ အချိန်အတော်အများ မိုးရွာပြီး မြူတွေ အမြဲဆိုင်းနေတတ်ပါတယ် နိုဝင်ဘာ အောက်တိုဘာလောက်ဆိုရင် ရေစခဲတယ်လို့ ပြောကြတယ်။ ဇန်န၀ါရီမှာ အေးလွန်းလို့ ၁လတိတိ ပိတ်တယ်။ Bir မြို့လေးက ၀ါဇရာယန(တိဘက်ဗုဒ္ဓဘာသာ)…

Rate this: