ငွေတောင်မှသည် နော်မူဘောသို့

ငယ်ငယ်က ပုံပြင်တွေ နားထောင်တဲ့ အခါတိုင်း တိုတိုလေးနဲ့ ပြီးသွားတဲ့ ပုံပြင်တွေဆို သိပ်မကြိုက် ပုံပြင် အရှည်ကြီးကို အကြာကြီး နားထောင်ရမှ ကျေနပ်တယ်။ ကျနော်ကို ငယ်ငယ်က ပုံအမြဲပြောပြတဲ့ အဖေ အမေ နဲ့ ဘဘတို့ က အမြဲတမ်း ကျနော်အကြိုက်ပုံပြင်အရှည်ကြီးတွေကို ရွှေးရွှေးပြောရတာ အမောပါပဲ။ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေထဲ နှစ်သက်စွဲလမ်းခဲ့တဲ့ ပုံပြင်တွေအတော် အများက Myth ဆန်ဆန် ပုံပြင်တွေ ဖြစ်တယ်။ ပျူစောထီး၊ ပန်ထွာဘုရင်မ၊ သုဓနုနဲ့ ဒွေးမယ်နော်စတဲ့ Myth ဆန်ဆန် ပုံပြင်တွေကို အသေကြိုက်တယ်။ ဒီလိုကြိုက်ခဲ့တဲ့ ပုံပြင်တွေထဲ က သုဓနုမင်းသားနဲ့ ဒွေးမယ်နော်ပုံပြင်ဟာ အလွန်တရာရှည်လျား ထွေးပြားလှတဲ့ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုး အသီးသီးရဲ့ အခြား…

Rate this:

နေနှင့် နဂါး မျိုးနွယ်များဆီ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း ဗုဒ္ဓဘာသာလူငယ် (Northern Shan State Buddhist Youth (NSSBY)) မနက်ခင်းရောက်တော့ ပန်လော့ကျောင်းမှာ မနက်စာစားပြီး ကွတ်ခိုင်မြို့နားက ခိုလုံရွာက ခိုလုံကျောင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဗုဒ္ဓဘာသာလူငယ်တွေနဲ့ အစည်းဝေးလုပ်ဖို့ ရှိတာမို့ မနက်စာစားပြီးတာနဲ့ ခိုလုံကျောင်းကို ခိုလုံဆရာတော်ရဲ့ကားနဲ့ ထွက်လာခဲ့တယ်။ ခိုလုံရောက်တော့ ကျောင်းမှာ NSSBY အဖွဲ့ဝင်တွေ ရောက်နေကြပြီး အချို့အဖွဲ့ဝင်တွေကိုလည်း သိတယ်။ အချို့ကြတော့လည်း ကျနော်မသိတဲ့ မျက်နှာသစ် မျိုးဆက်သစ် အဖွဲ့ဝင်တွေ။ NSSBY အဖွဲ့တွေရဲ့ လုပ်ခဲ့တဲ့ အလုပ်တွေ ကို ပြန်ကြည့်တော့ သင်တန်းတွေ၊ ဟောပြောပွဲလှုပ်ရှားမှုတွေ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ကို ပြန်လည်သုံးသပ် ကြတယ်။ ၄ နှစ် ၅ နှစ်ကာလအတွင်း NSSBY အတိုင်းအတွာနဲ့ကြည့်ရင် လုပ်ခဲ့ ပြီးမြောက်ခဲ့တဲ့…

Rate this:

နေနှင့် နဂါး မျိုးနွယ်များဆီ ၂

သင်တန်းဝယ် ပန်လော့ရွာကျောင်းရောက်တော့ သင်တန်းသားဘုန်းဘုန်းတွေကဆွမ်းစားနားနေကြလို့ မတွေ့ ရသေးဘူး။ ဘုန်းဘုန်းတွေအများစုက ကွတ်ခိုင်နဲ့ အနီးတဝုက်ရွာတွေကကျောင်းထိုင်ဆရာတော် တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာဝန်ဆောင်ပြီး တာဝန်ယူနေရတယ်။ ဒီပန့်လောရွာကျောင်းက ဆရာတော်တစ်ပါးက သီရိလင်္ကာကနေ မာစတာရတဲ့ ဆရာတော်တောင်ရှိတယ် (အဲဒီဆရာတော်က နောက်ပိုင်းတအာင်းဒေသမှာမူးယစ်ဆေးဝါးပပျောက်စေဖို့ လူဝတ်လဲပြီး တအာင်းတပ်မတော်တဲ့ ဝင်သွားတယ်လို့သတင်းကြားတယ်) ထူးထူးခြားခြား တအာင်း ပလောင်ဘုန်းတော်ကြီးတွေကြားဘုန်းဘုန်းတစ်ပါးကတော့ ရေဦးက အညာသားဘုန်းဘုန်းတစ်ပါးပါ သင်တန်းလာတက်တာတွေ့တယ်။ ဒီကိုယ်တော်က  ကျောက်ထပ်ဆရာတော်ဘုန်းဘုန်းနဲ့ အတူတူလိုက်လာပြီးသင်တန်းတက်ချင်လို့ ကိုယ်စရိတ်နဲ့ ကိုယ်လိုက်ပါလာတဲ့ ကိုယ်တော်တဲ့။ ဘုန့်းဘုန်းအားလုံးတအာင်းလူမျိုးတွေ ဗမာဆိုလို ရေဦးက ဘုန်းဘုန်းတစ်ပါးပဲပါတယ်။ တအာင်းဘုန်းဘုန်းတွေကတစ်ပါးနဲ့ တစ်ပါး စကားပြောရင် တအာင်းလို ပြောတော့ ဗမာကိုယ်တော် နဲနဲ အနေကျပ်နေတော့မြန်မာလိုပြောပေးဖို့ တောင်းပန်လျောက်ထားရတယ်။ ဆွေဇင်က ဘုရားရိုခိုးပြတော့မှ ဘုန်းဘုန်းတွေသံသယရှင်းတော့တယ်။ ကျနော်တွေးမိတာကတော့ ခရစ်ယာန်ဖြစ်ရင်ကော ဘာဖြစ်မှာမို့လို့လဲ။ မြန်မာပြည်ကသာသနာ့ဝန်ဆောင်ဆရာတော်တွေအနေနဲ့ ဘာသာခြား…

Rate this:

နေနှင့် နဂါး မျိုးနွယ်များ ဆီ ၁

ရွှေပလောင် ငွေပလောင် တောင်ခြေနန်းမှာနန်းမှာ မြူမှောင်ဝေသန်းကာ သန်းကာ ရဗန်မြန်း[i]ကိုတော့ လှမ်းကြစို့ ညီညီညာ ခရမ်း[ii]အဆန်းကိုတော့ ဒီတန်း[iii]ကလွယ်မှာ လွယ်မှာ ဟေ့ ဟေ ကြည်နူးစရာ ပျို့တို့ ပတ်မြန်း[iv]မှာ မြန်းရှုပီ[v]ရွှေဖီဦး ပျော်မြုးဆွတ်ခူးမှာ။                                        (ဒါရိုက်တာဦးမြင့် ပလောင်မင်္ဂလာဆောင် ဆောင်းပါးမှ) ရှမ်းပြည်နယ် မြောက်ပိုင်းသို့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း သိန်းစိုးကကျနော်ကို ရှမ်းမြောက်(ကွတ်ခိုင်)ကို သွားဖို့ ပြောလာတော့ အတော်လေး ပျော်မိတယ်။ ဆရာဘိုကတော့ကျနော့် ကျန်းမာရေးကြောင့် သိပ်ပြီး ဝေးဝေးလံလံ မသွားစေချင်။ နောက်ရဲဘော်ဆွေစင်က သွားမှဖြစ်မယ်ပြောလာတော့ကျနော် ကွတ်ခိုင်သွားဖို့ အကြောင်းဖန်လာတယ်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ကို အရင်ထဲကသွားချင်ရောက်ချင်နေပေမဲ့ အကြောင်း ကြောင်းကြောင့် မသွားဖြစ် အခုတော့ ကွတ်ခိုင်နယ်တအာင်း(ပလောင်) ဘုန်းတော်ကြီး တွေ အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးသင်တန်းကိုသွားကူရမှာဆိုတော့ ပျော်ပျော်ကြီးကို…

Rate this:

အင်းလေးတိုက်တေးများ မောင်တင်မြိုင် (အင်းလေး)

စာအုပ်အမည်             အင်းလေးတိုက်တေးများ ပြုစုသူ                      မောင်တင်မြိုင်(အင်းလေး) ပုံနှိပ်တိုက်                 တော်ဝင်သစ္စာ ပုံနှိပ်တိုက် အကြိမ်                    ပထမအကြိမ် ၁၉၇၀၊  အောက်တိုဘာလ အုပ်ရေ                    ၃၀၀၀ အဖိုး                       တကျပ် ပန်းချီ                      ပေါ်ဦးသက် ဒီစာအုပ်လေးစမြင်ကထဲက ပြန်ရိုက်ချင်နေတာ။ ဆရာပေါ်ဦးသက်ရဲ့ ပန်းချီလက်ရာ နောက် အင်းလေးက ပေါ်ထွက်တဲ့ ရှားရှားပါးပါး ကဗျာဆရာ စာရေးဆရာ ကျောင်းဆရာ မောင်တင်မြိုင်(အင်းလေး) ပြုစုထားတာ မို့ ရိုက်ချင်နေတာပါ။ ကျွန်တော်သိသလောက် အင်းထဲက နာမည်ကြီး စာရေးဆရာ ထွက်တာ နည်းတယ်။ ဒီထဲမှာ ဆရာမောင်တင်မြိုင်ပါတယ်။ နောက်တစ်ယောက်က ဘယ်ပန်းချီရေးလို့ မမှီ ရေးတဲ့ ဆရာသိန်းသန်းထွန်း တို့လောက်ပဲရှိတယ်။ အခုနောက်ဆို ၈၈ က ကိုဂျင်မီပေါ့။ ဒါတောင် ဆရာသိန်းသန်းထွန်း က အင်းသားမဟုတ်ဘူး။…

Rate this:

ဂုံညင်း (မွန်ရိုးရာကစားနည်း) ဝိုင်မ်ဟနဂ်

မွန်လို “ဝိုင်မ်ဟနဂ်” လို့ခေါ်တယ်။ မြန်မာ ဂုံညင်းဒိုးပစ်ကစားနည်းနဲ့ ဆင်တူတယ်။ ဝါတွင်း သုံးပတ်မှာ လပြည့် လကွယ် ညများမှာသာ ကစားကြတယ်။ မွန်လူပျို အပျိုများဟာ ရပ်ရွာမှာရှိတဲ့ လပြည့် လကွယ် အလှူအတန်းများအတွက် ဝိုင်းကူညီ ချက်ပြုတ်ကြတယ်။ ဒီအချိန်မှာ အပျင်းပြေသဘောနဲ့ ဂုံညင်းဒိုး ပစ်ကြတယ်။ အပျိုက (၆)ပေလောက်ရှိတဲ့ သစ်သားမြောင်းပေါ်မှာ ဂုံညင်းဒိုးကို ညှပ်တင်ထားတယ်။ လူပျိုက သစ်သားမြောင် ထိပ်ဖက် (၃)ပေ ဒါမှမဟုတ် (၄)ပေ အကွာမှ ညှပ်တင်ထားတဲ့ဒိုးကျသွားအောင် ဂုံညင်းဒိုးတစ်လုံးထဲနဲ့ ပစ်ချရတယ်။ တခြားတနည်းကတော့ မြေပေါ်မှာ သစ်သားတန်း မပါပဲ ဒိုးကို စိုက်ပြီး (၁၀)ပေ ဒါမှမဟုတ် ကိုယ်ကြိုက် သလောက် အကွားအဝေးသတ်မှတ်ပြီး အလောင်းအစားလုပ်ပြီး ကစားကြတယ်။ လူပျိုများက အပစ်ဘက်ကနေပြီး အပျိုများက…

Rate this:

ပုံပြင်အကြောင်း တစေ့ တစောင်း

ကျနော်တို့ နေ့စဉ်သုံးနေကြ စကားတွေမှာ ပုံလာမပြောနဲ့ ဒီကောင်တော့ ပုံပြောသွားပြီး ပုံလာလာပြော တိုင်း ယုံ စသဖြင့် ပုံပြင်နဲ့ ပတ်သတ်နေတဲ့ စကားတွေ ရှိပါတယ်။ ဆိုလိုရင်ကတော့ ပုံပြင်ဆိုတာ လိမ်တာ ညာ တာ ဖြီးတာဖြန်းတာ မုသားပြောတာ လျှောက်ပြောတာ ပေါက်ကရလေးဆယ်တွေ ဘညာကွိကွပေါ့။ တကယ်တမ်း ပုံပြင်သမိုင်းကြောင်းကို ပြန်ကြည်ရင် ပုံပြင်ဆိုတာ အရေးဘာသာစကားမပေါ်ခင်ကထဲ က ပေါ်လာတဲ့ စာပေ အမျိုးစားတစ်ရပ် ၀တ္တူ အက်ဆေး ဆောင်ပါးတွေ မရှိခင် ကထဲက ပုံပြင် က ရှိနေပြီးသား။ နောက်မှ နောက်မှပေါက်တဲ့ ရွှေကြာပင်တွေက အရင်ပေါက်တဲ့ ရွှေကြာပင်ကို ကျောသွားတော့ ပုံပြင်တွေက အဆင့်လျော့ သလို ဖြစ်သွားတာပေါ့။ ပုံပြင်ဆိုရင် လူမျိုးတိုင်းမှာ ရှိတယ် စာပေမရှိတဲ့…

Rate this: