ကန်ထရိုက်

တန်ခိုးကြီးလှပါတဲ့ ဖောင်တော်ဦး မြတ်စွာဘုရားကြီးဘုရား အရှင်ဘုရား ဘုန်းတန်ခိုးကြီးလှပါသော ကြောင့် မြန်မာနိုင်ငံ အရပ်ရပ် က ဘုရားဖူးဧည့်သည်တွေက ဒီအင်းလေးကန်မှာ ရှိတဲ့ ဖောင်တော်ဦး ဘုရား ကြီး ကို လာရောက်လည်ပတ် ဖူးမျှော်ကြပါတယ်။ အခုဆို မြန်မာနိုင်ငံအနုံက တင်မဟုတ်တော့ပဲ နိုင်ငံခြားသားတွေ ပါ လာရောက်လည်ပတ်ကြပါတယ်။ ဘုရားတပည့်တော်မလည်း ရှေးအတိတ်ကံမကောင်းလှလို့ ဆင်းရဲနွမ်းပါး လှပါတယ်။ ချင်းချင်(ခရမ်းချည်) စိုက်စားရအောင်လည်း ကျွန်းမျောအလံ မရှိ။ အင်းရေပြင်မှာမို့ ကုန်းခြံမစိုက်နိုင် တာမို့ မောင်လေးက လယ်ကူလီ(ကျပန်း)လုပ် အမေနဲ့ ကျမကတော့ ကျူရိုးကောက်ညင်း ကျည်တောက်လေးရောင်းလိုက် ရွှေဆိုင်း ရွှေသင်္ကန်းလေး(ရွှေညှပ်)ရောင်လိုက် စင်ရော်စာလေးရောင်းလိုက်နဲ့ သားမြေး အစဉ်အဆက် တစ်ဝမ်းတစ်ခါး လှခဲ့ပါတယ် အရှင်ဘုရား။   အဲဒီထဲက မိသားစုစားလောက်အောင် အဓိကဝင်ငွေရအောင် ရောင်းရတာက ရွှေဆိုင်း…

Rate this:

အသစ်နဲ့ အဟောင်း

ဦးမြမောင် အသက် ၆၀ ကျော်လူပျိုကြီး ကျောင်းဆရာ အလုပ်က သက်ပြည့်ပင်စင်ယူပြီးနောက် တတိယ အရွယ်မှာ တရားရှာ ဆိုတဲ့ အတိုင်း တရားဘာဝနာ ပွားများကာ သူ့လုပ်ခလစာလေးနဲ့ အေးအေး ချမ်းချမ်းနေလေရဲ။ တရားဓမ္မကိုလည်း အသက်လေးဆယ် အရွယ်လောက်ထဲက စတင်လေ့လာ ကျင့်ကြံနေတာ ဦးမြမောင် တစ်ယောက် သူကိုယ်သူ တရားရှိလာပြီ တရားလက်ကိုင်ထားနိုင်ပြီလို့ ထင်တာပေါ့။ ပင်စင်လစာက နည်းတယ် ဆိုပေမဲ့ ကိုယ်တည်း ဦးမြမောင်အတွက် ပိုက်ဆံသိပ်မကုန်လှ ညီမဖြစ်သူက လည်း စီးပွားရေး အဆင်ပြေတော့ ဦးမြမောင် စားရေးသောက်ရေး ကို အဆင်ပြေအောင်ထောက်ပံပေးသည်။ ဦးမြမောင် ရသည့် လစာက လှူလို့တန်းလို့ရတော့ အဆင်ပြေလှသည်။ ဦးမြမောင်က အခုထိတစ်ကိုယ်တည်း လူပျိုကြီးဆိုပေမဲ့ သူနဲ့ တစ်ဦးသော ညီမ ကတော့ အိမ်ထောင်နဲ့…

Rate this:

ကျေးဇူး E P C

ကိုဦးတို့ ရုံးခန်းတွင် လူဦးရေ ၅ ယောက် ခန့် ရှိပေမဲ့ တိတ်ဆိတ်လှ၏ ကိုဦးတို့ ရုံးက လူတိုင်း ကွန်ပြုတာ တစ်လုံးဆီ စာရင်ကိုင်မလေး တင်ဇာ က အိတ်ဇဲ ဇယားတွေ နဲ့ အလုပ်ရှူပ်၊ မန်နေဂျာကြီးကတော့ အင်တာနက်ဖြင့် အွန်လိုင်းက ရည်စားဟောင်းကို ချက်တင်ပြော၊ ကှိုဦး လည်းရုံး အစီရင်ခံစာတွေ ကို ကွန်ပြုတာ နဲ့ ရိုက် တခြား လူများ လည်း ကိုယ်ပိုင် လက်တော့ ကွန်ပြုတာ ဖြင့် တစ်ဦးချင်းစီ အလုပ်ရှူပ်နေလေ၏။ ရုံးတွင် ကွန်ပြုတာများ၊ အင်တာနက်များ တပ်ဆင်ထားသောကြောင့် လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေလှသည်။ စကဿကူသိပ်မကုန် စာလုံးပေါင်း မှား၊ စာမှား သွားရင်လည်း အပြန်ပြင်ရတာ လွယ်သည်။…

Rate this:

ကျွန်တော်ကြိုက်တဲ့ သူတို့ ၀တ္ထူများ

ကျွန်တော်က ၀တ္တူတိုနဲ့ ၀တ္တူရှည်ဆိုရင် ကျွန်တော်က အတိုကို ပိုကြိုက်တယ် အရမ်းကြိုက်တဲ့ ဝတ္တုတို ဆိုရင် သူငယ်ချင်းတွေကို ပြောပြပြီး စမြုံပြန်ရတာ အရသာအတော်ရှိသဗျ အခုလည်း ဆရာမောင်လွင်မွန်(ကသာ)ရဲ့ လည်တော့လည်ပါရဲ့ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ပန်ကာ ဆိုတဲ့ ၀တ္တူတိုလေးကို ပြန်လည်ဖောက်သည် ချလိုက် ပါတယ်။ လည်တော့လည်ပါရဲ့ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ပန်ကာ ကျွန်တော်ငယ်ငယ်က ပုံပြင်အလွန်ကြိုက်သည်။ အဘွားက လည်း ပုံပြောကောင်းလှသူ။ တချို့ဟာတွေက တော ပုံ့ပြင်တွေမဟုတ်ဘဲ ဘွားဘွားက သူကြုံတွေမြင်ဖူး သမျှထဲက ပြန်ဖောက်သည်ချတာ ဖြစ်သည်။ ဒါပေမယ့် ဒီထဲကက ပုံပြင်လို နားထောင်ကောင်းတာမျိုးကျ ကျွန်တော်က ပုံပြင်အဖြစ်စွဲနေသည်။ ဒီလိုမျိုးထဲက တစ်ခုက သံပတ်နဲ့လှည့်တဲ့ပန်ကာ……….။ တကယ်တော့ ဒီဇာတ်လမ်းက ဘွားဘွားသူငယ်ချင်း ဒေါ်နန်းလုံးပိုင်ရဲ့ ဇာတ်…

Rate this:

အဆိုးချည်းလဲ မဟုတ် အကောင်းချည်းလဲ မဟုတ်

တစ်ခုသော နွေရာသီ ညနေခင်းမှာ အညာက သာယာကုန်းဆိုတဲ့ ရွာလေးမှာ ကိုကျော်ဆန်းဆိုသူသည် စွတ်စို ပေကျံ မောပန်းစွာဖြင့် အိမ်ပြန်လာသည်ကို အိမ်နီးနားချင်းဖြစ်သူ ကိုဆန်းမောင်က ကိုကျော်ဆန်း အဖြစ်ကို သူခြံထဲမှ လှမ်းမြင်လိုက်လျှင် တစ်ခုခုတော့ ကိစ္စပေါ်ပြီဟု ထင်၍ သူ၏ စပ်စပ်စုစု လုပ်ချင်စိတ် ပေါ်လာ သဖြင့် ကိုကျော်ဆန်းကို အကျိုးကြောင်း လှမ်းမေးလိုက် လေသည်။ ဆန်း။ ။ ဘယ်ကပြန်လာတာလဲ ကိုကျော်ဆန်းရဲ့ တစ်ကိုယ်လုံးလည်း ရေတွေ ရွဲ လို့ပါဘလား ဘယ်လိုဖြစ်လာတာလဲဗျ ကျော်။ ။ ကျွန်တော်မြို့ တက်ပြီး နွားသွားရောင်းတာပါဗျာ ဆန်း။ ။ ဟင် ဟုတ်လား ဒါဆို ငွေတွေရလာပြီပေါ့ မနည်းဘဲ ဟဲဟဲ ဘယ်လောက်ရခဲ့ လဲ ဗျ ကျော်။…

Rate this:

ချစ် ဇာတ်လမ်းလေးတစ်ပုဒ်

ကိုဦးတို့ အချစ်ဇာတိလမ်းက ထူးဆန်းအံဖွယ်ရာပင် ထူးဆန်းလေစွ အံဖွယ်ကောင်းပေစွ ကိုဦး သီတာကို ချစ်နေတာ အထက်တန်းဘ၀တည်းကပါ ကိုဦးက ကြည်မြင့်တိုင်ရက်ကွက်လေးတစ်ခုက သာမန်လူဆင်းရဲလေး တစ်ယောက် မသီတာလား မသီတာက ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာဆိုတဲ့ ရွာလေးတစ်ရွာက မြေပိုင်ရှင် သူဌေးသမီး ဘာပဲပြောပြော မသီတာက ကိုဦးထက် ဓနအင်အားများစွာ သာလေ၏။ မသီတာ ကိုဦးတို့တက်တဲ့ အထက်တန်းကျောင်းကို စတက်ခဲ့တာ ၈တန်းနှစ်တည်းက ကိုဦးရင်ထဲ မသီတာ ၀င်ရောက်နေခဲ့တာ နေမြင့်လေ အရူးရင့်လေဆိုသလို ၁၀တန်းကျောင်းသားဘ၀ မှာ မသီတာကို ကိုဦးချစ်နေတဲ့ အကြောင်း ဖွင့်ဟဖြစ်ခဲ့တယ်။ ကိုဦးက မသီတာကို အလွန်ချစ်နေပေမဲ့ မသီတာကတော့ ကိုဦးကို ချစ်ဖို့ မပြောနဲ့ တိုင်အမှတ်နဲ့ နှပ်တောင် သုပ်မဲ့ ပုံမပေါ်။ ကိုဦးကတော့ ဇွဲကောင်းကောင်းနဲ့  ချစ်ဆဲ…

Rate this:

သူ ဇာတ်သိမ်း

သဘာဝရဲ့ အဆုံးမဲ့ပေးဆပ်မှုကို တန်ဖိုးမထားမလေးစားရင် အဆမတန်အခွင့်ကောင်းယူကြရင် ဒီအလှတရား တွေဟာ ပျက်သုန်းအုန်းမှာပဲလေ။ ပျက်စီးတဲ့သူက ပျက်စီး တည်ဆောက်မဲ့သူက တည်ဆောက်ပေါ့။ သဘာဝရဲ့ ကျေးဇူးတရားကို သိတဲ့ အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲ ရဲ့ သဘာဝကိုကျေးဇူးဆပ်ခဲ့တာတွေဟာ အခုဆို မျက်ဝါထင်ထင် မြင်နေရပါပြီ။ သစ်တောလေးကို လူတစ်ယောက်တည်း လက်နှစ်ဘက်နဲ့စိုက် ခဲ့တာဆို ဘယ်သူမှ မယုံကြသလို ဒါတွေကို သူစိုက်ထားတာလို့လည်း ဘယ်သူကမှ မသိကြပါဘူး။သူကို သာမန်သိုးထိန်း တစ်ယောက်လိုသာ မြင်ကြတယ်။မသိတာလည်း တစ်မျိုးတော့ကောင်းတယ် သူကိုထားမြစ် ဝေဖန်မဲ့သူမရှိဘူးပေါ့။ တကယ်သိသွားလို့ ထားမြစ်ဝေဖန်လည်း သူလိုလူကတော့ သူအလုပ်သူလုပ်နေမှာပါပဲ။ ၁၉၂၀ခုနှစ်မှာ ကျွန်တော်သူဆီနောက်တကြိမ် ထပ်ရောက်ခဲ့ပြန်တယ်။ သူတခါမှစိတ်ပျက်လက်ပျက် ဖြစ်နေတာကို ကျွန်တော်မတွေ့ဖူးသေးဖူး။ သူကိုလည်း ဘယ်အရာကမှ စိတ်ပျက်လက်ပျက်ဖြစ်အောင်မလုပ် နိုင်ဘူးထင်တယ်။ သူသဘာဝကို ကျေးဇူးဆပ်ပြီး စိတ်နဲ့ကိုယ်ကို ဆပ်ကပ်ထားသလိုပါပဲ။ အခက်အခဲတွေကို…

Rate this: