တစ်လလောက် ပျောက်မယ်

အခုလ ကုန်ကားနီးကလေ မေလကုန်ပိုင်းလောက် အထိ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ ကုန်းကြီးရွာဆိုတဲ့ ရွာလေးမှာ နွေရာသီ စာသင်ပေးမှာဖြစ်လို့ ကျွန်တော် တစ်လလောက် အင်တာနက် မသုံးနိုင်ပါ ဘလော့ရေးနိုင်လိမ်မယ်မဟုတ်ပါ။ ဟိုမှာနေရင်နဲ့ စာရေးမယ် ဘလော့ရေးဖို့ ကုန်ကြမ်းတွေ အများကြီးရမယ်လို့ မျော်လင့်ပါတယ်။ ကျွန်တော်နဲက အတူ မန္တလေးဖောင်တော်ဦးဘုန်းတော်ကြီးသင်ကျောင်းက ဆရာမခရစ်စတင်း  ပါဝင်မယ်လို့ သိရပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ၊သချာင်္၊ဗုဒ္ဓဘာသာ၊ သဘာဝပတ်ဝန်းကျင် စတဲ့ ဘာသာရပ်တွေကို အဓိကသင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းဖြစ်မြောက်အောင် ကမကထလုပ်ပေးတဲ့ မိရွှေပ၊ ရွာမှာ အဆင်ပြေအောင် လုပ်ပေးတဲ့ မနုဇာလီ( နန်းမတော်မယ်နု)၊ ကြားက ဘာမှမဆိုင်ပဲ ကူညီပေးတဲ့ အေသင်(ဆိတ်ပညာ)၊ မုံရွာက စောင်ကြိုနေတဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းများ အားလုံးကျေးဇူးပါ။ ကျွန်တော်သိပ်ချစ်တဲ့ တမာမြေကို သွားရတော့ မှာ…

Rate this:

နှစ်သစ် လက်ဆောင်သစ်

အားလုံးနှစ်သစ်မင်္ဂလာမှာ မင်္ဂလာတရားကို လက်ကိုင်ထားကျင့်သုံးနိုင်ကြပါစေ။ နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်ခဲ့ပါပြီနှစ်ဟောင်းက ပူဆွေးစရာတွေ စိုးရွှံမှုတွေကို ထားရစ်ခဲ့ပြီ နှစ်သစ် အတွက် အင်သစ်အားသစ် တွေနဲ့ ရှေ့ဆက် ဘ၀ခရီး ဆက်ပြီးသွားနိုင်ပါစေလို့ ဆုတောင်း ရင်း ကျွန်တော်အနေ နဲ့ နှစ်သစ်လက်ဆောင် ဘာပေးရင်ကောင်းမလဲ ခေါင်းစားခဲ့ပါတယ်။ နောက်မှ စဉ်စားမိတာ တစ်ခုရှိပါတယ်။ ကျွန်တော်က အသုံးချစိတ်ပညာတက်တော့ Psycho Social Support, နောက် လူမှုရေးလုပ်သားလုပ်တော့ Co-operative Coaching ဆိုပြီး အမျိုးမျိုးသော သင်တန်းတွေ တက်ခဲ့ပေမဲ့ လောက်လောက်လားလား တစ်ခါမှ အသုံးမချဖြစ်ခဲ့ပါဘူး။ သူငယ်ချင်းတွေ နဲ့ပဲ ဒီပညာတွေကို အသုံးပြုခဲ့ပါတယ်။ တခါတစ်လေ လူတွေဟာ စကားပြောဖို့လိုအပ်ပါတယ် ခံစားရတဲ့ ခံစားချက်တွေ မွန်းကြပ်မှုတွေ မကြေနပ်ချက်တွေ စိတ်အခဲမကြေမှုတွေ နေစဉ်နေတိုင်း…

Rate this:

အသဲကွဲသွားတဲ့ ဘုန်းဘုရား

ဘုန်းဘုန်းဦးလောကနာထဆို ဓမ္မဘလော့ဂါလောကမှာ မသိသူ ခပ်ရှားရှား ဓမ္မဘလော့ပေါင်း ၁၀ခုလောက်ကို ဒိုင်ခံ ရေးနေတဲ့ တကယ် ကို သာသနာပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ လုပ်နေတဲ့ ရဟန်း တပါးပါ။ ဘုန်းဘုန်း ၉ရက်နေမှာ ခွဲစိပ်ရမယ်ဆိုတာ သိရတာနဲ့ ဘုန်းဘုန်း ကျန်းမာရေးအတွက် ကျွန်တော်တို့ အားလုံး စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။ တရား စောင့်သောသူအား တရားက ပြန်စောင်၏ ဆိုတဲ့ အတိုင်း ဘုန်းဘုန်းခွဲစိပ်တာအောင်မြင် ကြောင်း သိတာတော့ စိတ်ပူနေတာ က အလုံးကြီးချသွားတယ်။ ဘုန်းဘုန်းရဲ့ အသဲကို ခွဲထုတ်လိုက် ကြောင်း သိလိုက်ရတယ်။ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းတဲ့ကြားက သာသနာအတွက် ဘလော့ပေါင်း များစွာ ကို တစ်ယောက်တည်း ဒိုင်ခံ ရေးနေတဲ့ ရှားရှားပါးပါး ဘုန်းဘုန်းပါ။ ဘုန်းဘုန်းက ဘယ်သူမှ…

Rate this:

သင်္ကြန်အကြတ်နေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ကန်တော်ကြီးပတ်လမ်းရှိ မျှော်စင်ကျွန်းဝင်ပေါက်၊ (Special One(X2O) မဏ္ဍပ်အနီးတွင် ဧပြီလ ၊(၁၅)၊ သင်္ကြန် အကြတ်နေ့၊ ညနေ ၃း၀၀ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ ခန့်မှန်းခြေလူ အယောက် ( ၁၅၀)ခန့် ဒဏ်ရာရှိပြီး၊ သေဆုံးသူ ၂၀ဦး ထက်မနည်း သေဆုံး ခဲ့သည်ဟု သိရှိရပါသည်။ ဒဏ်ရာရရှိသူအများစု၏ ဒဏ်ရာများမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် အများဆုံး တွေရှိရပြီး။ လမ်းဘေးဈေးသည်များ၊ ကလေးများနှင့် ရေပက်ခံထွက်သူ အများစု ထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။ ရန်ကုန်ဆေးရုံကြီး အနီးပတ်ဝန်းကျင်တွင် ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများဖြင့် ပြည့်နှက်နေသည် ကိုတွေ့ရပါသည်။ P.S : ရန်ကုန်ပြည်သူဆေးရုံကြီးတွင်ကိုယ်တိုင် သွားရောက်ကြည်ရူခဲ့ပါသည်။ ဓာတ်ပုံကို ကိုညီလင်းဆက် ဘလော့မှ ယူပါသည်။

Rate this:

သားအမိနှစ်ယောက်ရဲ့ ပြပွဲ

စာရေးဆရာမ ခင်မြဇင်ဆို သိကြမှာပါ စာလည်းရေး ကဗျာလည်းရေး ပန်းချီလည်းဆွဲ တဲ့ ရှားရှားပါးပါးအနှပညာရှင်တစ်ဦးပါ ပန်းချီးဆွဲ ရင် အမည်အရင်း ဌေးဌေးမြင်နဲ့ ဆွဲပါတယ်။ ဆရာမရဲ့ စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါးဆိုတာ ကျွန်တော်အကြိုက်ဆုံး ၀တ္ထုတစ်ပုဒ်ပေါ့ဗျာ။ ဆရာမရဲ့ သားကတော့ ကျွန်တော်သူငယ်ချင်းကြီး ကိုအုန်းခိုင်ဇင်ပါ။ ပန်းချီကျောင်းဆင်းထားတာ မကြာသေးဘူး သို့ပေမယ့် သူလက်ရာတွေက ရိုးသားပြီးဆွဲဆောင်မှုရှိတယ်။ သားအမိ နှစ်ယောက် ပြတဲ့ ပြခန်း ပန်ချီးလောကမှာမရှိသေးဘူးထင်ပါရဲ့ သွားကြည့်သင်တဲ့ ပြပွဲတစ်ခုပါဗျာ ပြပွဲနာမည်က Waves တဲ့ နေရာက လောကနတ်ပန်းချီပြခန်း ပန်းချီ ချစ်သူတွေ လက်လွတ်မခံသင့်တဲ့ ပြပွဲလေးဆို မမှားပါဘူး ကြော်ငြာမဟုတ်ဘူးနော် အသိပေး လက်တို့တာ ပြီးမှ

Rate this:

ပိုစ့်၁၀၀ပြည့်

ကျွန်တော်ပိုစ့်ပေါင်း ၁၀၀ ပြည့်သွားပါပြီ ရေးခဲ့သမျှမှာ အရည်မရ အဖတ်မရစာ တွေလည်းပါသလို အကျိုးရှိ မယ်ထင်တဲ့ စာလေးတွေလည်းပါမယ်လို့ထင်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်ဘလော့ရေးရတာကို ချစ်လာတယ်။ တစ်ပတ်လောက် မရေးဖြစ်ရင် နေလိုထိုင်လို့ မရတော့ဘူးလေ။ လူမှဝင်ရဲ့လား စိုးရိမ်လာတက်ပါပြီ။ ဘယ်လိုဟာမျိုးကိုမှ ဘလော့ဂါကိုခေါ်တယ် ဆိုတာမသိပေမဲ့ ကျွန်တော်ကိုယ်ကျွန်တော် ဘလော့ဂါဖြစ်ရတာပျော်နေပါပြီ။ သိထား၊တတ်ထား၊မြင်ထား၊ကြားထား ရတာတွေ မျှဝေချင်တဲ့စိတ်နဲ့ ဘလော့စရေးတာ ဆိုပေမဲ့ အစပိုင်းမှာ အရည်မရအဖတ်မရ ကိုယ်ရေးကိုယ်တာတွေ ရေးခဲ့တာကိုခွင့်လွတ်ပါ။ အခုတော့ ကျွန်တော်နားလည်ပါပြီ။ ကျွန်တော်အိမ်လေးကို အလှည်မကြာခဏလာပြီး ကွန့်မန်တွေ ရေးကြတဲ့ သူတွေဟာ အချိန်ကုန်ခံ ဖတ်ရပြီး မကျိုးမရှိမှာကို ကျွန်တော်ကြောက်လာပါပြီ။

Rate this:

ဆရာဆုံးပါးခြင်း

ဆရာ ဆရာရဲ့နောက်ဆုံးခရီး တပည့်တို့ လိုက်ပို့ ဖြစ်တယ် ဆရာကုချစ်တဲ့ တပည့်တွေ လုပ်ဖော်ကိုင်ဖက် ဆရာတွေ ဆရာရဲ့ နောက်ဆုံးခရီးလေ လိုက်ပို့တဲ့ သူက အများကြီး ဆရာဆွေးမျိုးသားချင်းတွေ ဆရာတပည့်သားမြေးတွေ ဆရာကိုချစ်တဲ့သူတွေလေ ဆရာ။ ဆရာပြောသလိုပ လူဘ၀ ခြံနွယ်ပိုက်ပေါင်းကြီး ကို ခုတ်ထွင်ရှင်းလင်းမဲ့ ပညာဓားမ…..ဟာ တုံးချင်တုံးပါစေ သွေးလို့ရတယ် မချိုင့်စေနဲ့ မခွက်စေနဲ့ မပဲ့စေနဲ့ ။

Rate this: