ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်ထွက်တာနဲ့ ပတ်သက်ပြီး မှတ်မိသလောက်ဆို ငယ်ငယ်က မေမေ သုံးဆယ်စိုက်-သိပ္ပံမှာ ရှိတုန်း သုံးဆယ်ဈေးထဲ အမေသွားရင် လိုက်နေကျ။ ဈေးက တစ်ပတ်နေမှ တစ်ခါ လောက်သာ ထွက်ရတာ။ စိုက်-သိပ္ပံထဲမှာက စားဖို့သောက်ဖို့ အတော်အများ ရှိပြီးသား၊ မွေးမြူရေးခြံ ကနေ ကြက်ဥနဲ့ နွားနို့ရတယ်။ ဝန်ထမ်း ဆန်လည်းရတယ်။ ဟင်းသီးဟင်းရွက်တွေက လည်း ဝန်ထမ်းဆရာ/မတွေ စိုက်ထားပျိုးထားတာတွေ အပုံကြီးရှိတော့ အထူးအထွေလိုမှပဲသွားဝယ်ဖြစ်တယ်။ အပြင်က ဝယ်စရာ များများစားစားလည်း မရှိဘူးကိုး။ သုံးဆယ်ဈေးထဲ သွားတာ ကျနော်တော့ ပျော်တယ်။ ဈေးထဲ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ချိုဆိမ့်နဲ့ အီကြာကွေးက တစ်ပတ်မှာ တစ်ခါပေါ်တဲ့ နတ်သုဒ္ဓါပဲ။ ဈေးဝယ်တဲ့အခါ အမေက ဦးဆောင်ဝယ်တယ်။ ကျနော် က ငယ်သေးတော့ ဈေးခြင်းတောင်းကအစ အမေပဲကိုင်တယ်။ အမေက…

Rate this:

ကျနော် ယုံကြည်လက်ခံထားသော ဘာသာရေးအကြောင်း

ကျနော်မှာ သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့နာမည်မှာဖာဒီမာ မဒူနာ ဂျစ်တူး ဖြစ်သည်။ သူသည် ဝက်သား မစား အမဲသားကိုစားသည်။ ကျနော်ကမှု အမဲသားမစားဝက်ကို အလွန်ကြိုက်သူဖြစ်သည်။ ကျနော်တို့ နှစ်ယောက်ကား သူငယ်ချင်းများဖြစ်ကြသည်။   တစ်ယောက်ကိုတစ်ယောက် ကောင်းစေ ချင်သော မေတ္တာထားကြသည် ချစ်ခင်ကြသည်။ သူက ကျနော်သိပ်ကြိုက်သော ဝက်သားကို မစားစေချင်အမဲသားကို စားစေချင်သည်။ ကျနော်ကလည်း သူကို အမဲသားကို ပြတ်စဲပြီး ဝက်သားကို စုံမက်စေချင်သည်။   သူက ဝက်သားဟာ ဒဏ္ဍာရီအရ နောဧသင်္ဘောပေါ်က အညစ်ပတ်ဆုံးအကောင်ဖြစ်ပြီး ဝက်သားကိုစားရင် ရောဂါဘယထူပြောကြောင်း ကျနော်ဖြစ်နေသော နှလုံးရောဂါနဲ့လည်းမတည့်ကြောင်း စသဖြင့်  ဝက်သားမကောင်းပြောပြီးအမဲသားဟာ လူအတွက် အဟာရပြည့်ဝစေကြောင်း အရသာမှာ လည်းကောင်း ကြောင်း ကျန်းမာရေးနဲ့လည်းညီညွတ်ကြောင်းပြောပြီး အမဲသားအဆွယ်တရားဟောသည်။     သူဘယ်လိုဟောဟော…

Rate this:

ရမည်းသင်း မြို့စား ဖတ်ဖို့စာ

ကလေးလေးတစ်ယောက် ပြုံးနေတယ်။ လူငယ်လေးတစ်ယောက် ပြုံးနေတယ်။ ဦးလေးကြီး တစ်ယောက်ပြုံးနေတယ်။အားလုံး အားလုံးက ပြုံးနေတယ်။အားလုံး ပြုံနေတော့ ကြည့်လို့ကောင်းတယ် ရွင်နေတယ် ပျနေတယ် သွက်နေတယ် ပျော်နေကြတယ်။ ပြုံးနေတဲ့လူတွေ နေတဲ့ နေရာ ကပျော်စရာ နေလို့ကောင်းတဲ့နေရာ။ ကျနော်တို့ နေတိုင်း အချိန်တိုင်း ပြုံးနေကြရင်၊ ငြိမ်းချမ်းကြ၊ ပျော်ရွှင်နေကြရင် ကိုယ်သာမဟုတ်ပဲ အခြားသူတွေ အတွက်လည်း အကျိုးရှိမှာပဲ။ ကျနော်တို့ အသက်တာမှာ တန်ဖိုးရှိရှိနေချင်ရင် မိုးလင်း အိပ်ယာနိုးတာနဲ့ ပြုံးပြုံးလေးနေကြမယ်။ နံနက်ခင်း ကို လှပကြက်သရေရှိသွားအောင် ပြုံးလိုက်တာဟာ အကောင်းဆုံးနည်းပဲ။ ကျနော်တို့ ပြုံးလိုက်တာဟာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ဆိုတဲ့ စိတ်နေသဘောထားကို ပြသတာပဲ။ နိုးကြားတက်ကြွပြီး ငြိမ်းချမ်းလိုတဲ့ နှလုံးသားကို ပိုင်ဆိုင်မှ ပြုံး နိုင်မှာလေ။ နိုမို့ရင်…

Rate this:

အိဖြိုး(ခ) ငကစ်ဆိုသည်မှာ

လွန်ခဲ့တဲ့ လေး နှစ်လောက်က ပရဟိတ စေတနာ့ဝန်ထမ်းအလုပ်တစ်ခုလုပ်ဖို့ ရွာတစ်ရွာမှာ တာဝန်ကျခဲ့ဖူးသည်။ ရွာတွင်နေရတဲ့ ကာလက တစ်လ စာသင်ပေးရတဲ့ ကလေးက ၂၀၀ အဲဒီ အချိန်မှာ ကျနော် ညီမတစ်ယောက် ကောက်ခနဲ ရခဲ့သည်။ သူနာမည်ကား အတော်တော့များလှသည်။ နာမည်အရင်း က အိအိဖြိုးလွင် ဘိုနာမည်က Kirsty ကျနော်ကတော့ ကစ်မ လိုခေါ်သည်။ သုံးမည်ရ ငကစ်ဖြစ်သည်။ သူကား မှောင်နေတဲ့ အချိနတွင် သွားဖြဲပြီး ပြုံးပြမှသာ  သူကို မြင်ရတယ်။  လင်းနေသည့် အချိန်တွက်တော့ အဝေးကနေမဲသဲမဲသဲဖြင့် မြင် လှမ်း၍မြင်နိုင်သည်။ လူပုံပုတက်တက် အသားမဲမဲ စကားဝဲဝဲ သွားကျဲကျဲ နှင့် တလောကလုံး စိတ်ညစ်သွားလောက်အောင် ပြုံးပြနိုင်သူဖြစ်သည်။ အစားနဲ့ ပါးစပ် မပြတ်စားနိုင် သောက်နိုင်…

Rate this:

ပိုက်ပိုက် မပေါတာ မှားလား

  ဒီစာကို ကသာ အင်းတော် ဒိုင်ယာရီမှာ ထည့်ရေးမလို့ပဲ ဒါပေမယ့် သက်သက် ခေါင်းစဉ်ခွဲရေးချင်တာကြောင့် ခွဲရေးလိုက်ပါတယ်။ ကသာက မိတ်ဆွေတွေ သူငယ်ချင်းတွေ ဆီသွားတွေ နှုတ်ဆက်စကားပြောခဲ့တာ တစ်မြို့လုံးနီးပါးပဲ။ နောက် အရင်က အတော်ကို ခင်ဖူးတဲ့ အဒေါ်ကြီးတွေဆီသွား နှုတ်ဆက်တော့ သူတို့ က ကျနော် ဘာအလုပ်လုပ်နေလဲ လစာ ဘယ်လောက်ရလဲ NGO ဆိုတော့ ထောမှာပေါ့ဆိုတဲ့စကားတွေ ကို လှိုင်လှိုင် မေးကြတယ်။ ကျနော်အလုပ်နဲ့ ပတ်သတ်ပြီးမေးတဲ့ မြန်းတဲ့ အခါမှာ လူတွေ အတော်များ စမေးကြတာ က လစာ ဘယ်လောက်ရလဲဆိုတာပဲမေးကြတယ်။ ဘယ်လိုတွေ လုပ်ရလဲ။ ဘာတွေလုပ်ရလဲ။ ပျော်လား။ ဘာလို့ အလုပ်ကို လုပ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုး အတော်ရှားပါတယ်။ အဲဒီအဒေါ်ကို…

Rate this:

Zero Waste from Buddha Era

Rubbish is the one of the problem for natural environment. Among the many kinds of rubbish, plastic bags and electronic waste are worse than others on the narrow world. After that, many ecologists are finding the ways how to solve the rubbish problem.They proposed 3R Initiatives, Reduce, and Reuse, Recycle and carried out widely.And then,…

Rate this:

လူမိုက်တစ်ယောက် အကြောင်း

< ဒီပိုစ့်လေးကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေးထားတာပါ အဲဒီတုန်းကတော့ အတော်ကြိုက် အဓိက ကိုယ်ကိုကိုယ်ဝေဖန်ရေး လုပ်ထားတယ်လို့ ပြောလို့ ရတယ်။ ရေးစရာလည်းမရှိ ပျင်းလည်းပျင်းတာမို့ အဟောင်းလေးပဲ ပြန်တင်လိုက်တယ် ဟောင်းပေ့မဲ့ ဖတ်ရသေးရင် အသစ်ပေါ့ ဗျာ 😛 >     နေ.တစ်နေ.မွေးဖွားလာတယ်။သူအိပ်ယာကနေပုံမှန် အတိုင်းပဲနိုးလာတယ်။ တစ်အိမ်လုံးဘယ်သူမှ မရှိ သူတစ်ယောက်တည်း ဒီနေ့ဘာနေလဲ့ပြက္ခဒိန်ကြည်.လိုက်တော့ တစ်နှစ်တာ ဆယ်နှစ်လထဲ က တစ်ခုသောမြန်မာလပြည်နေ့……….   ဘာလုပ်ရမလဲ သူမသိအလုပ်ကလည်းပိတ်တယ်။သူချစ်နေ့ရတဲ့သူကလည်း နယ်ကိုပြန်သွားတယ်။ အိမ်က သူငယ်ချင်းတွေကလည်းသူကိစ္စနဲ့သူသွားကြတယ်။အိမ်မှာဘယ်သူမှမရှိ ပျင်းပျင်းရိရိရှိ လှ၏။ ဘာလုပ်လို.ဘာကိုင်ရမလဲမသိ နောက်ဗိုက်ဆာလာလို. အိမ်အောက်က ထမင်းဆိုင်မှာ ထမင်းကြော် နဲ့ ကိစ္စပြီး အောင် စားလိုက်တယ် စားမကောင်းဘူး။   အိမ်ရှေ့မှာဘစ်(စ်)ကားတွေ…

Rate this: