သဲအိမ်လေးတွေ

ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တစ်သိုက် ငွေဆောင်ကမ်းခြေကို အပန်းဖြေ ခရီးထွက်တဲ့ အခါကပေါ့။ ကမ်းခြေမှာ ကျွန်တော့်သူငယ်ချင်းတွေ ပျော်ပါးဆော့ကစားနေပေမဲ့ ကျွန်တော်မှတော့ အမျိုးအမည်မသိတဲ့ နှလုံးသားဝေဒနာကို ခံစားနေရတော့ သူငယ်ချင်းတွေလို မပျော်နိုင် မပါးနိုင် သူငယ်ချင်းတွေနဲ့ဝေးတဲ့ နေရာ ခပ်လှမ်းလှမ်း သဲသောင်ပြင်မှာ တကိုယ်တည်း ထိုင်ပြီး ပင်လယ်ကြီးနဲ့ ၀င်ဆဲနေလုံးကြီးကို ငေးနေကြည်နေမိတယ်။ ခဏကြာတဲ့ အခါမှာ ကျွန်တော်နဘေး ကလေးနှစ်ယောက် သဲအိမ်ဆောက်ပြီးကစားနေကြတယ်။ ကလေးတွေက မောင်နှမလို့ ထင်ရတယ် အငယ်မိန်းကလေးက ၁၀နှစ် အကြီးယောကျာင်္းလေးက ၁၅နှစ်လောက်ရှိပြီ ထင်တယ်။ သူတို့ အမ အကြီးဆုံးလို့ထင်ရတဲ့ မိန်ကလေးကတော့ ကျွန်တော်နဲ့ ရွယ်တူလောက်ပဲ သူကတော့ ပင်လယ်ထဲမှာ လှိုင်းစီးနေတယ်။ သူကို ကျွန်တော်ကကြည့်နေတယ် ထင်မှာစိုးလို့ ကလေးတွေ ကစားနေတာကိုပဲ ကြည်နေမိတယ်။ ယောကျာင်္းလေးက အသက်က…

Rate this:

ဘယ်ဟာ အဓိကလဲ

ကာလမသုတ် ကို လူတိုင်းညွန်းလွန်းလို့ ဆီသည်မလက်သုပ်ဖြစ်နေပြီ လူတိုင်းလိုလို ကာလမသုတ်ကို သိကြ ကြားဖူးကြပေမဲ့ ဒီထဲကအတိုင်း ကျင့်ကြံသူက ရှားသား အခုလည်းကြည် စွယ်တော် ကိစ္စ အတုလား အသစ်လား အနောက်တိုင်းက သိပ္ပံပညာရှင်တွေက စမ်းသပ်တယ်ဆိုပဲ နောက် စွယ်တော်က လူသွား နှစ်ပေါင်း နှစ်ထောင်ကျော်လောက်ရတဲ့ DNA နည်းနဲ့စစ်တယ် ဆိုပဲ နောက် ဗုဒ္ဓဘာသာကို နာမည်မကြီးစေချင်လို့ သတင်းအမှောင်ချထားတယ်တဲ့ နာမည်ကြီး ဘုန်းကြီးတစ်ပါးရဲ့ တရားပွဲမှာ ပြောသွားသတဲ့။ ဒီတိုင်းအမှန်ဆို ဒီဆရာတော်ကကော ဒီသတင်းဘယ်လိုသိသလဲ။ ပြောရင် ပြောစရာတွေ အများကြီး  ….. ရွှေတိဂုံဘုရားကဆံတော်စစ်လား၊ ရွှေစက်တော်က ခြေတော်ရာကကော အစစ်လား ပြောရင် အများကြီးပဲ ဒီတော့ စစ်စစ် မစစ်စစ် ဘာထူးလဲ အစစ်လို့ ယုံကြည်ပြီး ရှိခိုးချင်ရင်…

Rate this:

ညီမလေး အတွက် ၁၉ နှစ်ပြည့် မွေးနေ့ လက်ဆောင်

မီးမီး၊စုလေး၊စုကြည်နိုင်၊စုမြတ်ရတနာ၊နှင်းအဉ္ဇလီ၊မြတ်သိင်္ဂါ၊မိစုမ နာမည်တွေ များလှတဲ့ ညီမလေး အခုတော့ ၁၉ နှစ်ပြည့် ၂၀ ထဲ ချည်းနင်းဝင်ရောက်ခဲ့ပေါ့။ ညီမလေးကို မွေးတုန်းက ကိုကြီး စုလေးကို အရိပ်တကြည့်ကြည့် အဲဒီတုန်းက ကိုကြီးက ၅ နှစ်သား ဘေးက သူငယ်ချင်းတွေ က ယောက်ဖလို့ ခေါ်တော့ ဘာမှန်းနားမလည်ပေမဲ့ မခံချင် ခေါ်တဲ့ကောင် ဆွဲထိုးချင်ခဲ့တယ် စုလေး။ ဘာမှန်းမသိပဲ အလိုအလျှောက် ကိုယ်သွေးသားကို ကာကွယ်ချင်စိတ်လေ။(အခုထိလည်း သူငယ်ချင်းတွေ ယောက်ဖ လို့ နောက်ခေါ်ရင် မခံချင်ဖြစ်တုန်း) ငယ်ငယ်က နင်က အရမ်းရုပ်ဆိုးတာ ကြီးလာတော့လည်း ငါ့ညီမက လှလိုက်တာ။ အကိုလို ပစ်စလက်ခက် မဟုတ်ဘူး သပ်သပ်ရပ်ရပ် ပြင်တတ်ဆင်တတ်။ အကိုနဲ့ တခြားစီပဲ ပြောတိုင်း မခံချင်ပေမဲ့ ငါညီမကွ ဆိုတဲ့…

Rate this:

နှင်းခြသေ့င်္တို့ ပုန်းခိုးရာ ဓရမ်ဆာလာ

ဓမ်ရမ်ဆာလာတဲ့ ! ကျွန်တော်ကတော့ ဓမ္မသာလာလို့ ခေါ်ရတာ ပိုအာတွေတယ်။ အိန္ဒိယမြောက်ပိုင်း ဟိမားဂျားပန်ဒေ့ခ်ျ ပြည်နယ် ကင်ကရာခရိုင်ရဲ့ မြို့တော်လေး ။ တိဘက်ပြည်ရဲ့ အဝေးရောက် အစိုးရ ရုံးဆိုက်ရာဒေသ။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်းလာမားကြီး ရှိနေတာ ကိုအကြောင်းပြု ပြီး ခရီးသွားလုပ်ငန်း သိပ်ဖြစ်ထွန်းတဲ့မြို့ တိဘက်ဗုဒ္ဓဘာသာ(၀ိဇရာယန)ရဲ့ ပင်မဌာနကြီးတစ်ခု။ နိုင်ငံခြားသား တွေ တိဘက်ဘုန်းတော်ကြီးတွေ မြို့တဲ့ လက်ညိုးထိုးမလွဲ။ ဘာသာရေးအသုံးအဆောင်တွေ တိဘက် ဗုဒ္ဓဘာသာ အနုပညာလက်ရာတွေ ရောင်းချရာ ဆိုင်တန်းတွေ အများအပြား။ ဆိုင်တွေရဲ့ ၃ပုံ ၁ပုံ က တိဘက်လူမျိုးပိုင်တွေ ဒီအထဲ က တ၀က်လောက်က တိဘက် ဒုက္ခသည်တွေ အတွက် ရံပုံငွေရှာနေတဲ့ ဆိုင်တွေ ။ ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက ကျူးကျော်စစ်ပွဲတစ်ခု…

Rate this:

ရွာကို လမ်း မဖောက်စေနဲ့

အဘ ဆုံးတာကြာပြီ အခုချိန် အဘကို အရမ်း သတိရမိရဲ့။ အဘက ရွာကို အင်္ဂလိပ်လက်ထက်အပြီး ပထစ ဖဆပလ ခေတ် ပြည်တွင်းစစ်ကတည်းက ရွာကျေးရွာလူထုက ရွှေးချယ်ထားတဲ့ သူကြီး ။ သူ သူကြီးနေရာ ကို ရတာ ရွှေးကောက်ပွဲလုပ် မဲခွဲဆုံးဖြတ်တာလဲမဟုတ်ဘူး အစိုးရနဲ့ ရောင်စုံသူပုန်တွေ က လာပြီး သူကြီး လုပ်ခိုင်းလို့ လုပ်တာလဲ မဟုတ်ဘူး တိုင်းပြည်မငြိမ်မသက် ဖြစ်တဲ့ အချိန် ကျေးရွာကို ဦးစီး ဦးဆောင် ခိုင်းလို့ အဘ မတတ်သာပဲ ကျေးရွာ အုပ်ချုပ်ရေး သူကြီး နေရာရခဲ့တာပါ။ အဘ က တော့ အေးအေး ဆေးဆေးပဲနေလိုတယ်။ ဒါပေမဲ့ သူချစ်တဲ့ ရပ်ရွာအတွက် သူ လုပ်ပေးရတယ်ပေါ့။ ပြည်တွင်းစစ်ကာလ…

Rate this:

24 အတွေးများ

အသက်ကား နှစ်ဆယ်လေး ပြည့်လေပြီ ကျွန်တော်အား မွေးစမှ အခုရှိ ကျွေးမွေးပြုစု စောက်ရှောက် လာသော ကျွန်တော့် မာတာမိခင်ကျေးဇူးရှင်မေမေ ကား ဦးစွာကန်တော့ပါ၏။ အရင်နှစ်တွေက ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော့်ကို မွေးနေ့တိုင်းနှစ်တိုင်း လုပ်ပေးတတ်တဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဗုဒ္ဓဘာသာလူငယ်ဖွံဖြိုးရေးရဲဘော်ရဲဘက် များဖြစ်ကြသော အစ်မကြီး ညိုမီ၊ မိရွှေပ၊ သိုးစိမ်း(သိန်းစိုး)၊ အောင်အောင်(အိမ်မက်)၊သဉ္ဇာ တို့နဲ့ မွေးနေ့မှာ အတူမရှိနေခဲ့တာကို တော့ ၀မ်းနည်း၏။ ကျွန်တော် နှစ်ဆယ်လေးနှစ် ပြည့်ချိန်မှာ ကျွန်တော် ရင်နဲ့အသဲနဲ့ မြတ်နိုးရသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဗုဒ္ဓဘာသာလူငယ်အဖွဲ့ က ၃ နှစ်၊ ပုံပြောသူများအဖွဲ့ကား ၂ နှစ်ပြည့်လေပြီ။ ကျွန်တော်ကား အမိမြေနဲ့ ဝေးရာ နေရာဒေသတစ်ခုကို ရောက်ရှိနေခဲ့ပြီ။ မွေးနေ့အချိန်မှာ အိန္ဒိယ မြောက်ဖျား…

Rate this:

နင့် လား ဟဲ့ ဟမ်ဘာဂါ

အနုပညာမြတ်နိုးသူ လူငယ်တစ်သိုက် ပန်းချီပြပွဲနဲ့ ကဗျာရွတ်ပွဲ ရှိရာဆီသွားခဲ့ကြသည်။ ကဗျာဆရာ နာမည်ကြီး တစ်ယောက်က လူငယ်တွေ ကို ချီးမြောက်သည့် အနေဖြင့် ဒီပွဲကိုတတ်ရောက် မယ်ဆိုတာ အားလုံး သိရှိပြီးဖြစ်သည်။ လေးစားနှစ်သက်လှသည် ဆရာကြီးမို့ အားလုံးက သူကို စောင့်မျှော် နေကြသည်။ ကဗျာဆရာကြီး ရောက်လာသည်။ ကဗျာချစ်သူ လူငယ်တစ်စုကလည်း ဆရာကြီးအား ကဗျာတစ်ပုဒ် လောက် ချီးမြင့်တဲ့ အနေနဲ့ ကဗျာတစ်ပုဒ်လောက် ရွတ်ဖို့ တောင်းဆိုကြသည်။ ဆရာကြီးကလည်း ကဗျာရွတ်ပေးပါမယ် ဟုဆိုကာ ပရိသတ်အလယ် ရောက်ပြီး ချောင်း တစ်ချက် ဟန့်လိုက်သည်။ ဆရာကြီး ကဗျာတစ်ပုဒ်ကို စရွတ်လေ သည်။ ဆရာၾကီး ကဗ်ာကား နင္လား ဟဲ့ ဟမ္ဘာဂါ နင္လား ဟဲ့ ဟမ္ဘာဂါ နင္လား…

Rate this:

Reuse အရွင္အာနႏၵာ

သဘာဝပတ်ဝန်ကျင်အတွက် အမှိုက်က ပြဿနာတစ်ခုဖြစ်သည်။ အမှိုက်ထဲမှာမှ ပလပ်စတစ် ကြွပ်ကြွပ် အိတ် အီလက်ရောနစ်စွန့်ပစ်ပစ္စည်းတွေ ကလည်း သာဆိုးသည် ပြဿနာတစ်ခု မြေကမ္ဘာ အကျယ်အ၀န်း ကျဉ်းကျဉ်းလေးမှာ အမှိုက်ဘယ်လားထားကြမလဲ။ နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ နည်းလမ်းတွေ ရှာကြဖွေကြသည်။ Reduce Reuse Recycle ဆြိုပီး 3R ဆိုပြီး အမှိုက်အတွင် နည်းလမ်းဖွေရှာ လာကြသည်။ နောက်ပိုင် Reject Rethink ဆိုပြီးထပ်ထပ် တိုးလာလိုက်တာ မနည်းပါဘူး။ ဒီရှိသမျှ ဟာအကုန်လည်း ကျွန်တော်မသိဘူး။ ဒီလို အမှိုက်အတွက် စွန်ပစ်ပစ္စည်းတွေ ကို လျော့သုံးရမယ် ပြန်သုံးရမယ် ဆိုတာတွေ ခေတ်စားလာတာ ကျွန်တော်အထင် တစ်ရာစု မရှိသေးဘူးထင်သည်။ ဒီလို အလေ့အထမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်ကထဲက…

Rate this: