ဖုန်း…ဖုန်း…ဖုန်း…တယ်လီဖုန်း

တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ်အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက်တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။ ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  အောင်းကုန်းရွာ က ဗန်းမောက် – အင်းတော်သွားတဲ့ လမ်းပေါ်မှာရှိတာ။ အမှန်ဆို ဒီကနေ အင်းတော်ကို တဆင့်သွား အင်းတော်က ကြုံရာကားနဲ့ ကသာကို လိုက်ပြီး သွားရမှာ ကံကောင်းချင်တော့ အောင်းကုန်းရွာသူ နီလာအေး(ကတူးစာ/ယဉ်)ကျေးဇူးနဲ့ ကသာကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်။ အင်းတော်နဲ့ ကသာကြား လမ်းတွေက အတော်ကို ဆိုးနေပြီ မန်း-ရွှေဘို-မြစ်ကြီးနား(စီမံကိန်းလမ်း)က နဘားဘက် ကွေ့တာဆိုတော့ နဘားလမ်းခွဲကနေ ကသာအထိက အတော်ကိုဆိုးတဲ့လမ်း ဖြစ်နေပြီ။ ဒီဘက်က သစ်တောတွေကောင်း ကျွန်းသစ်တွေ ရှယ်ထုတ်နိုင်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ အခုထိမကောင်းနိုင်သေးဘူး ကသာ ဗန်းမော်တကြောတော့ ကျွန်းတွေကုန်သလောက် ရှိပြီ။ နောက်ဒီဘက်မှာ ကျွန်းဘယ်လောက်တောင်ပေါလဲ ဆိုရင် ထင်းစိုက်ရင် တခါတလေ ကျွန်းကို သုံးသတဲ့ ကြံချက်လုပ်ငန်းတွေမှာ ကျွန်းနဲ့ မီးမွေးသတဲ့ ဒီလိုကြားရတာ…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  နံနက်ခင်း ကျောင်းထိုင်ဆရာတော်က သင်တန်းသားတွေကို သြဝါဒပေးပြီး ကျနော် ဆွေးနွေးရမဲ့ အလှည့် ရောက်လာတယ်။ လူတွေက ညတုန်းက မိတ်ဆက်ထားတဲ့ သူတွေကော နောက်မှရောက်လာတဲ့ သူတွေကော။ သင်တန်း ထုံးစံတိုင်း မိတ်ဆက်၊ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေပြော နောက် အသင်းအဖွဲ့တည်တောင်တာတို့ ယုံကြည်မှု တည်ဆောက်တာတို့ လုပ်ပေါ့။ လုပ်ရင်း လုပ်ရင် သင်တန်းသား တွေကို ပံ့ပိုးကူညီမှု (Facilitation) အကြောင်းလေးတွေပြန်စဉ်းစားဖြစ်တယ်။ အရင်က Facilitation ကို သိပ် နားလည်လှတာ မဟုတ် အခုလည်း သိပ်မသိဘူး ရေးတေးတေးနားလည်ရုံသာ ရှိတာ။ ဒါကလည်း ဆရာသမား တွေ ဖြစ်တဲ့ ဆရာသက်နိုင်၊ ဆရာဘို၊ ဆရာမမိငွေလေး၊ အဂျန်ပရာချာ၊ ကိုသုမောင်၊ ကိုကျော်စိုး၊ ပပတို့ က အကောင်လိုက်ချပြမှ…

Rate this:

ညနက်နက်မှာ လထွက်တဲ့အခါ (ငြိမ်းချမ်းရေးအခါတော်နေ့ အမှတ်တရ)

လွန်လေပြီးသော နှစ်ပေါင်း ၂၆၀၀ ……………………….. ဘာရတ်(ခ)မဇ္ဈိမ(ခ) အခုခေါ်တော့ အိန္ဒိယဆိုတဲ့ ဒေသကြီးရဲ့ မြောက်ဘက်ပိုင်းက  ဟိမ၀န္တာ တောင်တန်းတွေက မြစ်ဖျားခံပြီး လှပစွာတသွင်သွင် စီဆင်းနေတဲ့ ဝတီ ရောဟဏီ……။ သူရဲ့ တဘက်တချက်မှာ ကောလိယမြို့ပြနိုင်ငံရဲ့ နန်းစိုက်ရာ မြို့တော် ရာမဂါမ နောက်တဘက်မှာတော့ စကျ(သကျ)တို့ရဲ့ နေပြည် ကလိလဝတ်….။ ဒီမြို့ပြနိုင်ငံလေးနှစ် နိုင်ငံ ဘေးချင်းရှိနေပေမယ် ပထဝီနိုင်ငံရေးအရ ပြဿနာမတက် အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေးများကြောင့်ချက် ပြဿနာမရှိ။ နှစ်နိုင်ငံသားပေးသမီးယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြ တယ်။ နှစ်ဘက်ထီးနန်းမျိုးဆက်များကလည်း ထိုခေတ်ဘာသာရေးဂိုဏ်းကြီး တစ်ခု ဖြစ်တဲ့ ဝေဒအစဉ်လာတွေ ကို ပစ်ပယ်ပြီး သာမဏအကျင့်နဲ့ အလယ်လတ်လမ်းကို ဖော်ထုတ်ပြခဲ့တဲ့ ဂေါတမ ဗုဒ္ဓ နဲ့လည်း ဆွေးမျိုးတော် စပ်ကြပြန်သေးတယ်။ နှစ်ပြည်ထောင်လုံး စိုက်ရေးပျိုးရေးအတွက်…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (21-22/05/2013)

မြတောင်ဇက်ဆိပ်မှာ ကားက တစ်ညလုံးရပ်ထားပုံရတယ်။ မနက်မိုးလင်းတော့ ဇက်က ကပ်နေပြီ ကိုကျော်စိုးက အိပ်ချင်မူးတူးနဲ့ထပြီး ဇက်ကြီးကို လဖေ့ရေဆိုင်မှတ်လို့တဲ့ သူကိုကြည့်ပြီး သင်းသင်းအေး၊ ဖူးပွင့် နဲ့ ကျနော်တို့ အညာသား ၃ ယောက် အင်းသား ကိုကျော်စိုးကို တသောသောနဲ့ ဝိုင်းဟားကြတာ အူတောင်နာတယ်။ မြတောင်ကနေ ထီးချိုင့်ကြား ဧရာဝတီမြစ်ကြီးပေါ်မှာ သောင်ထွန်းနေတာမှာ အကြီးကြီးပဲ ဟိုအရင်က ဒီလိုမဟုတ်ဘူး။ ဇက်ပေါ်မှာ ကိုကျော်စိုးနဲ့ ဖူးပွင့်တို့က ပဲပေးလိုက် ကျနော်က ဓာတ်ပုံရိုက်လိုက် နဲ့ ပျော်စရာကြီး။ ထီးချိုင့်ရောက်တော့ လဖေ့ရေဆိုင်မှာ မနက်စာစားကြတယ်။ ဆိုင်ပုံစံကြည်ပြီး မဟန်တာနဲ့ သူငယ်ချင်းတွေမှာတာကိုကြည့်တော့ အခြေအနေက အတော်ဆိုးတယ် ဒါကြောင့် အပြင်ထွက်ပြီး ဈေးက ကောက်ညင်းပေါင်းနဲ့ အကြော် ၅၀၀ ဖိုးလောက်သွားဝယ်ပြီး စားလိုက်တယ်။ ကောက်ညှင်းပေါင်းနဲ့…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (20-21/05/2013)

ကိုကျော်စိုးက အင်းတော်မှာ သင်တန်း တစ်ခုသွားကူစရာရှိတယ် လိုက်မလားလို့ မေးကတည်းက  ၁၀ နှစ်ကျော် မရောက်ခဲ့ ဝေးနေတဲ့ ကိုယ် ၁ နှစ်လောက်နေခဲ့တဲ့ ဒေသကို ပြန်ရောက်တော့မှာမို့ ကျနော် ရင်တွေ ခုန်နေခဲ့တယ်။ ကသာမှာ ၁ နှစ်ကျော်သာနေခဲ့ရပေမဲ့ ကျနော်အတွက် အမှတ်တရ တွေ သတိရစရာတွေ လွမ်း စရာတွေ အများကြီး အများကြီးပါ။ နဘားဘူတာ၊ လင်းယုန်စာပေ၊ အန်တီစန်းနုခေါက်ဆွဲ၊ အားမာန်ကွမ်းယာ၊ ရေတွင်းအကြော်ဆိုင်၊ ဧရာဝတီမြစ်ကမ်း၊ ပတ္တမြားရပ်ကွက်၊ ဧဒင်လဖေ့ရေ ဆိုင် စတဲ့ စတဲ့ မှတ်မှတ်ရရ ဖြစ်စရာတွေ အများကြီး အများကြီး တည်ရှိနေတဲ့နေရာပေါ့။ ဒီလိုနဲ့ ၁၀ နှစ်ကြာမရောက်ခဲ့တဲ့ နောက်တစ်ခေါက်ဘယ်တော့မှ ပြန်ရောက်ဘူးလို့ ထင်ခဲ့တဲ့ ကသာဒေသကို ကျနော် ပြန်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။…

Rate this:

အင်းလေးကန်ငါးများ၊ မခင်သန့်

စာအုပ်အမည်                      အင်းလေးကန်ငါးများ ပြုစုသူ                               မခင်သန့် ထုတ်ဝေသည့်ခုနှစ်                 ၁၉၆၈ ပုံနိုပ်ထုတ်ဝေသည့်တိုက်          တက္ကသိုလ်များ ပုံနိုပ်တိုက် စာအုပ်အမျိုးအစား                 သတ္တဗေဒပညာရပ်ဆိုင်ရာစာတမ်း အင်းလေးကန်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ စာတမ်းတွေကို အင်တာနက်စာမျက်နှာပေါ်မှာ တင်ပေးချင်နေတာ ကျနော် အင်းလေးဒေသမှာ အလုပ်စလုပ်ရတဲ့ အချိန်ထဲကပါ။ အင်းလေးဒေသနဲ့ ပတ်သတ်တဲ့ ပညာရပ်ဆိုင်ရာစာတမ်းတွေ၊ လူမှုစီးပွားဆိုင်ရာ အချက်လက်တွေ၊ မြေပုံတွေ၊ ရိုးရာ ယဉ်းကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ပုံပြင်တွေနဲ့ အစားအသောက်တွေ အကြောင်း လက်လှမ်းမှီသလောက် အင်တာနက်စာမျက်နှာပေါ်မှာ လွယ်လင့်တကူ တင်ပေးနိုင်အောင်ကြိုးစားနေပါတယ်။ အခုလောလော ဆယ်တော့ Facebook မှာ Inle Info ဆိုပြီး Fan Page လေး တစ်ခုလုပ်ထားပါတယ်။ အဲဒီမှာ စုဆောင်းရသမျှကိုလည်း ဘလော့လေးတစ်ခုလုပ်ပြီးတင်ဖို့ ရှိပါတယ်။ အင်းလေးနဲ့ ပတ်သတ်ပြီး ဒေတာတွေ…

Rate this: