ဖုန်း…ဖုန်း…ဖုန်း…တယ်လီဖုန်း

တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ်အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက်တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။ ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး…

Rate this:

ရမည်းသင်း မြို့စား ဖတ်ဖို့စာ

ကလေးလေးတစ်ယောက် ပြုံးနေတယ်။ လူငယ်လေးတစ်ယောက် ပြုံးနေတယ်။ ဦးလေးကြီး တစ်ယောက်ပြုံးနေတယ်။အားလုံး အားလုံးက ပြုံးနေတယ်။အားလုံး ပြုံနေတော့ ကြည့်လို့ကောင်းတယ် ရွင်နေတယ် ပျနေတယ် သွက်နေတယ် ပျော်နေကြတယ်။ ပြုံးနေတဲ့လူတွေ နေတဲ့ နေရာ ကပျော်စရာ နေလို့ကောင်းတဲ့နေရာ။ ကျနော်တို့ နေတိုင်း အချိန်တိုင်း ပြုံးနေကြရင်၊ ငြိမ်းချမ်းကြ၊ ပျော်ရွှင်နေကြရင် ကိုယ်သာမဟုတ်ပဲ အခြားသူတွေ အတွက်လည်း အကျိုးရှိမှာပဲ။ ကျနော်တို့ အသက်တာမှာ တန်ဖိုးရှိရှိနေချင်ရင် မိုးလင်း အိပ်ယာနိုးတာနဲ့ ပြုံးပြုံးလေးနေကြမယ်။ နံနက်ခင်း ကို လှပကြက်သရေရှိသွားအောင် ပြုံးလိုက်တာဟာ အကောင်းဆုံးနည်းပဲ။ ကျနော်တို့ ပြုံးလိုက်တာဟာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ဆိုတဲ့ စိတ်နေသဘောထားကို ပြသတာပဲ။ နိုးကြားတက်ကြွပြီး ငြိမ်းချမ်းလိုတဲ့ နှလုံးသားကို ပိုင်ဆိုင်မှ ပြုံး နိုင်မှာလေ။ နိုမို့ရင်…

Rate this:

ပိုက်ပိုက် မပေါတာ မှားလား

  ဒီစာကို ကသာ အင်းတော် ဒိုင်ယာရီမှာ ထည့်ရေးမလို့ပဲ ဒါပေမယ့် သက်သက် ခေါင်းစဉ်ခွဲရေးချင်တာကြောင့် ခွဲရေးလိုက်ပါတယ်။ ကသာက မိတ်ဆွေတွေ သူငယ်ချင်းတွေ ဆီသွားတွေ နှုတ်ဆက်စကားပြောခဲ့တာ တစ်မြို့လုံးနီးပါးပဲ။ နောက် အရင်က အတော်ကို ခင်ဖူးတဲ့ အဒေါ်ကြီးတွေဆီသွား နှုတ်ဆက်တော့ သူတို့ က ကျနော် ဘာအလုပ်လုပ်နေလဲ လစာ ဘယ်လောက်ရလဲ NGO ဆိုတော့ ထောမှာပေါ့ဆိုတဲ့စကားတွေ ကို လှိုင်လှိုင် မေးကြတယ်။ ကျနော်အလုပ်နဲ့ ပတ်သတ်ပြီးမေးတဲ့ မြန်းတဲ့ အခါမှာ လူတွေ အတော်များ စမေးကြတာ က လစာ ဘယ်လောက်ရလဲဆိုတာပဲမေးကြတယ်။ ဘယ်လိုတွေ လုပ်ရလဲ။ ဘာတွေလုပ်ရလဲ။ ပျော်လား။ ဘာလို့ အလုပ်ကို လုပ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုး အတော်ရှားပါတယ်။ အဲဒီအဒေါ်ကို…

Rate this:

ညနက်နက်မှာ လထွက်တဲ့အခါ (ငြိမ်းချမ်းရေးအခါတော်နေ့ အမှတ်တရ)

လွန်လေပြီးသော နှစ်ပေါင်း ၂၆၀၀ ……………………….. ဘာရတ်(ခ)မဇ္ဈိမ(ခ) အခုခေါ်တော့ အိန္ဒိယဆိုတဲ့ ဒေသကြီးရဲ့ မြောက်ဘက်ပိုင်းက  ဟိမ၀န္တာ တောင်တန်းတွေက မြစ်ဖျားခံပြီး လှပစွာတသွင်သွင် စီဆင်းနေတဲ့ ဝတီ ရောဟဏီ……။ သူရဲ့ တဘက်တချက်မှာ ကောလိယမြို့ပြနိုင်ငံရဲ့ နန်းစိုက်ရာ မြို့တော် ရာမဂါမ နောက်တဘက်မှာတော့ စကျ(သကျ)တို့ရဲ့ နေပြည် ကလိလဝတ်….။ ဒီမြို့ပြနိုင်ငံလေးနှစ် နိုင်ငံ ဘေးချင်းရှိနေပေမယ် ပထဝီနိုင်ငံရေးအရ ပြဿနာမတက် အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေးများကြောင့်ချက် ပြဿနာမရှိ။ နှစ်နိုင်ငံသားပေးသမီးယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြ တယ်။ နှစ်ဘက်ထီးနန်းမျိုးဆက်များကလည်း ထိုခေတ်ဘာသာရေးဂိုဏ်းကြီး တစ်ခု ဖြစ်တဲ့ ဝေဒအစဉ်လာတွေ ကို ပစ်ပယ်ပြီး သာမဏအကျင့်နဲ့ အလယ်လတ်လမ်းကို ဖော်ထုတ်ပြခဲ့တဲ့ ဂေါတမ ဗုဒ္ဓ နဲ့လည်း ဆွေးမျိုးတော် စပ်ကြပြန်သေးတယ်။ နှစ်ပြည်ထောင်လုံး စိုက်ရေးပျိုးရေးအတွက်…

Rate this:

ညီကိုတို့ သဘောတူလျက် ပေါင်းဖော်ကြသည်မှာ………

မနေ့ ညက မုခစာအုပ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်လျက်နဲ့ ခရစ်စမတ်မှာ ပျော်တာရွှင်တာ ဘာညာဘာညာ လုပ်တာဟာ ဗုဒ္ဓဘာသာမပီသဘူး ဘာဘူး ညာဘူး ဆိုတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ FB Status မှာ တွေ လိုက်ရတယ်။  တကယ်ထမ်းပြောရင် ဒီဇင်ဘာလ ၂၅  ရက်နေမှာ မာရီခရစ်စမတ် ဆိုတာက ဘာသာရေး သဘောထက် ယဉ်ကျေးမူသဘောသတ်ရောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉ရာစု နှောင်းပိုင်း လောက်ထဲက ခရစ်ယာန်ဘာသာကိုးကွယ်သူအများဖြစ်တဲ့ နိုင်ငံတွေက ကမ္ဘာနေရာအတော်များကို သိမ်းပိုက်ထားပြီး သူတို့ရဲ့ ယဉ်ကျေးမူ ဓလေ့တွေကို နှစ်ပေါင်းရာချီသွတ်သွင်းခဲ့လို့ ပါ။ဒါကြောင့် ဒီကိုလိုနီ လက်အောက်ခံဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ ခရစ်ယာန်ယဉ်ကျေးမူထွန်းကားခဲ့တယ်။ ကိုလိုနီမဖြစ်ခဲ့တဲ့ နိုင်ငံတွေ တောင် ယဉ်ကျေးမူအရ သွတ်သွင်းခံရတာတွေရှိပါတယ်။ ကျနော်တို့ အာရှနိုင်ငံအတော်အများလည်း ဒီလိုပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လျက်…

Rate this:

ဖေ့ဘုတ်မောင်မောင်

ဒေါက်တာမောင်မောင်၊ စနေမောင်မောင်၊ ရာဟုမောင်မောင်၊ ကာတွန်းမောင်မောင်တို့ စသဖြင့် မြန်မာပြည်တွင် မောင်မောင် များစွာရှိသည်။ အခု ကျွန်တော်ပြောပြမည့် မောင်မောင်ကား ဖေ့ဘုတ်မောင်မောင် ဖြစ်လေသည်။ ဖေဘုတ်မောင်မောင် အင်တာနက် မသုံးခင်က နာမည်မှာ မောင်မောင် ပင်ဖြစ်သည်။သို့သော် အင်တာနက် စသုံးတတ်ပြီးနောက်ပိုင်း ချက်မောင်မောင် ဂျီတော့မောင်မောင် စသဖြင့်ခေါ်ကြသည်။ အခုတော့ ချက်မောင်မောင် ဂျီတော့ မောင်မောင်မဟုတ်တော့ ပိုအဆင်မြင့်လာပြီး တော်လှန်ရေးသမားမျိုးချစ် ဖေဘုတ်မောင်မောင် ဖြစ်လာပြီ။ မောင်မောင်သည် ၁၀ တန်းကျကာ ဘာလုပ်ရမှန်းမသိ လက်ယားလက်ယား ဖြစ်နေချိန် အကိုတစ်ဝမ်းကွဲ မောင်မောင် ပျက်စီးမည်စိုးသောကြောင့် သူဖွင့်ထားသော အင်တာနက်ဆိုင်တွင် ဆိုင်စောင့် ရန် တာဝန် ပေးသည်။ ဒီအချိန်မှစ၍ မောင်မောင် အင်တာနက်ကို စတင်သုံးတတ်လာလေသည်။ မောင်မောင်က ၁၀ တန်း မအောင်သော်လည်း…

Rate this:

ရွာကို လမ်း မဖောက်စေနဲ့

အဘ ဆုံးတာကြာပြီ အခုချိန် အဘကို အရမ်း သတိရမိရဲ့။ အဘက ရွာကို အင်္ဂလိပ်လက်ထက်အပြီး ပထစ ဖဆပလ ခေတ် ပြည်တွင်းစစ်ကတည်းက ရွာကျေးရွာလူထုက ရွှေးချယ်ထားတဲ့ သူကြီး ။ သူ သူကြီးနေရာ ကို ရတာ ရွှေးကောက်ပွဲလုပ် မဲခွဲဆုံးဖြတ်တာလဲမဟုတ်ဘူး အစိုးရနဲ့ ရောင်စုံသူပုန်တွေ က လာပြီး သူကြီး လုပ်ခိုင်းလို့ လုပ်တာလဲ မဟုတ်ဘူး တိုင်းပြည်မငြိမ်မသက် ဖြစ်တဲ့ အချိန် ကျေးရွာကို ဦးစီး ဦးဆောင် ခိုင်းလို့ အဘ မတတ်သာပဲ ကျေးရွာ အုပ်ချုပ်ရေး သူကြီး နေရာရခဲ့တာပါ။ အဘ က တော့ အေးအေး ဆေးဆေးပဲနေလိုတယ်။ ဒါပေမဲ့ သူချစ်တဲ့ ရပ်ရွာအတွက် သူ လုပ်ပေးရတယ်ပေါ့။ ပြည်တွင်းစစ်ကာလ…

Rate this: