စံပြလင်မယား အဖိုး နဲ့ အဖွား (ပြဇာတ်)

ဟိုးအရင် လူက လိမ္မာတုန်းက ဘာသာရေး အတော်လုပ်ဖြစ်တယ် ဆရာတော်တွေဟောကြားတဲ့ ဟောတရားတွေကိုလည်း အတော်နာဖြစ်တယ်။ ဒီလို နာဖူးတဲ့ ဖတ်ဖူးတဲ့ တရားတော်တွေထဲဝိဿာသကအရာ၌ ဧတဒဂ်တစ်ဦးနှင့်တစ်ဦး ယုံကြည် ရင်းနှီး အကျွမ်းဝင်မှု (mutual trust and harmony) ရှိရာတွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံ ဖြစ်တဲ့ နကုလပိတာ နဲ့ နကုလမာတာ တို့ အကြောင်း ကလေးတွေအတွက်ရေးဖို့  ဆရာတော်ဦးဥတ္တမ က မိန့်တော်မူတယ်။ ဘုန်းဘုန်းဥဂ် တို့ ကို ကူညီပေးချင်တာ တစ်ကြောင်း ဒီ နကုလပိတာတို့ အကြောင်း သဘောကျတာ တစ်ကြောင်း ဘာသာရေးစာတွေ မရေးတာ ကြာခဲ့ပြီဖြစ်လို့ ရေးလိုက်ပါတယ်။ အမှားတွေ ပါရင် ထောက်ပြဝေဖန်ကြပါ။ ဒီစာကို ရေးဖို့ ခွန်းအား ရလာတာကတော့…

Rate this: