ဖုန်း…ဖုန်း…ဖုန်း…တယ်လီဖုန်း

တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ်အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက်တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။ ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး…

Rate this:

ကျနော် ယုံကြည်လက်ခံထားသော ဘာသာရေးအကြောင်း

ကျနော်မှာ သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့နာမည်မှာဖာဒီမာ မဒူနာ ဂျစ်တူး ဖြစ်သည်။ သူသည် ဝက်သား မစား အမဲသားကိုစားသည်။ ကျနော်ကမှု အမဲသားမစားဝက်ကို အလွန်ကြိုက်သူဖြစ်သည်။ ကျနော်တို့ နှစ်ယောက်ကား သူငယ်ချင်းများဖြစ်ကြသည်။   တစ်ယောက်ကိုတစ်ယောက် ကောင်းစေ ချင်သော မေတ္တာထားကြသည် ချစ်ခင်ကြသည်။ သူက ကျနော်သိပ်ကြိုက်သော ဝက်သားကို မစားစေချင်အမဲသားကို စားစေချင်သည်။ ကျနော်ကလည်း သူကို အမဲသားကို ပြတ်စဲပြီး ဝက်သားကို စုံမက်စေချင်သည်။   သူက ဝက်သားဟာ ဒဏ္ဍာရီအရ နောဧသင်္ဘောပေါ်က အညစ်ပတ်ဆုံးအကောင်ဖြစ်ပြီး ဝက်သားကိုစားရင် ရောဂါဘယထူပြောကြောင်း ကျနော်ဖြစ်နေသော နှလုံးရောဂါနဲ့လည်းမတည့်ကြောင်း စသဖြင့်  ဝက်သားမကောင်းပြောပြီးအမဲသားဟာ လူအတွက် အဟာရပြည့်ဝစေကြောင်း အရသာမှာ လည်းကောင်း ကြောင်း ကျန်းမာရေးနဲ့လည်းညီညွတ်ကြောင်းပြောပြီး အမဲသားအဆွယ်တရားဟောသည်။     သူဘယ်လိုဟောဟော…

Rate this:

ယင်းမာပင်ကို တစ်ခေါက်ရောက်ခဲ့တယ်….

2013 Kuala Lumpur, Malaysia မှာ လုပ်တဲ့ International Engaged Buddhist Network (INEB) ရဲ့   Bi Annual Conference ကို သွားဖို့ အကုန်စီစဉ်ပြီးကာမှ Passport သက်တမ်းက ၆လရှိဖို့ တစ်ရက်စွန်းတာကြောင့် သွားဖို့ အားခဲထားတဲ့ Bi Annual Conference နဲ့  အလွဲကြီး လွဲ ခဲ့ရတယ်။ ကျနော်ကို အဲဒီကို သွားဖို့ ထောက်ပံ့ပေးတဲ့ မိတ်ဆွေတွေကို လည်း အားနာကြီး အားနာမိတယ် စိတ်လည်းရှုပ် စိတ်လည်းညစ် စိတ်ဓာတ်လည်းကျတယ်။ ဒါပေမဲ့ ကျနေတဲ့ စိတ်ဓာတ်က ကြာကြာအောက်မှာ မနေရပါဘူး နောက်ဆက်တွဲ ယင်းမာပင်မှာ ရဲဘော်စွမ်းရည်ထက်တို့ လုပ်တဲ့ ကိုမြင့်ဇော် (စာရေးဆရာမောင်မြင့်ဇော်) ဒေါ်လေးဒေဝီ (စာရေးဆရာမ…

Rate this:

Happy Birthday သားကြီးငသန့်၊ ဘုတ်ထိုင်း၊ အယ်စတုံ

မင်း ၂၆ နှစ်ပြီ ငါတို့စသိတော့ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်က Shalom မှာလုပ်တဲ့ IYCAP ရဲ့ Youth Network  ပွဲမှာ စတွေ့ဖြစ်တယ်။ နင်ရယ် ဂျပိုင်ရယ် ကိုကျော်မင်း ရယ်။ မင်း ပုံပြောသူများ အကြောင်း စမိတ် ဆက်တော့ အကြောင်းအရာက ငါ စိတ်ဝင်စားတဲ့ ရိုးရာပုံပြင်တွေ ဒီထက် မင်းရဲ့ စိတ်အားထက်သန်မှုကြောင့်  မင်းကို စမိတ်ဆက်ဖြစ်တယ်။ နောက် ငါလည်း ပုံပြောသူ ဖြစ်လာခဲ့တယ်။   စခင်မင်ပြီး သိပ်မကြာ မင်းတို့ အောင်သပြေမှာ အပန်းဖြေကြတယ်မဟုတ်လား။ အဲတုန်းက စခင်စ ဆိုပေမဲ့ အတော် မင်းတို့အတွက် စိုးရိမ်မိတယ်။ နောက် မင်းနဲ့အတူ ပုံပြောသူများထဲ စပါဖြစ်တယ်။…

Rate this:

ရမည်းသင်း မြို့စား ဖတ်ဖို့စာ

ကလေးလေးတစ်ယောက် ပြုံးနေတယ်။ လူငယ်လေးတစ်ယောက် ပြုံးနေတယ်။ ဦးလေးကြီး တစ်ယောက်ပြုံးနေတယ်။အားလုံး အားလုံးက ပြုံးနေတယ်။အားလုံး ပြုံနေတော့ ကြည့်လို့ကောင်းတယ် ရွင်နေတယ် ပျနေတယ် သွက်နေတယ် ပျော်နေကြတယ်။ ပြုံးနေတဲ့လူတွေ နေတဲ့ နေရာ ကပျော်စရာ နေလို့ကောင်းတဲ့နေရာ။ ကျနော်တို့ နေတိုင်း အချိန်တိုင်း ပြုံးနေကြရင်၊ ငြိမ်းချမ်းကြ၊ ပျော်ရွှင်နေကြရင် ကိုယ်သာမဟုတ်ပဲ အခြားသူတွေ အတွက်လည်း အကျိုးရှိမှာပဲ။ ကျနော်တို့ အသက်တာမှာ တန်ဖိုးရှိရှိနေချင်ရင် မိုးလင်း အိပ်ယာနိုးတာနဲ့ ပြုံးပြုံးလေးနေကြမယ်။ နံနက်ခင်း ကို လှပကြက်သရေရှိသွားအောင် ပြုံးလိုက်တာဟာ အကောင်းဆုံးနည်းပဲ။ ကျနော်တို့ ပြုံးလိုက်တာဟာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ဆိုတဲ့ စိတ်နေသဘောထားကို ပြသတာပဲ။ နိုးကြားတက်ကြွပြီး ငြိမ်းချမ်းလိုတဲ့ နှလုံးသားကို ပိုင်ဆိုင်မှ ပြုံး နိုင်မှာလေ။ နိုမို့ရင်…

Rate this:

အိဖြိုး(ခ) ငကစ်ဆိုသည်မှာ

လွန်ခဲ့တဲ့ လေး နှစ်လောက်က ပရဟိတ စေတနာ့ဝန်ထမ်းအလုပ်တစ်ခုလုပ်ဖို့ ရွာတစ်ရွာမှာ တာဝန်ကျခဲ့ဖူးသည်။ ရွာတွင်နေရတဲ့ ကာလက တစ်လ စာသင်ပေးရတဲ့ ကလေးက ၂၀၀ အဲဒီ အချိန်မှာ ကျနော် ညီမတစ်ယောက် ကောက်ခနဲ ရခဲ့သည်။ သူနာမည်ကား အတော်တော့များလှသည်။ နာမည်အရင်း က အိအိဖြိုးလွင် ဘိုနာမည်က Kirsty ကျနော်ကတော့ ကစ်မ လိုခေါ်သည်။ သုံးမည်ရ ငကစ်ဖြစ်သည်။ သူကား မှောင်နေတဲ့ အချိနတွင် သွားဖြဲပြီး ပြုံးပြမှသာ  သူကို မြင်ရတယ်။  လင်းနေသည့် အချိန်တွက်တော့ အဝေးကနေမဲသဲမဲသဲဖြင့် မြင် လှမ်း၍မြင်နိုင်သည်။ လူပုံပုတက်တက် အသားမဲမဲ စကားဝဲဝဲ သွားကျဲကျဲ နှင့် တလောကလုံး စိတ်ညစ်သွားလောက်အောင် ပြုံးပြနိုင်သူဖြစ်သည်။ အစားနဲ့ ပါးစပ် မပြတ်စားနိုင် သောက်နိုင်…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  အောင်းကုန်းရွာ က ဗန်းမောက် – အင်းတော်သွားတဲ့ လမ်းပေါ်မှာရှိတာ။ အမှန်ဆို ဒီကနေ အင်းတော်ကို တဆင့်သွား အင်းတော်က ကြုံရာကားနဲ့ ကသာကို လိုက်ပြီး သွားရမှာ ကံကောင်းချင်တော့ အောင်းကုန်းရွာသူ နီလာအေး(ကတူးစာ/ယဉ်)ကျေးဇူးနဲ့ ကသာကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်။ အင်းတော်နဲ့ ကသာကြား လမ်းတွေက အတော်ကို ဆိုးနေပြီ မန်း-ရွှေဘို-မြစ်ကြီးနား(စီမံကိန်းလမ်း)က နဘားဘက် ကွေ့တာဆိုတော့ နဘားလမ်းခွဲကနေ ကသာအထိက အတော်ကိုဆိုးတဲ့လမ်း ဖြစ်နေပြီ။ ဒီဘက်က သစ်တောတွေကောင်း ကျွန်းသစ်တွေ ရှယ်ထုတ်နိုင်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ အခုထိမကောင်းနိုင်သေးဘူး ကသာ ဗန်းမော်တကြောတော့ ကျွန်းတွေကုန်သလောက် ရှိပြီ။ နောက်ဒီဘက်မှာ ကျွန်းဘယ်လောက်တောင်ပေါလဲ ဆိုရင် ထင်းစိုက်ရင် တခါတလေ ကျွန်းကို သုံးသတဲ့ ကြံချက်လုပ်ငန်းတွေမှာ ကျွန်းနဲ့ မီးမွေးသတဲ့ ဒီလိုကြားရတာ…

Rate this: