မုန်းတယ်

အချစ် အမုန်းဆနှုန်းချိန်ရာ ချိန်ခွင်လျှာက အမုန်းဘက်သာ သစ္စာစကား အသဲခါးတယ်။ သကာရည်လူး အဆိပ်ဖူးကို ပန်းဦးထင်မှတ် မချွေတတ်လို. အမြတ်တနိုး ရင်ကျိုးရတယ်။ အမုန်းဟူသမျှ ဒီလောကတွင် အလှပြယ်ပျောက် သစ္စာဖောက်၍ ရင်နှင့်အမျှ ခံစားရတယ်။ ကြော့ဆုံးအသဲ မာယာရှင်ကြောင့် ဆွေးလဲဆွေးတတ် လွမ်းမှတ်မှတ်နှင့် နှလုံးရောဂါ မသက်သာပြီ ဆယ်သက်ဆယ်ကမ္ဘာ မုန်းမည်တည်း။ P.S အရင်မုံရွာမှာနေတုန်းက ရေးထားတာ လေးနှစ်လောက်ကြာပြီ ကောင်းမလေးတစ်ယောက်အတွက်ရေးထားတာ အခု သူနဲ့ အခင်အမင် မပျက် ပဲ သူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိဆဲပဲ ကဗျာကို ပြန်ဖတ်ကြည့်တော့ ရီစရာကြီင်္းဖြစ်သွားတယ် ရေးတဲ့ အချိန်တုန်းက တော့ အတော်လေး ခံစားပြီးရေးထားတာ အခုတော့ ဟာသ တစ်ပုဒ်ပါပဲ Advertisements

Rate this:

သိထားရမှာ

လူပြိန်းတွေရင်ခုန်ဖို. နှလုံးသားကို မိတ်ကပ်မလိမ်ကြနဲ့ ကြည်.တတ်မြင်တတ်တန်ဖိုးထားတတ်မှ နှလုံးသားအလှကိုမြင်မယ် အမှန်းတရားနဲ. ဆုံးပါးသွားတဲ့ လူတွေမနည်း ကဲ သတိထားကြ သတိထားတာ အသိတရားရဲ.ကိုယ်ရံတော် အရှိတရားကို ကြည့်မမှားစေဖို. သိထားရမယ်။

Rate this:

ယောနိသောမနာသိကာရာ

သူငယ်ချင်း မင်းလုပ်သမျှအဆင်ပြေ ပျော်စရာပဲကြုံတွေလဲ ပျော်စရာထဲ မရစ်မှုးမနေနဲ့ နှလုံးသွင်းပါ သင့်တင်စွာ ယောနိသောမနာသီကာ။ သူငယ်ချင်း မင်းလုပ်သမျှအဆင်မပြေ စိတ်ညစ်စရာတွေ တွေကြုံနေ စိတ်မညစ်ပဲ နှလုံးသွင်းပါ ယောနိသောမနာသိကာရာ။ စေတနာထားကာလုပ်ဆောင်ပါ ဝေဒနာဖြစ်တဲ့အခါ ဥပက္ခာပြုပါ ငြိမ်းအေးစွာ ယောနိသောမနသ်ကာရာ။

Rate this:

သူတော်ကောင်းသူမြတ်လောင်းကြီးတွေ

ဂုဏ်ကြက်သရေ နဲ့နာမည်ကောင်းတွေကို တရားမ၀င်မှောင်ခိုလုပ်ထား တဲ့ လူကြီးလူကောင်းလူသူတော်ကောင်းကြီးသည် အမှားများကို အမှန်နေရာသို.ခိုးယူတင်ပို.နေကြသည် ငွေရောင်အောက်မှာ အမှန်တရားအစစ် တိပ်ဆိပ်နေတတ်သည် အမှန်တရားရဲ.ဘက်တော်သားများသည် အဓမကိုပေရာလကန်ပြုပြီး ဧကစာရီကျင့်ကြံနေထိုင်ကြသည် သူတို.ယုံကြည်ရာတွေဟာ စကားလုံးဖြစ်တည်မှုနဲ.လူဘောင်မှာ မမောမပန်းကူးသန်းနေကြသည် နိဗာန်ကို တံတားထိုးထားတဲ့ တရားကြိုးတန်းပေါ်မှာ အဓမ္မကို မဖျက်နိုင်ပဲ လှုပ်လီလှုပ်လဲနဲ. ငုတ်တုတ်မေ့နေရဲ့……………

Rate this:

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာ သား ဇာတိနတ်မောက် မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား …. တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့ မမေ့အား ဒီမိုကရေစီ  လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား…။

Rate this:

ကျောင်းတော်လွမ်းချင်း

ကျောက္ကာရွှေဂူနီ ဘုရားကိုလ ဖူးမြင်ရစေလို ဘော်ဒါတွေလွမ်းတဲ့စိတ်နဲ. ကြိတ်၍သာငို ကျမျက်ရည်စိုရွှဲ ပျော်ရွှင်စွာဘော်ဒါတွေနဲ. ကဲချင် လှတယ် ကျောင်းဘယ်တော. ဖွင့်မလဲ။ ကျောက္ကာဦး မှာ သောက်ခါအမြဲ မှောက်ကာလဲပြီး လျှောက်ပါဆဲ ကမြင်းကျောထ တဲ့ရက်တွေကို စိတ်ဝယ် သတိရ မန်းတောင်မြေ အရပ်တပါးဆီက တမာမြေတို့ တက္ကသိုလ်ကို မျှော်မိတိုင်းလွမ်းလှတယ်လေး။ ps:မုံရွာ မှာကျောင်းတက် တုန်းက ရေးထားတာ ပါ ကျောင်းပိတ်ရင် ဘော်ဒါတွေလွမ်းလိုလေ မန္တလေး မှာတုန်းက ရေးထားတာ ပထမနှစ် ကျောင်းပိတ်တုန်းက ပေါ့

Rate this: