အသဲကွဲသွားတဲ့ ဘုန်းဘုရား

ဘုန်းဘုန်းဦးလောကနာထဆို ဓမ္မဘလော့ဂါလောကမှာ မသိသူ ခပ်ရှားရှား ဓမ္မဘလော့ပေါင်း ၁၀ခုလောက်ကို ဒိုင်ခံ ရေးနေတဲ့ တကယ် ကို သာသနာပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ လုပ်နေတဲ့ ရဟန်း တပါးပါ။ ဘုန်းဘုန်း ၉ရက်နေမှာ ခွဲစိပ်ရမယ်ဆိုတာ သိရတာနဲ့ ဘုန်းဘုန်း ကျန်းမာရေးအတွက် ကျွန်တော်တို့ အားလုံး စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။ တရား စောင့်သောသူအား တရားက ပြန်စောင်၏ ဆိုတဲ့ အတိုင်း ဘုန်းဘုန်းခွဲစိပ်တာအောင်မြင် ကြောင်း သိတာတော့ စိတ်ပူနေတာ က အလုံးကြီးချသွားတယ်။ ဘုန်းဘုန်းရဲ့ အသဲကို ခွဲထုတ်လိုက် ကြောင်း သိလိုက်ရတယ်။ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းတဲ့ကြားက သာသနာအတွက် ဘလော့ပေါင်း များစွာ ကို တစ်ယောက်တည်း ဒိုင်ခံ ရေးနေတဲ့ ရှားရှားပါးပါး ဘုန်းဘုန်းပါ။ ဘုန်းဘုန်းက ဘယ်သူမှ…

Rate this:

သင်္ကြန်အကြတ်နေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ကန်တော်ကြီးပတ်လမ်းရှိ မျှော်စင်ကျွန်းဝင်ပေါက်၊ (Special One(X2O) မဏ္ဍပ်အနီးတွင် ဧပြီလ ၊(၁၅)၊ သင်္ကြန် အကြတ်နေ့၊ ညနေ ၃း၀၀ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ ခန့်မှန်းခြေလူ အယောက် ( ၁၅၀)ခန့် ဒဏ်ရာရှိပြီး၊ သေဆုံးသူ ၂၀ဦး ထက်မနည်း သေဆုံး ခဲ့သည်ဟု သိရှိရပါသည်။ ဒဏ်ရာရရှိသူအများစု၏ ဒဏ်ရာများမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် အများဆုံး တွေရှိရပြီး။ လမ်းဘေးဈေးသည်များ၊ ကလေးများနှင့် ရေပက်ခံထွက်သူ အများစု ထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။ ရန်ကုန်ဆေးရုံကြီး အနီးပတ်ဝန်းကျင်တွင် ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများဖြင့် ပြည့်နှက်နေသည် ကိုတွေ့ရပါသည်။ P.S : ရန်ကုန်ပြည်သူဆေးရုံကြီးတွင်ကိုယ်တိုင် သွားရောက်ကြည်ရူခဲ့ပါသည်။ ဓာတ်ပုံကို ကိုညီလင်းဆက် ဘလော့မှ ယူပါသည်။

Rate this:

Bijli မုန်တိုင်း

ကိုညီလင်းဆက်ဆီမှာတင်ထားလိုပြန်တင်လိုက်တာပါ။ Bijli ဘိဂျလိလို့ နာမည်ရတဲ့ မုန်တိုင်းတစ်လုံး မြန်မာပြည်ထဲ ဝင်ပါဦးမယ်။ ခန့်မှန်းချက်တွေအရ ရန်ကုန်ကတော့ လွတ်တယ်။ ရခိုင်၊ ချင်းနဲ့၊ မြန်မာပြည် အလယ်ပိုင်းကတော့ မုန်တိုင်း ရိုက်ခတ်တာ ခံရနိုင်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာပြည်ထဲကို မနက်ဖြန် မြန်မာနှစ်သစ်ကူးနေ့မှာ စတင်ချဉ်းနင်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မုန်တိုင်းဟာ နာဂစ်လို အင်အား အရမ်းကြီး ပြင်းထန်လွန်းတဲ့ မုန်တိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လေတိုက်နှုန်း တစ်နာရီကို ၃၉-၇၃ မိုင်နှုန်းရှိတဲ့ Tropical Storm အဆင့် ဖြစ်ပါတယ်။ Reuter နဲ့ AlertNet ကတော့ ဒီအချက်အလက်တွေဟာ ခန့်မှန်းချက်မျှသာ ဖြစ်ကြောင်း။ မုန်တိုင်းဝင်မယ့် ဒေသကလူတွေ အနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထားဖို့ လိုကြောင်း ပြောထားပါတယ်။…

Rate this:

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။ “အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။ “ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။ ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ…

Rate this:

ကျနော်ခွင့်ယူပါရစေ

ကျနော် အခု စာမေးပွဲနီးလာပြီ စာမရ ကျောင်းပျက် စာမရှိတာကြောင့် စာကျက်ရအောင် ဘလော့ရေးခြင်းကို ခဏ နားပါမယ် ၃ပတ်လောက်ပါပဲ  စာတွေကို ကျနော်တို.ကျောင်းက မမေဦးကျေးဇူးနဲ့စုံပါပြီ  အခုမီးကပျက်ပဲပျက်နေတယ်။

Rate this:

အမေရိကန်စီးပွားရေး ကယ်တင်မှု ထိရောက်ရေး သမ္မတ အခိုင်အမာပြော

ကျဆင်းနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကယ်တင်ဖို့ သမ္မတအိုဘားမား က ပထမဆုံးချပေးမယ့် ငွေကြေးပမာဏအပေါ် အမေရိကန်ပြည်သူတွေ တော်တော်များများက ယုံရခက်နေတဲ့ကိစ္စကို သဘောပေါက် နားလည်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ သူပထမဆုံး ပြောဆိုတဲ့ အပါတ်စဉ် အင်တာနက် မိန့်ခွန်းကနေ အခုလိုပြောဆို ခဲ့တာဖြစ်ပြီး၊ ဒီလို စီးပွားရေးကျဆင်းမှုကို ကူညီရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းကထွက်ပေါ်လာတဲ့ ရလဒ်တွေကို သူ့ အစိုးရအဖွဲ့က တာဝန်ခံမယ့်အကြောင်းကိုလည်း သမ္မတအိုဘားမားက ပြည်သူတွေကို အခိုင်အမာ ပြောလိုက်ပါတယ်။ ဒီအကြောင်းကို အိမ်ဖြူတော်က ဗွီအိုအေသတင်းထောက် ကန့် ကလိုင်ရန် (Kent Klein) ရဲ့သတင်းကို ကိုရန်နိုင် က တင်ပြပေးထားပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒေါ်လာ ၈၂၅ ဘီလီယံ ကမ်းလှမ်း…

Rate this:

လှည်းတန်းတွင်မီးလောင်

ယနေ. နေလည် ၁၁:၃၀ အချိန်တွင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့် တိုက်၃လွာတွင် မီလောင်သည်။ ၁၂:၃၀ အချိန်တွင် မီးငြိမ်း သွားသည်။ လျှပ်စစ်ဝါယာ ရှော့ဖြစ်ပြီး စတင်လောင်ပြီး အသေအပျောက် မရှိဟုနီးစပ်ရာ ကွမ်းယာဆိုင်က ပြောကြားသည်။

Rate this: