ဟုတ်ဟုတ်မဟုတ်ဟုတ်လုပ်

ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။ တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥသြစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် ရထားဘီးလိမ့်သံကြားရတယ် ဟုတ်………ဟုတ်..ဟုတ်..ဟုတ်..ဟုတ်…

Rate this:

ဟာသ

ဒီဟာသလေးကတော. six faces ဆိုတဲ.ဘလော.တစ်ခုမှာတွေ.လို. ကူးပြီးတင်ပေးလိုက်တာပါ။ရယ်မောပျော်ရွှင်နိုင်းပါစေ။ Today’s Equation! Human = eat + sleep + work + enjoy Donkey = eat + sleep Therefore, Human = Donkey + work + enjoy If, Human – enjoy = Donkey + work In other words, Human that don’t know enjoy = Donkey that work Men = eat + sleep +…

Rate this:

ဘလော့ဂ်နာကျ လေပွသောခါ

ဘလော့ဂ်နာကျ လေပွသောခါ။ ကီးဘုတ်ကိုဆွဲ၊ စိတ်အားကို ခဲကာ။ ရှည်ကြာထိုင်လစ်၊ ပို့စ်အသစ် ထွက်မလာ မုဒ်ပျောက်စိတ်ထွေ၊ ဝေလေလေ. ရေသာသောက်၍ အိပ်သည်နှင့်လေး။ ။ ဂူဂယ်လ်ရီဒါ၊ ပို့စ်သစ်တွေ တက်လာ သူများတကာရေးပုံ၊ နည်းစုံကြည့်ကာ ငါလည်း ဒီတစ်ခါ၊ အဟုတ်တကယ်ရေးမှာ လုပ်မယ်တကယ်ဟ၊ အားမာန်ပြ နွမ်းလျစိတ်လေ၊ ပို့စ်မရချေ လိပ်ခွေနုံးလျက်၊ ဂျီတော့ခ်မှာချက် လက်သာညောင်း၍ အိပ်သည်နှင့်လေး။ ။ စာရွက်ပေါ်ဝယ်၊ အသွယ်သွယ်ရေးခါ သုတရသ၊ နည်းပညာခွဲရာ ၀မ်းသာအားရ၊ ရေးပြမည်လေ စိတ်မထွေတမ်း၊ မရမကဖမ်း ပွဲကြမ်းသည်ကြောင့်၊ မုဒ်ပြန်ပျောက် စားပွဲပေါ်မှောက်၍ အိပ်သည်နှင့်လေး။ ။ ယူကျူဘ်ဝင်ချက်၊ ပို့စ်သစ်တွက်ရှာ ဆားချက်မည်ပေါ့၊ စိတ်ဖော့ထားခါ နားထောင်လေရာ၊ သီချင်းထောင်တစ်ရာ ခေါင်းတွင်တွင်ကုတ်၊ ပို့စ်ထုတ်မရပါ စွေ့စွေ့ကယ်ခုန် လူတောင်တုန် ရှိသမျှ ဘရောက်ဇာ၊…

Rate this:

ဒါမြန်မာကွ

တနေ.သောအခါ နိုင်ငံတကာပညာရှင်များ အစည်းအဝေးတွင် အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင်ကမြန်မာနိုင်ငံ၏ပုဂံအကြောင်းစာထမ်းဖတ်ကြား သွားသည်။အမေရိကန် မနုဿဗေဒပညာရှင်ကလည်းပုံတောင် ပုံညာ ပရိုင်းမတ်များအကြောင်း ပြောသွားသည်။ ဂျာမန် ဘောဂဗေဒပညာရှင်က မြန်မာစီပွားရေးကြောင်း ပြောသွားသည်။ ပြင်သစ် ပန်ချီပညာရှင်က မြန်မာရှေးပန်းချီကြောင်းပြောသွားသည်။ မြန်မာ ပညာရှင် က ထ၍ ထိုသူများကို လက်ဆွဲ နှုတ်ဆက်ကာ ကျေးဇူးဥပကာရတင်ရှိကြောင်းပြောသွားသည် မြန်မာရေ သိတယ်မလား 🙂

Rate this: