မညိုမီ မွေးနေ့ မင်္ဂလာပါဗျာ

လွန်ခဲ့တဲ့ ၂နှစ် လောက်က လူငယ်ဖွံဖြိုးရေး အမြင်ဖွင့်သင်တန်းတစ်ခု တတ်ဖြစ်ခဲ့တယ်။ ဒီသင်တန်းမှာ သင်တန်းကပို့ချတဲ့ ပညာတွေအပြင် သိပ်ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်း ၄ယောက် ကို ရလိုက်တယ်။ ကျွန်တော်နဲ့ အတူ ခရီးရှည်ကြီးတစ်ခုကို အတူလျှောက်လှမ်းနေကြတဲ့ ရဲဘော်တွေပေါ့။ သူတို့ ကတော့ မညိုမီ(အမေညို)၊ပပဖြိုး(မိရွှေပ)၊သိန်းစိုး(သိုးစိမ်း)၊အောင်အောင်(အိမ်မက်စိုး) ဆိုတဲ့ သူငယ်ချင်းတွေ နဲ့ သိကျွမ်းခင်မင်ခွင့် ရလိုက်ပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူလား ဆိုတော့ မဟုတ်ဘူး တစ်ယောက်တစ်မျိုး ဒါပေမယ့် တူညီတာ တစ်ခုကတော့ ဗုဒ္ဓဘာသာအခြေပြုတဲ့ လူမှုဖွံဖြိုးရေးလုပ်ငန်းတွေ ကို အသက်ထက်ဆုံးလုပ်မယ်ဆိုတာတော့ အားလုံး တူညီတဲ့ အချက်တစ်ခုပဲ။ ကျွန်တော်တို့ သူငယ်ချင်း ၅ယောက်ထဲမှာ အသက်အကြီးဆုံးက မညိုမီ ဒီနေ့ သူ့မွေးနေ့လေ သူက အဖွဲ့ထဲ မှာ အကြီးဆုံး…

Rate this:

မွေးနေ့မင်္ဂလာပါ ဘဲရုပ်နဲ့ ဖိုးကျား ရေ

ကျွန်တော်ရန်ကုန် စရောက်တုန်းက သင်တန်းတစ်ခု တက်လိုက်ရတယ် သင်တန်းက ဘာတွေ ရမှန်းမသိပေမဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း ၃ယောက်တော့ ရလိုက်တာ အသေအချာပဲ ထူးခြားတာက အဲဒီ သူငယ်ချင်း ၃ယောက်မှာ ၂ယောက်က မွေးနေ့ အတူတူပဲ သူငယ်ချင်း သူယောက်က ဘဲရုပ်( သန္တာ)၊ မိဝိုင်း(ရဲဝါ)၊ ဖိုးကျား(ငြိမ်းချမ်း)တို့ က မနေ့ က အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဘဲရုပ်နဲ့ ဖိုးကျားတို့ ရဲ.မွေးနေ့ဖြစ်နေပေမဲ့ ကျွန်တော်မှာ ကရင်စာပေနဲ့ ယဉ်ကျေးမှု အသင်းကို သွားရတာနဲ့ အွန်လိုင်း ဒိုနေရှင်းအဖွဲ့နဲ့အတူ အနာကြီးရောဂါသည်တွေ ကို လှူဒါန်းတဲ့ ကိစ္စတွေ နဲ့လုံးလည်ချာလည်လိုက်နေတဲ့ အတွက် မင်းတို့နဲ့အတူ မင်းတို့မွေးနေ့တွေမှာ ငါ မပါခဲ့နိုင်တာ တောင်းပန်ပါတယ်။ စိတ်ကတော့ မင်းတို့ဆီမှာပါကွာ သန္တာဘဲရုပ်ရေ နင်က…

Rate this:

အနိစ္စနိဒါန်း

ရှေးသူဟောင်းတို့က ဆိုတယ် နံရံတွေ မှာ နား တွေပါတယ်တဲ့ ခုခေတ်မှာ ဒီလိုမဟုတ်တော့ဘူး နံရံတွေမှာ နားလည်းပါ မျက်စိလည်းပါ ပါးစပ်လည်းပါ နှာခေါင်းလည်းပါတာပေါ့ကွယ် ငါဂရုမစိုက်တဲ့အချိန်မှာ မျက်နှာသဖွယ် နံရံလေးဖက်က ငါ့ကိုဝန်းရံလျှက် ပြုံးကာဖြီးကာပြောခဲ့ပါတယ် “သတိမမူ ဂူမမြင် မောင်ရင် ဒုက္ခတွေ့တော့မည်” အရင်ကသူတို့စကားဟာ ဟာသတစ်ပုဒ်ရယ်ပါ ခုခါမှာတော့ သူတို့ပြောတဲ့ဘေးဒုက္ခ ငါရင်ဆိုင်လာရပါပြီ ငါ့မှာဘာမှမရှိ ဒါပေမယ့် ဒါဟာအဆုံးသတ်မဟုတ် ”အစ”…..။

Rate this: