သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၃

  ပရိယတ္တိ သာသနာတော်အကြောင်းရေးရင်းရေးရင်း ဖေဘုတ်က ကွန်မန့်တွေကို ကြည့် ရင်း ရေးရတာ အားရပါတယ်။ အမြင်တွေ ဘယ်လိုပင်ကွဲကွဲ သာသနာတော်ကို ရေရှည်တည်တံစေချင်တာ လူတိုင်းပါပဲ။ ရှုမြင်တာ မတူလို့ အမြင် ယူဆပုံလည်း ကွဲလာကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စလေးကို အရေးတယူရှိပြီး ဝေဖန်ပေးကြတော့ ကျေးဇူးတင်ပါတယ်။ အခုအပိုင်းက နောက်ဆုံးပိုင်းပါ စိတ်ယဉ်ကျေးမူပိုင်း ဘာသာရေးကိစ္စမှာ တလွဲ ဆံပင်ကောင်းတာတွေ တတ်သလောက် မှတ်သလောက်ရေး ရေးသွားပါမယ်။ကျနော်ရဲ့ အတ္တမနောဟိ မကင်းတာမို့ အမှားပါရင် ဝေဖန်ပေးကြဖို့ လည်းမျှော်လင့်ပါတယ်။ မောင်ကြီးတစ္ဆောကြောက်တယ် တစ်ခါက ဖတ်ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ပတ်သတ်တဲ့ ယဉ်ကျေးမူ မနုဿဗေဒဆိုင်ရာ ကျမ်းတစ်ခုအကြောင်း ဆရာတစ်ယောက်ဆီကနေ ကြားဖူးပါတယ်။ ဒီကျမ်းက ဗြိတိသျှ လူမျိုးတစ်ယောက်ရေးထားတာပါ။ လူမျိုးခြားဆိုပေမဲ့ ပညာရပ်ဆိုင်အမြင်နဲ့ သေသေချာချာ စစ်တမ်းထုတ်ပြီး…

Rate this:

ဦးရွှေအောင်၏ ခန္ဓာငါးပါး နဲ့ Maslow’s hierarchy of needs

  ဆရာကြီးဦးရွှေအောင်ဟာ ကျွန်တော်အနှစ်သက်ဆုံး ဗုဒ္ဓဒဿနပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓတရားတော်တွေ ကို ဖွင့်ဆိုရာမှာ အတော်လေးနှစ်သက်ပါတယ် (ယောမင်းကြီးကို မြင်းထိန်းချီးကျုးသလိုများဖြစ်မလားမသိ) ဆရာကြီးရဲ့ စာအုပ်တွေအကုန်လုံးကို အကုန်ဥာဏ်မမှီပေမဲ့ အတော်အများ ဖတ်ဖြစ်တယ်။ Maslow က စိတ်ပညာရှင်တွေထဲ ဖရိုက်ပြီးရင် အနှစ်သက်ဆုံးပါ။ သူကတော့ အမေရိကန်နိုင်ငံသားလူသား ၀ါဒီ စိတ်ပညာ ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လူသားလိုအင်အဆင့်ဆင့် သီအိုရီနဲ့ နာမည်ကြီးတဲ့ စိတ်ပညာရှင်ယောက်ပါ။ စိတ်ပညာသင်ဖူးသူတိုင်းသူရဲ့ Humanistic theories of self-actualizationကို သိမှာပါ။နောက်ပိုင်း ဖွံဖြိုးရေးလုပ်ငန်း တွေမှာ Needs base approach ဆိုပြီးလုပ်လာတော့ ဖွံဖြိုးရေးသမား အတော်အများ လေ့လာရတဲ့ သီအိုရိ တစ်ခုဖြစ်ပါတယ်။ ဒီ Maslow’s hierarchy of needs နဲ့ ဆရာကြီးဦးရွှေအောင် နဲ့…

Rate this:

အလောင်းတော် သိဒ္ဓတ္ထ

ဗုဒ္ဓ၀င်ဖတ်တော့ သိပ်သဘောမကျသည့် အကြောင်းအချို့ရှိသည်။ လောကလူသား ကောင်းကျိုး အဆုံးမဲ့ အနှိုင်းမဲ့ စွမ်းဆောင်ခဲ့သည် ဗုဒ္ဓအလောင်းလျာ သိဒ္ဓတ္ထမင်းသားသည် မွေးကာစမှ တောမထွက်ခင် ၂၉ နှစ် အထိ နန်းစည်းစိမ်ကိုချည်း ခံစားပြီး နေသည်လို့ ရေးထားတဲ့ အချက်ကို သိပ်သဘောမတွေ့လှ။ ဇနီးဖြစ်သူ ယသော်ဓရာကို ရာဟုလာဖွားမြင်ပြီး နောက်ပိုင်း ပစ်သွားခဲ့သည်ကိုလည်း တာဝန်မဲ့သည်ဟု ထင်မိသည်။ ဒီအကြောင်းကိုလည်း တတ်သိနားလည်သူများကို မေးချင်ပေမဲ့  မမေးရဲ ရေးချင်ပေမဲ့ အဓမ္မ၀ါဒီဟု တံဆိပ်ကပ်မည် စိုးလို့ မရေးရဲ။ နောက် ကျွန်တော် အလွန်နှစ်သက်သဘောကျလှသည် ဆရာကြီး ဦးရွှေအောင်စာများ ဖတ်တော့မှပဲ ဆရာကြီးရဲ့ ရှုမြင်သုံးသပ်ချက်ကို သဘောကျမိသည်။ ဒါကြောင့် ဆရာကြီးရှုမြင်ပုံကို စာဖတ်သူ အား ဝေမျှပါရစေ။ ဗုဒ္ဓမြတ်စွာအလောင်းလျာကို BC 563 လောက်က…

Rate this: