ကျနော်လေးစား ဆတော်ကြီးများ ၁

ကျနော်ငယ်ငယ်တည်း ဘုန်းတော်ကြီးတွေဆရာတော်တွေကြား ကြီးလာခဲ့လို့ ရဟန်းတော် သံဃာတော်တွေကို အားကျကြည်ညိုမိတယ်။ အသက်လေးနဲနဲလေး ရပြန်တော့ အရင်ကလောက်တော့ မဟုတ်တော့ဘူး အချို့ အချို့ကို ကြည့်မရ ကြည်ညိုလို့မရဖြစ်ပြန်တယ်။ဒါပေသိ မြန်မာသာသနာ သမိုင်းတလျှောက် ထွန်းပြောင်ခဲ့တဲ့ ပရိယတ်ကြယ်စင်တွေ ပဋိပတ်ကြယ်စင်တွေဝိမုတ္တိကြယ်စင်တွေ ကို ပြန်ပြန် ထမ်းထမိတယ်။ မင်းမျက်နှာမထောက် ဒကာမျက်နှာမထောက် သာသနာ(အဆုံးအမ)မျက်နှာသာထောက်ပြီး လောကတည်ငြိမ်ရေး ငြိမ်းချမ်းရေး တရားမျှတရေး အတွက် ကြံဆောင်ကြမယ့် သံဃာ(အသိုင်းဝိုင်း)များကိုစိတ်ချင်ချင်းတက်၍ ကျနော်လေးစား ဆတော်ကြီးများအကြောင်းကို ကိုယ်လက်လှမ်းမှီရာ စာအုပ်တွေထဲကမှ ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။   အာဒိစ္စဝံသ၊ရှင် (မြန်မာ ၁၂၄၄-၁၃၁၃)         ရှင်အာဒီစ္စမပေါ်ပေါက်မီဗုဒ္ဓသာသနာနှစ်ပေါင်း ၂၅၀၀ အတွင်း သာသနာ အကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်သွားသောပုဂ္ဂိုလ်ကြီးတို့ကား (၁)ပုဂံခေတ် သဒ္ဒနီတိကျမ်းပြု ရှင်အဂ္ဂဝံသ၊ (၂)ပင်းယခေတ် အဘိဓာန်…

Rate this:

သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၃

  ပရိယတ္တိ သာသနာတော်အကြောင်းရေးရင်းရေးရင်း ဖေဘုတ်က ကွန်မန့်တွေကို ကြည့် ရင်း ရေးရတာ အားရပါတယ်။ အမြင်တွေ ဘယ်လိုပင်ကွဲကွဲ သာသနာတော်ကို ရေရှည်တည်တံစေချင်တာ လူတိုင်းပါပဲ။ ရှုမြင်တာ မတူလို့ အမြင် ယူဆပုံလည်း ကွဲလာကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စလေးကို အရေးတယူရှိပြီး ဝေဖန်ပေးကြတော့ ကျေးဇူးတင်ပါတယ်။ အခုအပိုင်းက နောက်ဆုံးပိုင်းပါ စိတ်ယဉ်ကျေးမူပိုင်း ဘာသာရေးကိစ္စမှာ တလွဲ ဆံပင်ကောင်းတာတွေ တတ်သလောက် မှတ်သလောက်ရေး ရေးသွားပါမယ်။ကျနော်ရဲ့ အတ္တမနောဟိ မကင်းတာမို့ အမှားပါရင် ဝေဖန်ပေးကြဖို့ လည်းမျှော်လင့်ပါတယ်။ မောင်ကြီးတစ္ဆောကြောက်တယ် တစ်ခါက ဖတ်ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ပတ်သတ်တဲ့ ယဉ်ကျေးမူ မနုဿဗေဒဆိုင်ရာ ကျမ်းတစ်ခုအကြောင်း ဆရာတစ်ယောက်ဆီကနေ ကြားဖူးပါတယ်။ ဒီကျမ်းက ဗြိတိသျှ လူမျိုးတစ်ယောက်ရေးထားတာပါ။ လူမျိုးခြားဆိုပေမဲ့ ပညာရပ်ဆိုင်အမြင်နဲ့ သေသေချာချာ စစ်တမ်းထုတ်ပြီး…

Rate this:

ဘိုးဘွားအမွေစောက်ရှောက်ကြလေ

ကျနော်တို.ရဲ့ထေရ၀ါဒဗုဒ္ဓဘာသာကို ဘိုးဘွားဘီဘင် အဆက်ဆက်လက်ဆင့်ကမ်းထိန်းသိမ်းစောင်ရှောက်ခဲ့ တဲ့ မြန်မာ တို.ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆင်ကမ်း အမွေအနှစ် ဖြစ်ပါတယ်။ဒီလို.အမွေပေးခဲ့တာက လွယ်လွယ်ကူကူ ပေးခဲ့ တာ မဟုတ်ပါဘူး။သေသေချာချာ စိစစ်ဝေဖန်ပြီးမှ ယုံကြည်လက်ခံကျင့်သုံးခဲ့ တာပါ။ခန္ခာအတွင်း နှလုံးသားအတွင်းမှ အစစ်အမှန်တည်ရှိတဲ့ စေတနာ၊ဥာဏ်၊၀ီရီယ၏ တန်ဖိုးများကိုသာ အသိအမှတ်ပြုတဲ့ ဘာသာတရားတစ်ခုကိုဘိုးဘွားတွေ လက်ဆင့်ကမ်းသယ်ဆောင်ပေးခဲ့တဲ့ မဟာကျေးဇူးကိုပေးဆပ်ရမှာ ကျနော်တို.ယနေ. ဗုဒ္ဓဘာသာတွေရဲ့တာဝန်မဟုတ် ဘူးလားဗျာ။ ကိုးကွယ်တဲ့ဘာသာတရားဆိုတာ လူမျိုးတစ်မျိုး ရဲ့အသက်သွေး ပဲမဟုတ်လား။ဓလေ့ထုံးထမ်း အစဉ်အလာ ယဉ်ကျေးမှု ဆိုတာဘာသာတရား စည်ပင်မှ ထွက်ပေါ်လာတဲ့ အကိုင်းခက်တွေလို.ဆိုချင်တာပဲဗျာ။လူမှုရေး၊နိုင်ငံရေး တိုးတက်မှုဟာ ဘာသာတရားပေါ် လုံးလုံးလျားလျားမှုမတည်တောင် အနည်းအကျဉ်းတော့သက်ရောက်နိုင်တယ် ထင်တာပဲဗျ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ လူတိုင်းလူတိုင်းရဲ.မွေးရာပါ အခွင့်အရေးပါပဲ ဒါကြောင့် လူသားတိုင်း နှစ်သက်ရာ ဘာသာ တရားကို ကိုးကွယ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာတစ်ဦးအနေနဲ့လည်း မိမိသဘောကျတဲ့…

Rate this: