မညိုမီ မွေးနေ့ မင်္ဂလာပါဗျာ

လွန်ခဲ့တဲ့ ၂နှစ် လောက်က လူငယ်ဖွံဖြိုးရေး အမြင်ဖွင့်သင်တန်းတစ်ခု တတ်ဖြစ်ခဲ့တယ်။ ဒီသင်တန်းမှာ သင်တန်းကပို့ချတဲ့ ပညာတွေအပြင် သိပ်ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်း ၄ယောက် ကို ရလိုက်တယ်။ ကျွန်တော်နဲ့ အတူ ခရီးရှည်ကြီးတစ်ခုကို အတူလျှောက်လှမ်းနေကြတဲ့ ရဲဘော်တွေပေါ့။ သူတို့ ကတော့ မညိုမီ(အမေညို)၊ပပဖြိုး(မိရွှေပ)၊သိန်းစိုး(သိုးစိမ်း)၊အောင်အောင်(အိမ်မက်စိုး) ဆိုတဲ့ သူငယ်ချင်းတွေ နဲ့ သိကျွမ်းခင်မင်ခွင့် ရလိုက်ပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူလား ဆိုတော့ မဟုတ်ဘူး တစ်ယောက်တစ်မျိုး ဒါပေမယ့် တူညီတာ တစ်ခုကတော့ ဗုဒ္ဓဘာသာအခြေပြုတဲ့ လူမှုဖွံဖြိုးရေးလုပ်ငန်းတွေ ကို အသက်ထက်ဆုံးလုပ်မယ်ဆိုတာတော့ အားလုံး တူညီတဲ့ အချက်တစ်ခုပဲ။ ကျွန်တော်တို့ သူငယ်ချင်း ၅ယောက်ထဲမှာ အသက်အကြီးဆုံးက မညိုမီ ဒီနေ့ သူ့မွေးနေ့လေ သူက အဖွဲ့ထဲ မှာ အကြီးဆုံး…

Rate this: