24 နှစ်ပြည် ဂျစ်တူး အတွက်မွေးနေ့ အမှတ်တရ

ကျောက်တံတားရဲစခန်းရှေ့ အလံတော်အလေးပြုပြီး သတိဆွဲနေတဲ့ ရဲသားများကို လျှာထုတ်ကာ ပြောင်ပြ တတ်သူ   ချည်ထိုးပန်းထိုးရောင်းနေတဲ့ အဖိုးကြီးအိုတစ်ဦးကို သနားလို့ ချည်ထိုးပန်းထိုး လုံးလုံးဝါသနာမပါ သော်လည်း  သင်တတ်သူ   လမ်းမအလယ် လူလယ်ခေါင် သီချင်းအော်ဆိုချင်ဆို စကားအော်ပြောချင်ပြော လုပ်ချင်ရာပေါက်ကရလျောက် လုပ်တတ်သူ   အိမ်တွင်မကပ် နယ်တကာခြေစကြာလှည့်ပြီး ကလေးများကို မမောနိုင်မပန်းနိုင် ပုံပြောနေတာကြောင့် သူ့အမေက ကြမ်းပိုးလို့ ခေါ်ခံရသူ   ပေါင် ၁၀၀ မပြည့်ပဲ ပိန်ညောင်ညောင် ခန္ဓာကိုယ်နဲ့ သွေးလှူဒါန်းဖို့ စိတ်အားထက်သန်ပြီး ပေါင်ချိန်မပြည့်ပဲ သွေးလှူခွင့်မရမှာ ကြောက်နေသူ   တသက်မှာ ချစ်သူရည်စား ၁ ယောက်မျှသာ ထားဖူးသော်လည်း သူငယ်ချင်းများရဲ့ အချစ်ရေးရာ ကိစ္စများမှာ ဆရာကြီး လုပ်ကာ အကြံဥာဏ်များပေးတတ်သောသူ  …

Rate this:

မွေးနေ့ မင်္ဂလာ ပါ ချမ်းငြိမ်းဖြူ(ခ)ဂျစ်တူး(ခ)ခြူး(ခ)အရိုး ရေ……

သူကား ကလေးများကို ပုံပြောနေသော ပုံပြောသူ တစ်ယောက်ဖြစ်တယ်။ ဂျာနယ်တစ်ခုမှာ ကလောင်စွမ်း လစဉ်ပြနိုင်သော စတုတ္တမဏ္ဍိုင်ကြီးလည်း ဖြစ်တယ်။ သူမှာ သွေးမတော် သားမစပ် အစ်ကိုများစွာရှိတယ် သူမှာ သွေးမတော် သားမစမ် အစ်မ များစွာရှိတယ် သူမှာ သွေးမတော် သားမစပ် ညီမ များစွာရှိတယ် သူမှာ သွေးမတော် သားမစပ် မောင် များစွာရှိတယ် သူဟာ ကြီးတော်နွားကျောင်းရတဲ့ ပရဟိတ အလုပ်ကို နှစ်သက်တယ်။ ပုံပြောသူများက နာမည်ကျော် ငပေါကြီး များနဲ့ အပြိုင် ယှဉ်ပြိုင် ပေါ ရဲ သူလည်း ဖြစ်တယ်။ ကော်ကိုင်း မျက်မှန်အမဲ ကြီးကို မလှမပတပ်ဆင်ထားပြီး ယမ်ယမ်ခေါက်ဆွဲ ဆံပင်ဖွားဖွားဖြင့် ရွာရိုးကိုး ပေါက် ဆက်ထောက် ဆက်ထောက် လျောက်နေသူ…

Rate this: