စံပြလင်မယား အဖိုး နဲ့ အဖွား (ပြဇာတ်)

ဟိုးအရင် လူက လိမ္မာတုန်းက ဘာသာရေး အတော်လုပ်ဖြစ်တယ် ဆရာတော်တွေဟောကြားတဲ့ ဟောတရားတွေကိုလည်း အတော်နာဖြစ်တယ်။ ဒီလို နာဖူးတဲ့ ဖတ်ဖူးတဲ့ တရားတော်တွေထဲဝိဿာသကအရာ၌ ဧတဒဂ်တစ်ဦးနှင့်တစ်ဦး ယုံကြည် ရင်းနှီး အကျွမ်းဝင်မှု (mutual trust and harmony) ရှိရာတွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံ ဖြစ်တဲ့ နကုလပိတာ နဲ့ နကုလမာတာ တို့ အကြောင်း ကလေးတွေအတွက်ရေးဖို့  ဆရာတော်ဦးဥတ္တမ က မိန့်တော်မူတယ်။ ဘုန်းဘုန်းဥဂ် တို့ ကို ကူညီပေးချင်တာ တစ်ကြောင်း ဒီ နကုလပိတာတို့ အကြောင်း သဘောကျတာ တစ်ကြောင်း ဘာသာရေးစာတွေ မရေးတာ ကြာခဲ့ပြီဖြစ်လို့ ရေးလိုက်ပါတယ်။ အမှားတွေ ပါရင် ထောက်ပြဝေဖန်ကြပါ။ ဒီစာကို ရေးဖို့ ခွန်းအား ရလာတာကတော့…

Rate this:

ညနက်နက်မှာ လထွက်တဲ့အခါ (ငြိမ်းချမ်းရေးအခါတော်နေ့ အမှတ်တရ)

လွန်လေပြီးသော နှစ်ပေါင်း ၂၆၀၀ ……………………….. ဘာရတ်(ခ)မဇ္ဈိမ(ခ) အခုခေါ်တော့ အိန္ဒိယဆိုတဲ့ ဒေသကြီးရဲ့ မြောက်ဘက်ပိုင်းက  ဟိမ၀န္တာ တောင်တန်းတွေက မြစ်ဖျားခံပြီး လှပစွာတသွင်သွင် စီဆင်းနေတဲ့ ဝတီ ရောဟဏီ……။ သူရဲ့ တဘက်တချက်မှာ ကောလိယမြို့ပြနိုင်ငံရဲ့ နန်းစိုက်ရာ မြို့တော် ရာမဂါမ နောက်တဘက်မှာတော့ စကျ(သကျ)တို့ရဲ့ နေပြည် ကလိလဝတ်….။ ဒီမြို့ပြနိုင်ငံလေးနှစ် နိုင်ငံ ဘေးချင်းရှိနေပေမယ် ပထဝီနိုင်ငံရေးအရ ပြဿနာမတက် အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေးများကြောင့်ချက် ပြဿနာမရှိ။ နှစ်နိုင်ငံသားပေးသမီးယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြ တယ်။ နှစ်ဘက်ထီးနန်းမျိုးဆက်များကလည်း ထိုခေတ်ဘာသာရေးဂိုဏ်းကြီး တစ်ခု ဖြစ်တဲ့ ဝေဒအစဉ်လာတွေ ကို ပစ်ပယ်ပြီး သာမဏအကျင့်နဲ့ အလယ်လတ်လမ်းကို ဖော်ထုတ်ပြခဲ့တဲ့ ဂေါတမ ဗုဒ္ဓ နဲ့လည်း ဆွေးမျိုးတော် စပ်ကြပြန်သေးတယ်။ နှစ်ပြည်ထောင်လုံး စိုက်ရေးပျိုးရေးအတွက်…

Rate this:

Professor Samdhong Rinpoche

တိဘက်နိုင်ငံဟာ ဝါဂျရာယနဗုဒ္ဓဘာသာကိုးကွယ်ကြသော လွတ်လပ်သည့် အချုပ်ခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အပြင် အိနိ္ဒယ၊နီပေါနှင့် ဘူတန်နိုင်ငံ တို့နှင့်လည်း သံတမန်ရေး ဆက်သွယ်မှုရှိခဲ့သည်။ တိဘက်သည် ၁၉၅၉ခုနှစ်ထိတိုင် လွတ်လပ်ပြီး အေးချမ်းသာယာသည့် နိုင်ငံဖြစ်ခဲ့သည်။ ၁၉၅၉ခုနှစ်မှာပင် တရုတ်လူမျိုးတို့၏  နိုင်ငံရေးကျူးကျော်မှု ကြောင့် “H.H The Dalai Lama” ဒလိုင်းမားနှင့် တိဘက် နိုင်ငံသား ရှစ်သောင်းတို့သည် အိနိ္ဒယနိုင်ငံသို့ ထွက်ပြေး ထိမ်းရှောင် ခဲ့ကြရသည်။ ၄င်းအဖွဲ့တွင် Professor Samdhong  Rinpoche တစ်ယောက် အပါအ၀င်ဖြစ်သည်။ ထိုအချိန်မှစ၍ (၄၈) နှစ်တိုင်အောင် အိနိ္ဒယနိုင်ငံတွင် ဒုက္ခသည်များအဖြစ်  နေခဲ့ကြရသည်။ Professor Samdhong  Rinpoche ကို ၁၉၃၉ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက်(၅)နှစ်သားအရွယ် တွင် စတုတ္တမြောက် Samdhong…

Rate this:

တရားကိုစောင်ရှောက်သူ့

ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အမှန်တရား(ဓမ္မ)နှင့် ယှဉ်လျှင် အမှား မတရား(အဓမ္မ)ကို တုန်းလှန်ဖယ်ထုတ်ပြီး အမှန်တရားဓမ္မဘက်မှ ရပ်တည်သည်ဟု ဟောကြားခဲ့သည် ဖြစ်သလို ကိုယ်တော် တိုင်လည်း လက်တွေ့ကျင့်ဆောင် လမ်းပြခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး လက်တွေ့ကျင့်ဆောင်လမ်းပြခဲ့တာဟာ သိဒ္ဒိတ္တ မင်းသားဘ၀မှ ဗုဒ္ဓအဖြစ်ရောက်တော်မှုတုန်းကမှမဟုတ် နုစဉ်အခါအလောင်းတော်ဘ၀တည်းက မြတ်စွာဘုရား ရှင် သည် တရားမျှတမှုကို မြတ်နိုးသည် တရားမျှတမှုကို လိုလားသည် တရားမျှတတဲ့ ဘက်မှ လေးသေင်္ချေ နှင့် ကမ္ဘာတစ်သိန်းပတ်လုံး ကျင့်ဆောင်ခဲ့တာ အားလုံးအသိပင်။ သို့သော် ဗုဒ္ဓစကား(ဓမ္မ) ယုံကြည် လိုက်နာ ကြသည့် ကျွန်ုပ်တို့ကော ယနေ့ဖြစ်ပေါ်နေသော ဖြစ်နေကြသော မတရားမှုများ အဓမ္မမှု များကို ဘာကြောင့် လက်ပိုက် ကြည့်နေပါသနည်း ကြောက်လို့လား မမြင်လို့ လား မသိလို့လား မကြည့်လို့လား…

Rate this: