နှင်းခြသေ့င်္တို့ ပုန်းခိုးရာ ဓရမ်ဆာလာ

ဓမ်ရမ်ဆာလာတဲ့ ! ကျွန်တော်ကတော့ ဓမ္မသာလာလို့ ခေါ်ရတာ ပိုအာတွေတယ်။ အိန္ဒိယမြောက်ပိုင်း ဟိမားဂျားပန်ဒေ့ခ်ျ ပြည်နယ် ကင်ကရာခရိုင်ရဲ့ မြို့တော်လေး ။ တိဘက်ပြည်ရဲ့ အဝေးရောက် အစိုးရ ရုံးဆိုက်ရာဒေသ။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်းလာမားကြီး ရှိနေတာ ကိုအကြောင်းပြု ပြီး ခရီးသွားလုပ်ငန်း သိပ်ဖြစ်ထွန်းတဲ့မြို့ တိဘက်ဗုဒ္ဓဘာသာ(၀ိဇရာယန)ရဲ့ ပင်မဌာနကြီးတစ်ခု။ နိုင်ငံခြားသား တွေ တိဘက်ဘုန်းတော်ကြီးတွေ မြို့တဲ့ လက်ညိုးထိုးမလွဲ။ ဘာသာရေးအသုံးအဆောင်တွေ တိဘက် ဗုဒ္ဓဘာသာ အနုပညာလက်ရာတွေ ရောင်းချရာ ဆိုင်တန်းတွေ အများအပြား။ ဆိုင်တွေရဲ့ ၃ပုံ ၁ပုံ က တိဘက်လူမျိုးပိုင်တွေ ဒီအထဲ က တ၀က်လောက်က တိဘက် ဒုက္ခသည်တွေ အတွက် ရံပုံငွေရှာနေတဲ့ ဆိုင်တွေ ။ ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက ကျူးကျော်စစ်ပွဲတစ်ခု…

Rate this:

Deer Park Institute

ကျွန်တော် အလုပ်သင် Internship လုပ်ရတဲ့ Deer Park Institute က အိန္ဒိယနိုင်ငံ မြောက်ပိုင်းက Himachal Pradesh ဆိုတဲ့ ပြည်နယ်က District Kangra ထဲက Bir ဆိုတဲ့ မြို့လေးမှာ တည်ရှိပါတယ်။ ဟိမန္တာတောင်တန်း ကြီးနဲ့ အခြေမှာ ရှိပြီး ပင်လယ်ပြင်ရေမျက်နှာထက် မီတာ ၄၄၀ ကနေ ၆၆၀၀ လောက်ရှိလို့ အတော်အေးလှတယ်။ Bir ဆိုတဲ့ မြို့လေးက မြို့ဆိုပေမဲ့ ရွာကြီးသာသာရှိပြီး တိဘက်လူမျိုးတွေ အများဆုံးနေထိုင်ကြတယ်။ ဒီလတွေမှာတော့ အချိန်အတော်အများ မိုးရွာပြီး မြူတွေ အမြဲဆိုင်းနေတတ်ပါတယ် နိုဝင်ဘာ အောက်တိုဘာလောက်ဆိုရင် ရေစခဲတယ်လို့ ပြောကြတယ်။ ဇန်န၀ါရီမှာ အေးလွန်းလို့ ၁လတိတိ ပိတ်တယ်။ Bir မြို့လေးက ၀ါဇရာယန(တိဘက်ဗုဒ္ဓဘာသာ)…

Rate this: