ကချင်ပြည်နယ်သွား တောလား-၃

5/10/2010 ဒီနေတော့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်တော်များ ကောင်စီ(MCC) ရဲ့ မြို့ပြကျေးလက် သာသနာပြု လုပ်ငန်း(URM)က လုပ်နေတဲ့ နွားဘဏ်နဲ့ ပျိုးခြံတွေ ကို သွားလေ့လာကြတယ်။ နွားဘဏ်ဆိုတာ နွားမရှိနွမ်းပါးတဲ့ တောင်သူ လယ်သမားတွေ အတွက် အကူညီပေးနေတဲ့ အစီစဉ်လေးတစ်ခုပေါ့။ နွားဘဏ်ရဲ့ အဓိက ဆောင်ရွက်တာက ဇီးတင်လို့ ရတဲ့ နွားမတွေ ကို တကယ်နွားမရှိ နွမ်းပါးတဲ့ နွားတကယ်မွေးချင်စိတ် ရှိတဲ့ တောင်သူရဲ့ အိမ်ထောင်စုကို နွားမတစ်ကောင် ပေးမွေးတယ်။ အဲဒီနွားမကို ဇီးတင်ပြီး သားကျတယ်။ နွားပေါက်လေး နို့ပြတ်တဲ့ အချိန်ကြရင် နွားမကို အခြား နွမ်းပါးတဲ့ တောင်သူအိမ်ကို ပြန်ပို့ ရတယ်။နွားပေါက် ကို ပထမအိမ်က ပိုင်သွားပြီ။ နွားပေါက်လို့ နွားထီးဆိုရင် ငွေ နှစ်သောင်း၊နွားမဆိုရင်…

Rate this:

ကချင်ပြည်နယ်သွားတောလား- ၂

3/10/2010 အင်းတော်ကနေ မြစ်ကြီးနားရထား စီးရအုန်းမယ် ကျွန်တော်တို့ နဲက အတူ ဆရာဇက မှာ မြစ်ကြီးနား ပြန်လိုက်မယ်။ နားခါကျေးရွာက ရွာသူလေးတွေ က ကျွန်တော်တို့ ကို လိုက်ပို့တယ်။ကျွန်တော်တို့ ထဲက အချို့ကောင်တွေ က သူကို လိုက်ပို့တယ် ငါကို လိုက်ပို့တယ်လို့ ပြောပြီး မာန်တတ်နေကြတယ်။ အမှန်တကယ်တော့ ကျွန်တော်ကို လိုက်ပို့ နှုတ်ဆက်တာ ဟီးဟီး  J ဒီတစ်ခါမှ တကယ်ဒုက္ခ လက်မှတ်ကနေချင်း အမြန်ဝယ်ရတာဆိုတော့ ရိုးရိုးတန်းပဲရတယ် စီးရမှာ က အင်းတော်ဘူတာက  အများဆုံး ၅ မိနစ်လောက်ပဲ ရထား ရပ်တဲ့ ဘူတာ ကျွန်တော်တို့ က လူ ၁၁ ယောက် အထုတ်အပိုးတွေ က မနည်း ဆိုတော့…

Rate this:

ကချင်ပြည်နယ်သွား တောလား

ကချင်ပြည်နယ် ကို လေ့လာရေးခရီးသွားဖို့ ကျွန်တော်ပါဝင်ခွင့် ရလိုက်တော့ ပျော်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကချင်ပြည်ကို တစ်ခေါက်ရောက်ဖူးခဲ့တယ်။ အဲဒီအချိန်တုန်းက အလုပ်ကိစ္စနဲ့ MMRD က ၀န်ထမ်းတွေနဲ့ ကိုညီလင်းဆက်၊ ကိုယောသားတို့နဲ့ အတူသွားခဲ့ ဖူးတယ်။ အခုတစ်ခေါက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ် ကွန်ရက် အစီစဉ်နဲ့ ဒေသအသီးသီးက အခြေခံ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို သွားရောက်လေ့လာအတုယူပြီ်း ကိုယ့်ဒေသက ဖွံဖြိုးရေးလုပ်ငန်းတွေမှာ  ပြန်လည် အသုံးချလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ဗုဒ္ဓဘာသာလူငယ်အစီစဉ်ရဲ့ သင်တန်းတာဝန်ခံ ပပ၊ ကရင်ပြည်နယ်က နော်သိန်းသန်းထွေး၊ ဧရာဝတီတိုင်း ဒေးဒရဲက သန့်ထွဋ်ဦး၊ ကယားပြည်နယ် လွိုင်ကော်က နှင်းအိသွယ်၊ ဒီးမော့ဆိုက ကြည်သာဝင်း၊ ဖယ်ခုံက…

Rate this: