ကျနော် တစ်ကိုယ်ကောင်းဆန်မိခြင်း

ကျနော်ကို သူငယ်ချင်းရာဇာက ဟေ့ကောင်မင်းကယားပြည်အကြောင်းရေးမယ်ဆိုပြီး အခုတိဘာလို.မရေးတာ လဲ လို.ပြောပါတယ်။အမှန်မှာ ကျနော်အပျင်းကြီးနေတာကြောင့် မရေးဖြစ်တာပါ။ အခုရေးပါတော့မယ်။ ရေးမယ် ဆိုပြီး မရေးဖြစ်တဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်။ ကယားပြည်နယ်မှာ ကျနော် တစ်ကိုယ်ကောင်းဆန်မိဘူးတယ်ဗျ။ ကျနော်တို့ သွားတဲ့အချိန်က မေလလောက်ဆိုတော့ မိုးဦးကျလောက် တောင်သူတွေ စိုက်ပျီုးဖို့ မိုးမျှော်နေတဲ့ ကာလ ဒီနှစ်မှာ ဘာမှမစိုက်တဲ့ရန်ကုန်ကြတော့ မိုးတွေသဲသဲမဲမဲရွာပြီး စိုက်မဲ့ပျိုးမဲ့ နယ်ဒေသတွေကြတော့ မိုးနည်းနေတာ အားလုံးသိမှာပါ။ ကျနော် ဒီးမောဆို့မြို့နယ်ထဲက ၆မိုင်ဒေါကလိုခူ ရွာစဆင်းမဲ့နေပေါ့။ ကောင်းကင်မှာ မိုးတွေအုပ်မှိုင်းနေတယ်။ ကျနော်ရွာထဲဆင်းရင် တစ်အိမ်တက်တအိမ်ဆင်းသွားရမှာ ဆိုတော့ မိုးရွာရင်မဆင်မပြေလှဘူး နံနက်ထဲက မိုးမရွာပါစေနဲ့ဆုတောင်းနေတာ တကယ်လည်း ညနေအထိ မိုးမရွာဘူး ဒီလိုနဲ့ ညဖက် ကျေးရွာဥက္ကဌနဲ့ စကားလက်ဆုံကြတော့ ရွာမှာဘာစိုက်လဲ ဘယ်လိုစိုက်ကြလဲ မေးကြည့်တော့ သူက မိုးမရွာရင်တော့ ဒီနှစ်ပြောင်းဖူးတော့ပျက်ပြီ…

Rate this: