ကျနော့် တဝက် ၂၆ နှစ်ပြည့်ပြီ

သူဟာကျနော်ရဲ့ကိုယ်အလေးချိန်ထက် တဝက်သာရှိတယ်။ အရင်ကလည်း ပိန်ပိန် အခုလည်း ပိန်ပိန်။ ပိန်ပိန်သော်ငြား အရိုးကအား ရှိတယ်ဆိုရမလား မသိ။ ပင်ပန်းလို့ ငြီးငူသံ ကြားရခဲ လှတယ်။သူရဲ့ နှစ်ဆ ဝ သော ကျနော်ဆီမှသာ ငြီးသံ ငူသံကြားရတယ်။ ကျနော် ဆေးရုံ တက်နေချိန် ၂ လကာလမှာ သူအတော်ပင်ပန်းလှတယ်။ နံနက်ဆို နံနက်စာ လာပို့ပြီး ရုံးသွား ညနေကြတော့ ညစာဝယ်ပြီးသူအိမ်ကို ပြန်တယ်။ အိမ် နဲ့ ရုံး ကြား ဆေးရုံထားပြီး ကျနော့်အတွက် မအားမလပ်တဲ့ကြားကစောင့်ရှောက်ခဲ့တယ်။ ပိန်ပါးတဲ့ခန္ဓာကိုယ်က ဘယ်ကဘယ်လို အားတွေ ရလာသလဲ မသိ။ ကျနော်ကို နဘန်ကျင်းလိုက် ရိုက်လိုက် ထုလိုက်မယ်ဆိုရင်အတော်နာလှတယ် အတော်အားပါတယ်။ ဖျားတာ နာတာ ရှားတယ်။ အပူအစပ်ကြိုက်တဲ့ လျာနဲ့…

Rate this:

အချစ် အတွက် အချစ်

အတူနေတာကြာလာရင် ငြိတွယ်သွားပြီး အချစ်ဆိုတာဖြစ်လာတတ်သတဲ့ ဒါပေမယ့်—ရေတပွတ်စာ အချစ်ဟာလည်း ဘ၀တသက်တာ အတွက် ဖြစ်သွားတတ်ပါတယ် ဘ၀ဆိုတာ ရေတပွတ်မဟုတ်လား။ ချစ်မိသွားရင် လက်ကလေးကိုင်၊ပါးကလေးနမ်းတတ်ကြပေမယ့် ထိတွေ့မှုမရှိတဲ့ အချစ်ဟာလည်း ပြည့်စုံနေတတ်ပါတယ်— လူချင်းနီးစပ်နေသော်လည်း မာနကြောင့် ဝေးကွာနေရတဲ့ နှလုံးသားတစုံဟာ လူချင်းဝေးကွာနေသော်လည်း အချစ်ကြောင့်နှလုံးသာချင်း နီးစပ်နေတတ်သတဲ့။ ချစ်သူနှုတ်ကဖွင့်ဟလာတဲ့ သံစဉ်တွေဟာ ချိုလွင်နေတတ်သလို အိပ်ယာဝင်ပုံပြင်တွေလည်း ဖန်တီးစေနိုင်သတဲ့။ ဒါပေမယ့်—ချစ်သူရဲ့နှုတ်ခတ်းတစုံ ဆိတ်ငြိမ်နေတဲ့အခါမှာတော့ ကိုယ့်ရဲ့ ဆူညံနေတဲ့ ရင်ခုန်သံတွေဟာ အိပ်ပျက်ညတွေကို အကောင်အထည်ဖော်လိုက်ကြပြန်တယ်။ ပတ်ဝန်းကျင် ဂယက်တွေကြောင့် အချိန်ပြည့်ဗိုလ်လုနေကြတဲ့ နှလုံးသားနဲ့ဦးနှောက်ဟာ ချစ်သူရဲ့အပြုံးတွေအောက်မှာပဲ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုလိုက်ကြသတဲ့။

Rate this:

ချစ် ဇာတ်လမ်းလေးတစ်ပုဒ်

ကိုဦးတို့ အချစ်ဇာတိလမ်းက ထူးဆန်းအံဖွယ်ရာပင် ထူးဆန်းလေစွ အံဖွယ်ကောင်းပေစွ ကိုဦး သီတာကို ချစ်နေတာ အထက်တန်းဘ၀တည်းကပါ ကိုဦးက ကြည်မြင့်တိုင်ရက်ကွက်လေးတစ်ခုက သာမန်လူဆင်းရဲလေး တစ်ယောက် မသီတာလား မသီတာက ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာဆိုတဲ့ ရွာလေးတစ်ရွာက မြေပိုင်ရှင် သူဌေးသမီး ဘာပဲပြောပြော မသီတာက ကိုဦးထက် ဓနအင်အားများစွာ သာလေ၏။ မသီတာ ကိုဦးတို့တက်တဲ့ အထက်တန်းကျောင်းကို စတက်ခဲ့တာ ၈တန်းနှစ်တည်းက ကိုဦးရင်ထဲ မသီတာ ၀င်ရောက်နေခဲ့တာ နေမြင့်လေ အရူးရင့်လေဆိုသလို ၁၀တန်းကျောင်းသားဘ၀ မှာ မသီတာကို ကိုဦးချစ်နေတဲ့ အကြောင်း ဖွင့်ဟဖြစ်ခဲ့တယ်။ ကိုဦးက မသီတာကို အလွန်ချစ်နေပေမဲ့ မသီတာကတော့ ကိုဦးကို ချစ်ဖို့ မပြောနဲ့ တိုင်အမှတ်နဲ့ နှပ်တောင် သုပ်မဲ့ ပုံမပေါ်။ ကိုဦးကတော့ ဇွဲကောင်းကောင်းနဲ့  ချစ်ဆဲ…

Rate this:

မုန်းတယ်

အချစ် အမုန်းဆနှုန်းချိန်ရာ ချိန်ခွင်လျှာက အမုန်းဘက်သာ သစ္စာစကား အသဲခါးတယ်။ သကာရည်လူး အဆိပ်ဖူးကို ပန်းဦးထင်မှတ် မချွေတတ်လို. အမြတ်တနိုး ရင်ကျိုးရတယ်။ အမုန်းဟူသမျှ ဒီလောကတွင် အလှပြယ်ပျောက် သစ္စာဖောက်၍ ရင်နှင့်အမျှ ခံစားရတယ်။ ကြော့ဆုံးအသဲ မာယာရှင်ကြောင့် ဆွေးလဲဆွေးတတ် လွမ်းမှတ်မှတ်နှင့် နှလုံးရောဂါ မသက်သာပြီ ဆယ်သက်ဆယ်ကမ္ဘာ မုန်းမည်တည်း။ P.S အရင်မုံရွာမှာနေတုန်းက ရေးထားတာ လေးနှစ်လောက်ကြာပြီ ကောင်းမလေးတစ်ယောက်အတွက်ရေးထားတာ အခု သူနဲ့ အခင်အမင် မပျက် ပဲ သူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိဆဲပဲ ကဗျာကို ပြန်ဖတ်ကြည့်တော့ ရီစရာကြီင်္းဖြစ်သွားတယ် ရေးတဲ့ အချိန်တုန်းက တော့ အတော်လေး ခံစားပြီးရေးထားတာ အခုတော့ ဟာသ တစ်ပုဒ်ပါပဲ

Rate this:

သီိတာဦး(၂)

နောက်အတော်ကြာမှာတော့ ကိုဦးက မသီတာကို ဖွင့်ပြောလိုက်တယ်။အဲ ဒီလိုဖွင့်လိုက်တာကို မသီတာက ကိုဦးပြောတဲ့ ရည်းစားစကားကို ရည်းစားစကားလို.မထင်ပဲ။သူကိုစာသင်နေ တယ်ထင်လို.တဲ။ ကိုဦးက အဲဒီလိုကြောင်တာ။ နောက်ဒီလို ဖွင့်ပြောဖြစ်တာကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောကြတယ်။ သူငယ်ချင်းတွေအားလုံးက မအံသြကြဘူး ဘာဖြစ်လို.လည်းဆိုတော့ ကျနော်က ပုလဲတို.ကို ကြိုပြောထားတာ ကိုး။ကျနော်၊ကိုဦးနဲ့မသီတာတို.က ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတော့ ခဏခဏနယ်ထွက်ရတယ်။ ကိုဦးနဲ့ ကျနော်အဖွဲ့အစည်းချင်း မတူပေမဲ့ တချို.နေရာတွေမှာတွေရတယ်.။ ကိုဦးကိုမသီတာနဲ့ဘယ်လို.အခြေအနေရှိလဲလို.မေးတိုင်း “ငါဘက်ကဖိတ်စာ တစ်ခြမ်းရိုက်ပြီး သွားပြီ သူဘက် ကတော့ ရဲတိုင်ထားတယ်” (ဒါမှမဟုတ်ရင်) “ငါကတော့ ကလေးတောင်ရနေပြီ သူကတော့ အခုထိ သူငယ်ချင်းပဲတဲ့” ငါကတစ်ဖတ်သတ်ကြီးပါကွာလို. နောက်နောက်ပြောင်ပြောင် ပြောတတ်တယ်။ မသီတာ ကိုမေးတဲ့အခါမှတော့ သူငယ်ချင်းပဲလေ ဘာဖြစ်လို.လဲတဲ့။ကျနော်ကလည်း သူတို.နှစ်ဦး ကြာရင်တော့ နှစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ချစ်ကြမှာပဲ…

Rate this:

သီတာဦး(၁)

ကျနော်လေ ဒီအကြောင်းတွေ မေ့ထားပေမဲ့ မေ့မရဘူး။ အရမ်းချစ်ကြတဲ့ ကျနော်တို.သူငယ်ချင်း ၅ယောက် ထဲက သူတို.နှစ်ယောက် အကြောင်းပြောပြချင်လိုက်တာဗျာ။ ကျနော်မှာ အချစ်ဆုံးသူငယ်ချင်း ၄ယောက်ရှိတယ်။ကျနော်ပါ ပါရင် ငါးယောက်ပေါ့။ကျနော်တို.တွေ အားလုံးကျောင်းအသီးသီးဆီက ဘွဲ့ရပြီးထုံးစံအတိုင်း သင်တန်းတွေ လိမ့်တတ်ရတဲ့ အခါသူတို.ကိုတွေတာပေါ့ ဗျာ။ သုံးလအတွင်းမှာပဲ ကျနော်တို.တွေတကယ်ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။ ကျနော် သူတို.တွေထဲမှာစဦးဆုံး စခင်တာ ကိုဦးဗျ။ အဓိကပြောချင်တာလည်း သူအကြောင်းပဲ အခုတော့ သူလောကထဲမှာ မရှိတော့ပါဘူးဗျာ။ ဒါကြောင့်လည်း ဒီပို.လေးကိုစတင်တာပါ။ ကိုဦးက ကျနော်ထက် တစ်နှစ်ငယ်တယ် ဒါပေမယ်လေးစားသမှုနဲ့ ကိုဦးလို.ခေါ်တာပေါ့။ ဒီကောင်က အကုန်သိအကုန်တတ်တယ်။ ဒါပေမယ် ဘာကိုမှ သေသေချာချာမလုပ်ဘူးလို. ကျနော်တို. အတန်းဖော်အစ်မကြီးတစ်ယောက်က ပြောဖူး တယ်။ သူတကယ်လည်းတော်ပါတယ် သင်တန်းက အဆိုင်းမန့်တွေကို ကျနော်တို. အတွက် သူတစ်ယောက်ပဲ…

Rate this: