မျှော်နေသူဘဝ

နှလုံသားကို နည်းနည်းစီ ဖဲ့ဖဲ့ဆပ်နေရ အများသူငါ မကြိုက်တဲ့စကားလုံးတွေ ပေါင်းစပ်ထားတဲ့ငါ အခုထိတော့ ခေါင်းမာမာနဲ့နေထိုင်နေတာ အချစ်ဆိုတဲ့ဝိသေသတစ်ခုကြောင့်ပါ မကြင်နာသူရေ။ မင်းထိုးစိုက်ခဲ့တဲ့ဒဏ်ရာနက်နက် နာကျင်ခြင်းခပ်များများကနဲ့ ကံကြမ္မာကပါ အလိုတူအလိုပါ ငါကိုပူပေါင်းလုပ်ကြံကြပြီ။ ဒီလိုလှည့်ကွက်ဆန်ဆန်ယန္တရားအောက်မှာ ငါဘ၀ဆောက်တည်ရမရ အမှောင်မှာအိမ်ပြန်မဲ့အကောင်တစ်ကောင်အတွက် ဓာတ်မီးတိုင်တွေဖွင့်လိုက်ပါ။ မကြင်နာသူရေ မင်းမေတ္တာတရားတွေကိုတွေလိမ့်နိုးနိုးနဲ့ ငါဝိညာဉ်ဟာ လွတ်မြောက်ရာအရပ်တစ်ခုစီမျောပါပေါ့။

Rate this:

နှလုံးသားယစ်ပွဲ

မိုးကောင်းကင် တိမ်များထဲ ချိတ်ဆွဲထားတဲ့ ငါ့နှလုံးသားမီးထောက် ဘယ်သူလက်လှမ်းမှီမလဲ လူသူမရောက်တဲ့နက္ခတ်တစ်စင်း မင်းကိုလမ်းပြမဲ့ အတ္တမဲ့အလင်း အစွန်းထင်းကင်းမဲ့လှ ဟိုးကအမှောင်ထုကိုဖြိုချလိုက်တော့………… မင်းအတွက် ပေးဆပ်ခဲ့တဲ့ငါနှလုံးသွေးစက်တွေ မြေပြင်ပေါ်ကျလာတိုင်း ပန်းတစ်ပွင့်ပွင်ခဲ့ပေါ့ ဟိုရှေ့ကမိုးကုတ်စက်ဝိုင်း မြေလွာကိုနင်း နေမင်းရှိရာ ငါဦးတည်လာပြီ မင်းဆီ နှလုံးသွေးက စိမ့်ထွက်လာတဲ့ ယောကျာင်္းတစ်ယောက်ရဲ.ခြင်ဆီ အချစ်တွက်ပူဇော်သည်။

Rate this:

မျှော်လင့်ခြင်း

သစ္စာမှတ်သား ပြတ်သားခိုင်ကြည် ငါဒီကမ္ဘာမှာ အကြင်နာဆိုတာဝေး လွတ်ဟာတဲ့နှလုံးသား အချစ်ဆိုတာ ငြိမ်သက်ခြောက်ခြား ဘယ်ဆီများရောက်နေလဲ ရီဝေမျက်ဝန်း စွန်းထင်းလေလွင့် ဒဏ်သင့်စိတ်များ အားတင်းထားလဲ ဆန္ဒရဲ့အရိပ် တွန်းတိုးရင်းပိတ်ပင် ဖိတ်စင်ပြန့်ကြဲ မပေါက်ကွဲအောင် မြိုသိပ်ခြင်းတွေ……. မျှော်လင့်ခြင်းတွေ…….. အားငယ်လှတယ် ဝေဒနာတွေစုအုံတဲ့နွေ အဖော်မဲ့ငါ ချန်ထားရစ်ပါ မလာပါနဲ့ မခေါ်ပါနဲ့ ငါ မျှော်သာမျှော်ရင်း ရင်မှာခြောက်သွေ့ ဖြေဖျောက်ကျေနပ် နေနိုင်ပါတယ်ကွယ်

Rate this:

မင်းအတွက်

လွင့်ပါးနေတဲ့စိတ်ကူး ရင်မောတဲဝေဒနာ ကာရံမညီ စိတ်ကူးအိမ်မက် လေထဲတည်ဆောက် ကယ်သူမရှိနှလုံးသား လုံးပါး ပါးမှ ရေရာတဲ့အချစ် ဇွတ်နှစ်ဝင်တိုး တန်ဖိုးနိမ်ကျလှတဲ့ မင်းရဲ့သံသယမြင်လွှာ ခဏထားပါကွာ ငါကလူထဲကလူပါ မင်းအတွက်ငါ အလာနောက်ကျခဲ့လား သိမ်ငယ်နိမ့်ကျ ခံစားရတယ် ဒါပေမယ့်ငါ မရဲတရဲအားခဲထားတယ် မ၀ံတ၀ံစွန့်စားရတယ် မယုံမဖြစ်ဇွတ်နှစ်တော့မယ် မချိတချိသတ္တိမွေးမယ် ဖြစ်သမျှကြုံသမျှ ခံနိုင်ရမယ် ငါနှလုံးသွေးစက်နဲ့ မင်းအတွက်ပေးဆပ် ဘ၀နေကွယ်တဲ့အထိ……..

Rate this:

မျှော်လင့်ခြင်းများ

မမျှော်လင့်ရဲ မမျှော်လင့်တတ်အောင် အထပ်ထပ်အခါခါ သင်ခန်းစာတွေ ရခဲ့ပေမဲ့ မျှော်လင်နေဆဲပါ မျှော်လင့်တတ်တဲ့ဝေဒနာက အားကောင်းမောင်းသန် စွာကျနော်ကို နှိပ်စက်နေတယ် မ ကိုကျနော်လိုခံစားတတ်အောင် ကိုယ်ချင်းမစာခိုင်းတော့ပါဘူး မ ဦးနှောက်ရဲ. အသိဥာဏ်က နှလုံးသား ရဲ.စေစားချက် အောက်မှာ လျားမှောက်ကျရူံးနေပြီ မ လူသားနှစ်ယောက် လက်တွဲ ခြင်း ရင်းနီုးစွာဆက်သွယ်ခြင်း ရဲ. အဓိပ္ပ္ပါယ်ကလေ အချစ် လို.ကျနော် ယုံကြည်တယ် နားလည်မှုဆိုတာ အချစ်ပေါ်ပေါက်ပြီး မှ လိုအပ်လာတဲ့အရာ တစ်ခုပါ မ မ က အားနာလို. မကောင်းတတ်လို. သနားလို.လာတွေတာ လျှောက်ပြီးသားလမ်းမို. ဆက်လျှောက်ရတာမျိုး မဖြစ်စေချင်ပါဘူး မ ကျနော်က မ ကိုအဆင်ပြေပျော်ရွင်စေချင်တာပါ မ မ အချစ်ကို ကျနော်သိပ်မျှော်လင့်တာ မရဲ. ကျနော်ပေါ်…

Rate this:

မင်းအတွက်-၁

၁၃၄၉တော်သလင်းလပြည်.ကျော်၆ရက်မှာ နတ် ပြည်ကအပ်နဲ့ငရဲပြည်ဲ အပ်ဖျားနှစ်ခု ခလုတ်တိုက်ထိမြိကတယ်……. ဒီအချိန်ကစမှားတာပဲ လောကကြီးထဲယောင်လည်လည်နဲ. စာမတတ်ခဲ့အစာငတ်ခဲ့ ဒါတောင်မျှော်လင့်ချက်တွေက မိုးကောင်းကင်လောက်ရှိတယ်။ နှုတ်ခမ်းမွှေးကိုတယောကြိုးတပ်တီးလို. ပါး ငါးချက်ရိုက်ခံရတယ် ဒါတောင်အမှတ်မရှိ

Rate this: