ကျနော်လေးစား ဆတော်ကြီးများ ၁

ကျနော်ငယ်ငယ်တည်း ဘုန်းတော်ကြီးတွေဆရာတော်တွေကြား ကြီးလာခဲ့လို့ ရဟန်းတော် သံဃာတော်တွေကို အားကျကြည်ညိုမိတယ်။ အသက်လေးနဲနဲလေး ရပြန်တော့ အရင်ကလောက်တော့ မဟုတ်တော့ဘူး အချို့ အချို့ကို ကြည့်မရ ကြည်ညိုလို့မရဖြစ်ပြန်တယ်။ဒါပေသိ မြန်မာသာသနာ သမိုင်းတလျှောက် ထွန်းပြောင်ခဲ့တဲ့ ပရိယတ်ကြယ်စင်တွေ ပဋိပတ်ကြယ်စင်တွေဝိမုတ္တိကြယ်စင်တွေ ကို ပြန်ပြန် ထမ်းထမိတယ်။ မင်းမျက်နှာမထောက် ဒကာမျက်နှာမထောက် သာသနာ(အဆုံးအမ)မျက်နှာသာထောက်ပြီး လောကတည်ငြိမ်ရေး ငြိမ်းချမ်းရေး တရားမျှတရေး အတွက် ကြံဆောင်ကြမယ့် သံဃာ(အသိုင်းဝိုင်း)များကိုစိတ်ချင်ချင်းတက်၍ ကျနော်လေးစား ဆတော်ကြီးများအကြောင်းကို ကိုယ်လက်လှမ်းမှီရာ စာအုပ်တွေထဲကမှ ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။   အာဒိစ္စဝံသ၊ရှင် (မြန်မာ ၁၂၄၄-၁၃၁၃)         ရှင်အာဒီစ္စမပေါ်ပေါက်မီဗုဒ္ဓသာသနာနှစ်ပေါင်း ၂၅၀၀ အတွင်း သာသနာ အကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်သွားသောပုဂ္ဂိုလ်ကြီးတို့ကား (၁)ပုဂံခေတ် သဒ္ဒနီတိကျမ်းပြု ရှင်အဂ္ဂဝံသ၊ (၂)ပင်းယခေတ် အဘိဓာန်…

Rate this:

သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၃

  ပရိယတ္တိ သာသနာတော်အကြောင်းရေးရင်းရေးရင်း ဖေဘုတ်က ကွန်မန့်တွေကို ကြည့် ရင်း ရေးရတာ အားရပါတယ်။ အမြင်တွေ ဘယ်လိုပင်ကွဲကွဲ သာသနာတော်ကို ရေရှည်တည်တံစေချင်တာ လူတိုင်းပါပဲ။ ရှုမြင်တာ မတူလို့ အမြင် ယူဆပုံလည်း ကွဲလာကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စလေးကို အရေးတယူရှိပြီး ဝေဖန်ပေးကြတော့ ကျေးဇူးတင်ပါတယ်။ အခုအပိုင်းက နောက်ဆုံးပိုင်းပါ စိတ်ယဉ်ကျေးမူပိုင်း ဘာသာရေးကိစ္စမှာ တလွဲ ဆံပင်ကောင်းတာတွေ တတ်သလောက် မှတ်သလောက်ရေး ရေးသွားပါမယ်။ကျနော်ရဲ့ အတ္တမနောဟိ မကင်းတာမို့ အမှားပါရင် ဝေဖန်ပေးကြဖို့ လည်းမျှော်လင့်ပါတယ်။ မောင်ကြီးတစ္ဆောကြောက်တယ် တစ်ခါက ဖတ်ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ပတ်သတ်တဲ့ ယဉ်ကျေးမူ မနုဿဗေဒဆိုင်ရာ ကျမ်းတစ်ခုအကြောင်း ဆရာတစ်ယောက်ဆီကနေ ကြားဖူးပါတယ်။ ဒီကျမ်းက ဗြိတိသျှ လူမျိုးတစ်ယောက်ရေးထားတာပါ။ လူမျိုးခြားဆိုပေမဲ့ ပညာရပ်ဆိုင်အမြင်နဲ့ သေသေချာချာ စစ်တမ်းထုတ်ပြီး…

Rate this:

သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၂

ဒီပိုင်းကတော့ ကိုဝိပြောထားတဲ့ ဒုတိယပြဿနာဖြစ်ပါတယ်။ ဒုတိယပြဿနာက ပရိယတ္တိ သာသနာ့ဝန်ဆောင်သံဃာတော်တွေဟာ နေစရာစားစရာပေးပြီး စာသင်စာချလုပ်နေရပေမဲ့ လူတွေက ဒါကို လူတွေက ပရဟိတလုပ်တယ်လို့ ဘာကြောင့် မထင်ကြတာလဲ မသတ်မှတ်ကြတာလဲ။ ပရိယတ္တိစာသင်စာချကိုယ်တော်တွေ ကို  ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ သူတွေ လို့ မထင်ဘူးလားဆိုပြီး မေးရင် လူတိုင်းက လုပ်နေပါတယ် ဒါလဲ ပရဟိတလို့ ကိုဝိ ဖေဘုတ်က ကွန်မက်တွေ ကိုကြည်ပြီး သိနိုင်တယ်။ ဒါကြောင့် ဒါဟာ ဝေါဟာရ ပြဿနာမဟုတ်ပါ။ လူတိုင်းက မေးရင် ပရဟိတ ပါပဲလို ထင်ပေမဲ့ စိတ်ယဉ်ကျေးမှု အရ လက်တွေလူမူဘ၀အရ ပရဟိတ ကို ပရိယတ္တိသာသနာဝန်ဆောင်ကိုယ်တော်တွေ လုပ်နေပါတယ်လို့မျထင်ကြတာ အသေအချာပါပဲ။ ပရိယတ္တိလုပ်ငန်းတွေမှာ ပရဟိတ သဘောပါဝင်ပြီးသားပါ သံဃာတော်တွေ ကိုရင်တွေ ကို…

Rate this:

သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၁

မုခစာအုပ်တွင် တောင်လုပ်မြောက်လုပ်လုပ်နေစဉ် ကျွန်တော်လေးစားရသော ဓမ္မအကိုကြီးဖြစ်တဲ့ ကိုဝိ (Vimuttisukha Bliss) က သူတင်ထားတဲ့ ပိုစ့် ကိုဖတ်ပြီး ၀ိုင်းဝန်းအဖြေရှာရန် ပြောလာပါတယ်။ ကိစ္စက  အကျဉ်းပြောရင် ပြဿနာနှစ်ခု- ပထမတစ်ခုက ဆရာတော်ကြီးတွေ ဓမ္မဒူတခရီး ဟိုသွားဒီသွားကို အင်တာနက် စာမျက်နှာပေါ် နဲ့ ပြင်ပ မီဒီယာများတွင် သတင်းအချက်အလက်များ ပါသော်လည်း သာသနာ့ အခြေခံအုတ်မြစ် ပရိတ္တိစာပေသင်ကြားပေးနေရသော ဂန၀ါစက ဓမ္မကထိက စာချ ဆရာတော်များတော်များအကြောင်း ဘဇာကြောင့် ရှာဖွေရန် ခက်ခဲသနည်း။ ဒုတိယက မိဘမဲ့ ကလေး ကျောင်း စာသင်မုန့်ကျွေး ပညာပေးတာကို ပရဟိတ ဟုခေါ်ဆိုပြီး ဘဇာကြောင့် စာသင်တိုက်များရှိ ကိုရင် ဦးဇင်း သံဃာတော်များကို စာသင်စာချပေးခြင်းအမူကို ဘဇာကြောင့် ပရဟိတဟူ မခေါ်ကြသနည်း ထောက်ပံချီးမြင့်ရန်…

Rate this: