တမာမြေမှာ သုံးနှစ်တာ – ဇာတ်သိမ်း

မုန့်ကျွေးပြီးစာသင်ပေးသူများ ကျောင်းမှာ စာမေးပွဲဖြေရတဲ့ ဘာသာရပ်တွေထဲ အင်္ဂလိပ်စာက အလွယ်ဆုံး တစ်ရက်လောက်စာကြည့်ရင် ဖြစ်သည်။ ဒါကြောင့်ကျောင်းသားတိုင်း မလေးစားချင် အင်္ဂလိပ်စာအချိန်ဆို မတတ်ကြ စာမေးပွဲနီးမှ အတန်းတတ်မှန်တဲ့ သူတွေက စာကူးကြ ရှင်းပြခိုင်းရနဲ့ လုံးလည်ချာလည် လိုက်နေကြသည်။ ထိုသူထဲတွင် မိပိုင်၊မိသော်၊မိနုဝေတို့ ထိပ်ဆုံးကပါသည်။ သူတို့စာမေးပွဲနီးရင် ကျွန်တော်ဆီအမြဲ အပူကပ်ကြသည်။ နောက်ဆုံးနှစ်တွင် Economic Development of Myanmar(EDM)ကို မေဂျာအားလုံး မသင်မနေရ သင်ကြသည်။ ဒီဘာသာကိုလည်း ဒီကလေးမတွေ မရ။ ဒါကြောင့် စာမေးပွဲနီးတိုင်း သူတို့ကို စာသင် ပေးရသည်။ စာသင်ရင်လည်း ရိုးရိုးသင်ရသည်မဟုတ် မုန့်ကျွေးရသည် စာသင်ရင် မပျင်းအောင် အအေးတိုက်ရသည်။ ဤသို့ဤပုံဆိုးသွမ်းလှသော ကလေးမများဖြစ်သည်။ (အချို့ဆိုးသွမ်းသော ကိစ္စများစွာ ကျန်ရှိနေသေးသော်လည်း ကျွန်တော်မသိစေလိုသော ကိစ္စများကို ဖော်ကောင်…

Rate this:

တမာမြေမှာ သုံးနှစ်တာ ၎

အာဂ မာဃလုလင်များ ကျွန်တော်ဒုတိယနှစ် ဒုတိယ နှစ်ဝက် က မိုးရာသီ အညာဒေသဖြစ်ပေမဲ့ ဒီနှစ်သိပ်မိုးမခေါင်ဘူး။ မိုးမခေါင်တော့ မိုးရွာတာပေါ့ဗျာ။ အညာသူအညာသား လယ်ဟာလုပ်ကိုင်သူတွေ အတွက် ကောင်းပေမဲ့ ကျွန်တော်တို့ ကျောင်းသားတွေ အတွက် တော့ သိပ်မနိပ်လှ ကျွန်တော်နေတဲ့ အဆောင်ရှိတဲ့ လမ်းက မြေသားလမ်း မြေကလည်း နှုန်းဆန်ဆန် ဆိုတော့ မိုးရွာထားတာနဲ့ နူးပြီး ဗွက်ထပါလေရော။ ကျွန်တော်တို့ လမ်းရဲ့ အဆိုးဝါဆုံးလမ်းက ကျွန်တော်တို့ အဆောင်ရှေ့ မှာ ကျွန်တော်တို့ အတွက်တော့ ဒီဗွက်ထနေတဲ့ နေရာကို တွန်းပြီး ကျော်သွားလို့ ရပေမဲ့ ကျွန်တော်တို့အဆောင်ကို ဖြတ်ပြီးမှ သွားရတဲ့ အဆောင်သူအဆောင်သားတွေ အဆောင်သူတွေ ကို လာကြောင်တဲ့ ကောင်တွေ အတွက် အခက် မြူနီစပယ် စည်ပင်…

Rate this:

တမာမြေမှာ သုံး နှစ် တာ ၃

စီကနဲဆို ဘောဂဗေဒ ကျွန်တော့်မေဂျာက လူပေလူတေများသည် လူမိုက်များသည် ကျောင်းက ရိုက်ပွဲတိုင်း ဘောဂဗေဒကျောင်းသား များ ရှေ့တန်းကပါသည်။ ဆပ်ပလီ ထိတာအများဆုံးကလည်း ဘောဂဗေဒ ကျောင်းပြိုင်ပွဲတိုင်း တခါမှ ပထမ မရဖူးဘူး။ ဘာကြောင့်လဲ ဆိုတော့ လူအတော်အများ အခြားမေဂျာလျှောက်ပြီး မရလို့ ဒီမေဂျာရောက်ကြတာ ဖို့ ကိုယ် မေဂျာကို ချစ်စိတ်နည်းကြသည်။ ဆရာကန်တော့ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊တခြား ဘာကြေး ညာကြေး တွေ ကို ကောက်တဲ့အခါတိုင်း လူအပြည့်တည့်တာရှားလှသည်။ ဒီကျောင်း ဒီမေဂျာ ဒီလူတွေနဲ့ ဒီကောင် EC မောင်ဥဂ္ဂါ တော့ အခက်တွေ့လှသည်။ ကျွန်တော် ဒီလိုမဖြစ်စေချင်ပါ ကိုယ်ယူတဲ့ ဘာသာကို ဘာအကြောင်းကြောင့်ပဲရရ ချစ်ခင်စိတ် ထားစေ ချင်သည်။ မြတ်နိုးတန်ဖိုးထားစေချင်သည်။ အခုတော့ စာသင်ချိန်ဆိုလည်းပျက် ကျုတိုရီရယ်…

Rate this:

တမာမြေမှာ သုံးနှစ်တာ ၂

ကျွန်တော် လမ်းလျှောက်ထွက်ရင်း လမ်းဘေးတစ်ချကတစ်ဘက်မှာ တမာပင်တစ်ကိုတွေ့မိတော့ ငယ်သူငယ်ချင်း ယောင်း တစ်ယောက်ကိုတွေ့မိသည့် အလား ပျော်မိသည်။ ကျွန်တော်ချစ်တဲ့ တမာမြေ မုံရွာကို သတိရနေမိသည်။ ဒီမှာ အားတဲ့ အခါတိုင်းကျွန်တော် လက်စမသတ်ရသေးတဲ့ စာတွေ ကို အားရင် အားသလို ရေးနေမိသည်။ ကျွန်တော်ရဲ့ မပြီးသေးသော တမာမြေမှာ ၃ နှစ်တာ အခန်း နှစ်ကို ဆက်ရေးမိပါသည်။ အစ္စလာမ် ကျောင်းသားမိသားစု ကျောင်းသားအဖွဲ့တွေထဲမှာ ကျွန်တော် ချင်းတွင်းကျောင်းသားမိသားစု EC လုပ်ပြီး ချင်းတွင်းအဖွဲ့ ပျက်လေသည်။ ဒါနဲ့ ကျောင်းကဖွဲ့သည် ပထမနှစ်ကျောင်းသားအသင်း(ပထမနှစ်တွင် သီးသန့်ကျောင်းသား အသင်းမရှိ ဒုတိယနှစ်ရောက်မှ သက်ဆိုင်ရာမေဂျာအလိုက် ဘောဂဗေဒအသင်း စာရင်းအင်း အသင်းဆိုပြီး ခွဲရသည်) မှာ EC ဖြစ်ပြန်သည်။ နောက် အဆောင်က…

Rate this:

တမာမြေမှာ သုံးနှစ်တာ

မြန်မာစီးပွားရေးဘွဲ့ရများကွန်ရက်ဆိုက် အတွက် အခန်းဆက်တစ်ခုခု ရေးပေးချင်နေတာ ကြာပါပြီ ကိုရွှေတိုးအောင်ကိုလည်း ရေးမယ်ရေးမယ် ပြောထားတာ ကြာပြီ။ ဘာရေး ရမှန်းလည်း မသိ စီးပွားရေးဘွဲ့ ရတွေ စုထားတဲ့ နေရာဆိုတော့ အတော်အများက ကျောင်းတတ်ခဲ့ ရတဲ့ ဘဝကို လွမ်းနေကြမယ်ဆိုတော့ ကျွန်တော်လည်း ကျောင်းကို လွမ်းနေတာ နဲ့ မုံရွာစီးပွားရေး တက္ကသိုသ် မှာ ၃ နှစ်တာနေခဲ့တဲ့ အကြောင်းလေးကို စရေးချင်မိတယ် ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ လေးစားရတဲ့ ဆရာတွေ အဆောင်တွေ ကျောင်းထဲ က ပဋိပက္ခလေးတွေ ပြန်ရေးချင်လာလို့ ဒီအညာမြေမှာ ၃ နစ်တာနေခဲ့တဲ့ ကာလလေးကို ပြန်လည် စားမြုံပြန်ပြီး ရေးလိုက်ပါတယ် ခင်ဗျာ…………… ၁၀ တန်းအောင်ပြီ ကျွန်တော် ၁၀ တန်းအောင်တော့ မန္တလေးမှာ…

Rate this:

အခုဆို မုံရွာမှာ

အခုဆို မုံရွာမှာ ဖုန်တွေ တစ်ထောင်းထောင်းထနေလောက်ရောပေါ့ အခုဆို မုံရွာမှာ တမာရွက်တွေ ကြွေနေလောက်ရောပေါ့ အခုဆို မုံရွာမှာ နတ်ဒိုးသံတွေ နဲ့ ဆူညံနေလောက်ရောပေါ့ အခုဆို မုံရွာမှာ အရက်ဆိုင်တွေ လက်ဘက်၇ည်ဆိုင်တွေ အတော်များနေလောက်ရောပေါ့ အခုဆို မုံရွာမှာ ရေရှားနေလောက်ရောပေါ့ အခုဆို မုံရွာမှာ တမာတွေ ပွင့်နေလောက်ရောပေါ အခုဆို မုံရွာမှာ လူတွေ စည်ကားနေလောက်ရောပေါ့ အခုဆို မုံရွာမှာ သူငယ်ချင်းအချို့ ငါကို သတိရနေကြရောပေါ့ အခုဆို မုံရွာမှာ ကောင်မလေးတစ်ယောက် ငါကို မုန်းနေလောက်ရောပေါ့ ချစ်တဲ့ မုံရွာ ချစ်တဲ့ကျောက္ကာလမ်း ချစ်တဲ့ သူငယ်ချင်းတွေ ဟိုးအတိတ်မှာ ကျန်ရစ်ခဲ့ပေါ့ ဒဏ်ရာတွေ နဲ့ မုံရွာမှာ နာကျဉ်းခဲ့ဖူးတယ် ဝေဒနာတွေ ကို မုံရွာက ကုစားပေးခဲ့ဖူးတယ် အမှတ်တရ…

Rate this:

နောက်ဆုံး (သို့မဟုတ်) အစ

နောက်ဆုံး ဒါနောက်ဆုံးတဲ့ ၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံး ချစ်ခင်တဲ့ ဘ၀ ၊ လှပတဲ့ သံယောဇဉ် ဝေးလွင့်ကွယ်ပျောက်တော့ မဲ့ နောက်ဆုံးတဲ့လား……။ တမာတွေစိမ်း၊ သစ်ပင်တွေ ယိမ်းက ပကာသနမရှိ ၊ သဘာဝအတိ ရိုးသားတဲ့အလှ ၊ ပြည်ဝတဲ့ ၀န်းကျင် ငါတို့ရဲ့ ရင်ခွင်လေးတစ်ခုပေါ့။ စစ်ကိုင်း၊မကွေး၊ရှမ်း၊ချင်း၊ကချင် လူမျိုးစုံလင် ၊ ခင်မင်ပေါင်းစည်း ကျောင်းတော်ကြီးမှာ ငါတို့ပျော်ရွှင်ခဲ့ ပြီလေ။ ၊ ပြည်ဝတဲ့ ၀န်းကျင် ငါတို့ရဲ့ ရင်ခွင်လေးတစ်ခုပေါ့။ စစ်ကိုင်း၊မကွေး၊ရှမ်း၊ချင်း၊ကချင် လူမျိုးစုံလင် ၊ ခင်မင်ပေါင်းစည်း ကျောင်းတော်ကြီးမှာ ငါတို့ပျော်ရွှင်ခဲ့ ပြီလေ။ မနက်မိုးလင်း ကျောင်းဆင်းကျောင်းတက် ကသုတ်ကယက်နဲ့ Super Cub ဆီး တွေ့သမျှသူ နှုတ်ဆက် ဘယ်တော့မှမငြီးတဲ့ ကျောင်းသွားတဲ့ ခရီးလေ။…

Rate this: