အိဖြိုး(ခ) ငကစ်ဆိုသည်မှာ

လွန်ခဲ့တဲ့ လေး နှစ်လောက်က ပရဟိတ စေတနာ့ဝန်ထမ်းအလုပ်တစ်ခုလုပ်ဖို့ ရွာတစ်ရွာမှာ တာဝန်ကျခဲ့ဖူးသည်။ ရွာတွင်နေရတဲ့ ကာလက တစ်လ စာသင်ပေးရတဲ့ ကလေးက ၂၀၀ အဲဒီ အချိန်မှာ ကျနော် ညီမတစ်ယောက် ကောက်ခနဲ ရခဲ့သည်။ သူနာမည်ကား အတော်တော့များလှသည်။ နာမည်အရင်း က အိအိဖြိုးလွင် ဘိုနာမည်က Kirsty ကျနော်ကတော့ ကစ်မ လိုခေါ်သည်။ သုံးမည်ရ ငကစ်ဖြစ်သည်။ သူကား မှောင်နေတဲ့ အချိနတွင် သွားဖြဲပြီး ပြုံးပြမှသာ  သူကို မြင်ရတယ်။  လင်းနေသည့် အချိန်တွက်တော့ အဝေးကနေမဲသဲမဲသဲဖြင့် မြင် လှမ်း၍မြင်နိုင်သည်။ လူပုံပုတက်တက် အသားမဲမဲ စကားဝဲဝဲ သွားကျဲကျဲ နှင့် တလောကလုံး စိတ်ညစ်သွားလောက်အောင် ပြုံးပြနိုင်သူဖြစ်သည်။ အစားနဲ့ ပါးစပ် မပြတ်စားနိုင် သောက်နိုင်…

Rate this:

ကျနော်လေးစား ဆတော်ကြီးများ ၁

ကျနော်ငယ်ငယ်တည်း ဘုန်းတော်ကြီးတွေဆရာတော်တွေကြား ကြီးလာခဲ့လို့ ရဟန်းတော် သံဃာတော်တွေကို အားကျကြည်ညိုမိတယ်။ အသက်လေးနဲနဲလေး ရပြန်တော့ အရင်ကလောက်တော့ မဟုတ်တော့ဘူး အချို့ အချို့ကို ကြည့်မရ ကြည်ညိုလို့မရဖြစ်ပြန်တယ်။ဒါပေသိ မြန်မာသာသနာ သမိုင်းတလျှောက် ထွန်းပြောင်ခဲ့တဲ့ ပရိယတ်ကြယ်စင်တွေ ပဋိပတ်ကြယ်စင်တွေဝိမုတ္တိကြယ်စင်တွေ ကို ပြန်ပြန် ထမ်းထမိတယ်။ မင်းမျက်နှာမထောက် ဒကာမျက်နှာမထောက် သာသနာ(အဆုံးအမ)မျက်နှာသာထောက်ပြီး လောကတည်ငြိမ်ရေး ငြိမ်းချမ်းရေး တရားမျှတရေး အတွက် ကြံဆောင်ကြမယ့် သံဃာ(အသိုင်းဝိုင်း)များကိုစိတ်ချင်ချင်းတက်၍ ကျနော်လေးစား ဆတော်ကြီးများအကြောင်းကို ကိုယ်လက်လှမ်းမှီရာ စာအုပ်တွေထဲကမှ ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။   အာဒိစ္စဝံသ၊ရှင် (မြန်မာ ၁၂၄၄-၁၃၁၃)         ရှင်အာဒီစ္စမပေါ်ပေါက်မီဗုဒ္ဓသာသနာနှစ်ပေါင်း ၂၅၀၀ အတွင်း သာသနာ အကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်သွားသောပုဂ္ဂိုလ်ကြီးတို့ကား (၁)ပုဂံခေတ် သဒ္ဒနီတိကျမ်းပြု ရှင်အဂ္ဂဝံသ၊ (၂)ပင်းယခေတ် အဘိဓာန်…

Rate this:

Professor Samdhong Rinpoche

တိဘက်နိုင်ငံဟာ ဝါဂျရာယနဗုဒ္ဓဘာသာကိုးကွယ်ကြသော လွတ်လပ်သည့် အချုပ်ခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အပြင် အိနိ္ဒယ၊နီပေါနှင့် ဘူတန်နိုင်ငံ တို့နှင့်လည်း သံတမန်ရေး ဆက်သွယ်မှုရှိခဲ့သည်။ တိဘက်သည် ၁၉၅၉ခုနှစ်ထိတိုင် လွတ်လပ်ပြီး အေးချမ်းသာယာသည့် နိုင်ငံဖြစ်ခဲ့သည်။ ၁၉၅၉ခုနှစ်မှာပင် တရုတ်လူမျိုးတို့၏  နိုင်ငံရေးကျူးကျော်မှု ကြောင့် “H.H The Dalai Lama” ဒလိုင်းမားနှင့် တိဘက် နိုင်ငံသား ရှစ်သောင်းတို့သည် အိနိ္ဒယနိုင်ငံသို့ ထွက်ပြေး ထိမ်းရှောင် ခဲ့ကြရသည်။ ၄င်းအဖွဲ့တွင် Professor Samdhong  Rinpoche တစ်ယောက် အပါအ၀င်ဖြစ်သည်။ ထိုအချိန်မှစ၍ (၄၈) နှစ်တိုင်အောင် အိနိ္ဒယနိုင်ငံတွင် ဒုက္ခသည်များအဖြစ်  နေခဲ့ကြရသည်။ Professor Samdhong  Rinpoche ကို ၁၉၃၉ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက်(၅)နှစ်သားအရွယ် တွင် စတုတ္တမြောက် Samdhong…

Rate this:

မမေ့အပ်သော နေ့တစ်နေ့ Feb 13

င်္Forword mail တစ်ခုပါ တိုက်ဆိုင်လို.တင်လိုက်တယ် မျှဝေရုံသက်သက်ပါနော်။ လူငယ်လေးများကိုသိစေချင်လွန်းလို.ပြောပြဖြစ်တာပါ။ လောကမှာဘုရားရှင်ဟောတော်မူခဲ့တာ လူသုံးမျိုးပဲရှိပါတယ်။ ၁။ ကျေးဇူးကို မသိတတ်တဲ့သူ ၂။ ကျေးဇူးကိုသိတတ်တဲ့သူ ၃။ ကျေးဇူးကိုသိပြီးပြန်ဆပ်တတ်သူ မိမိက ဘယ်လိုလူလဲဆိုတာကိုသုံးသပ်သင့်လှပါတယ်။ သစ်ပင်ရိပ်ကို ခိုခဲ့ရင်းတောင်သစ်ကိုင်းကို မချိုးမိအောင် ကြိုးစားသင့်တာကတော့ကျေးဇူးသိတတ်ခြင်းရဲ့ပြယုဒ်တစ်ခုပါ။

Rate this:

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာ သား ဇာတိနတ်မောက် မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား …. တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့ မမေ့အား ဒီမိုကရေစီ  လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား…။

Rate this:

ကျောင်းတော်လွမ်းချင်း

ကျောက္ကာရွှေဂူနီ ဘုရားကိုလ ဖူးမြင်ရစေလို ဘော်ဒါတွေလွမ်းတဲ့စိတ်နဲ. ကြိတ်၍သာငို ကျမျက်ရည်စိုရွှဲ ပျော်ရွှင်စွာဘော်ဒါတွေနဲ. ကဲချင် လှတယ် ကျောင်းဘယ်တော. ဖွင့်မလဲ။ ကျောက္ကာဦး မှာ သောက်ခါအမြဲ မှောက်ကာလဲပြီး လျှောက်ပါဆဲ ကမြင်းကျောထ တဲ့ရက်တွေကို စိတ်ဝယ် သတိရ မန်းတောင်မြေ အရပ်တပါးဆီက တမာမြေတို့ တက္ကသိုလ်ကို မျှော်မိတိုင်းလွမ်းလှတယ်လေး။ ps:မုံရွာ မှာကျောင်းတက် တုန်းက ရေးထားတာ ပါ ကျောင်းပိတ်ရင် ဘော်ဒါတွေလွမ်းလိုလေ မန္တလေး မှာတုန်းက ရေးထားတာ ပထမနှစ် ကျောင်းပိတ်တုန်းက ပေါ့

Rate this:

အဒမ်စမစ်

အဒမ်စမစ်(၁၇၂၃-၁၇၉၀) က စကော.လူမျိုးဒသနပညာရှင်တစ်ယောက်ပါ။ ဘယ်လိုရောင်လည်လည် နဲ့ဘောဂဗေဒပညာရှင်ဖြစ်လာလဲမသိဘူးဗျ။ သူကိုကျောင်းကဆရာသမားတွေကတော.ဘောဂဗေဒရဲ့ဖခင်လို.ပြောကြတာပဲဗျ။ သူရဲ.အတွေးအခေါ်ကလူတစ်ဦးချင်းကောင်းအောင်လုပ်နောက်လူအဖွဲ.အစည်းလိုက်ကောင်းလာမယ်လို. ယူဆတယ်။လူအဖွဲ.စည်းလိုက်ကောင်းဖို.ထက်တဦးချင်းကောင်းအောင်လုပ်တာပိုလွယ်တယ်လို.ဆိုပါတယ်။ လူတွေရဲ.အတ္တဟာစီးပွားရေးတိုးတက်ဖို.ရဲ.အဓိကမောင်းနှင်အားဆိုပဲ။ စီပွားရေးမှာ အစိုးရအပါအ၀င် ဘယ်အင်အားစုမှ၊၀င်ပြီးမစွက်ဖက်သင့်ဈေးကွက်ကိုဇီးကွက်နဲ့ (နောက်တာ)ဈေးကွက်ထားတာ အကောင်းဆုံးဝယ်လိုအားနဲ့ရောင်းအားကအဆင်ပြေအောင် ချိန်ညို ပေးမယ်လို.ပြောခဲ့တယ်။ဈေးကွက်ကိုလွတ်လွတ်လပ်လပ်ထားတာအကောင်းဆုံးသတဲ့ဗျ။ မုံရွာကျောင်းမှာသူပုံနဲ့ T-shirt ထုတ်တော.အတော်ရောင်းရတယ်။သူကျေးဇူးတွေကျနော်ပေါ်ရှိပါ တယ်   🙂

Rate this: