ကသာအင်းတော်ဒိုင်ယာရီ (21-22/05/2013)

မြတောင်ဇက်ဆိပ်မှာ ကားက တစ်ညလုံးရပ်ထားပုံရတယ်။ မနက်မိုးလင်းတော့ ဇက်က ကပ်နေပြီ ကိုကျော်စိုးက အိပ်ချင်မူးတူးနဲ့ထပြီး ဇက်ကြီးကို လဖေ့ရေဆိုင်မှတ်လို့တဲ့ သူကိုကြည့်ပြီး သင်းသင်းအေး၊ ဖူးပွင့် နဲ့ ကျနော်တို့ အညာသား ၃ ယောက် အင်းသား ကိုကျော်စိုးကို တသောသောနဲ့ ဝိုင်းဟားကြတာ အူတောင်နာတယ်။ မြတောင်ကနေ ထီးချိုင့်ကြား ဧရာဝတီမြစ်ကြီးပေါ်မှာ သောင်ထွန်းနေတာမှာ အကြီးကြီးပဲ ဟိုအရင်က ဒီလိုမဟုတ်ဘူး။ ဇက်ပေါ်မှာ ကိုကျော်စိုးနဲ့ ဖူးပွင့်တို့က ပဲပေးလိုက် ကျနော်က ဓာတ်ပုံရိုက်လိုက် နဲ့ ပျော်စရာကြီး။ ထီးချိုင့်ရောက်တော့ လဖေ့ရေဆိုင်မှာ မနက်စာစားကြတယ်။ ဆိုင်ပုံစံကြည်ပြီး မဟန်တာနဲ့ သူငယ်ချင်းတွေမှာတာကိုကြည့်တော့ အခြေအနေက အတော်ဆိုးတယ် ဒါကြောင့် အပြင်ထွက်ပြီး ဈေးက ကောက်ညင်းပေါင်းနဲ့ အကြော် ၅၀၀ ဖိုးလောက်သွားဝယ်ပြီး စားလိုက်တယ်။ ကောက်ညှင်းပေါင်းနဲ့…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (20-21/05/2013)

ကိုကျော်စိုးက အင်းတော်မှာ သင်တန်း တစ်ခုသွားကူစရာရှိတယ် လိုက်မလားလို့ မေးကတည်းက  ၁၀ နှစ်ကျော် မရောက်ခဲ့ ဝေးနေတဲ့ ကိုယ် ၁ နှစ်လောက်နေခဲ့တဲ့ ဒေသကို ပြန်ရောက်တော့မှာမို့ ကျနော် ရင်တွေ ခုန်နေခဲ့တယ်။ ကသာမှာ ၁ နှစ်ကျော်သာနေခဲ့ရပေမဲ့ ကျနော်အတွက် အမှတ်တရ တွေ သတိရစရာတွေ လွမ်း စရာတွေ အများကြီး အများကြီးပါ။ နဘားဘူတာ၊ လင်းယုန်စာပေ၊ အန်တီစန်းနုခေါက်ဆွဲ၊ အားမာန်ကွမ်းယာ၊ ရေတွင်းအကြော်ဆိုင်၊ ဧရာဝတီမြစ်ကမ်း၊ ပတ္တမြားရပ်ကွက်၊ ဧဒင်လဖေ့ရေ ဆိုင် စတဲ့ စတဲ့ မှတ်မှတ်ရရ ဖြစ်စရာတွေ အများကြီး အများကြီး တည်ရှိနေတဲ့နေရာပေါ့။ ဒီလိုနဲ့ ၁၀ နှစ်ကြာမရောက်ခဲ့တဲ့ နောက်တစ်ခေါက်ဘယ်တော့မှ ပြန်ရောက်ဘူးလို့ ထင်ခဲ့တဲ့ ကသာဒေသကို ကျနော် ပြန်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။…

Rate this:

24 အတွေးများ

အသက်ကား နှစ်ဆယ်လေး ပြည့်လေပြီ ကျွန်တော်အား မွေးစမှ အခုရှိ ကျွေးမွေးပြုစု စောက်ရှောက် လာသော ကျွန်တော့် မာတာမိခင်ကျေးဇူးရှင်မေမေ ကား ဦးစွာကန်တော့ပါ၏။ အရင်နှစ်တွေက ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော့်ကို မွေးနေ့တိုင်းနှစ်တိုင်း လုပ်ပေးတတ်တဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဗုဒ္ဓဘာသာလူငယ်ဖွံဖြိုးရေးရဲဘော်ရဲဘက် များဖြစ်ကြသော အစ်မကြီး ညိုမီ၊ မိရွှေပ၊ သိုးစိမ်း(သိန်းစိုး)၊ အောင်အောင်(အိမ်မက်)၊သဉ္ဇာ တို့နဲ့ မွေးနေ့မှာ အတူမရှိနေခဲ့တာကို တော့ ၀မ်းနည်း၏။ ကျွန်တော် နှစ်ဆယ်လေးနှစ် ပြည့်ချိန်မှာ ကျွန်တော် ရင်နဲ့အသဲနဲ့ မြတ်နိုးရသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဗုဒ္ဓဘာသာလူငယ်အဖွဲ့ က ၃ နှစ်၊ ပုံပြောသူများအဖွဲ့ကား ၂ နှစ်ပြည့်လေပြီ။ ကျွန်တော်ကား အမိမြေနဲ့ ဝေးရာ နေရာဒေသတစ်ခုကို ရောက်ရှိနေခဲ့ပြီ။ မွေးနေ့အချိန်မှာ အိန္ဒိယ မြောက်ဖျား…

Rate this: