နွေကန္တာ ရွှေအညာခရီး ၂

မုန်းချောင်း ကို မမုန်းပါ သစ်တော်ရွာကေလး မေးတင်ထားတဲ့ချောင်းက မုန်းချောင်းတဲ့ ရေတတ်ချိန်ဆို ရွာက ကအိမ်ေခြေတွ အောက်ခြေအထိ မြုပ်သတဲ့ မုန်းချောင်းရဲ့ ရေတတ်ချိန်မှာ ရေတိုက်စားလို့ ကမ်းပါးပြိုတ နောက် ကမ်းပါးက သစ်ပင်တွေ ကို တောင် တိုက်စားတယ်သွားလို့ ကမ်းပါးပြိုလို့ ချောင်းထဲ ကျေနတဲ့ သစ်ပင်တွေ ကိုတောင် တွေခဲ့ ရတယ်။ သစ်ပင်တွေက လူတွေ စိုက်ပျိုးေမြေတွ မပျက်စီးအောင် အသက်ရှိသမျှ တွန်းလှန် ကာကွယ်ပေးကေမဲ့ ရေဇာင်းက ထက်သမို့ မခိုင်ပဲ ယိုင်လဲ သွားရှာတဲ့ လူတို့ မိတ်ဆွေ အာဇာနည် သစ်ပင်ကြီးတွေ ကို ကျွန်တော် အေလးပြုမိပါတယ်။ ဒီမုန်းချောင်းက ရေတိုက်စားလို့ ကမ်းပိုပြီး တစ်ဖက်ကို နှူန်းတွေ ပို့ချ တစ်ဘက်မှာ သောင်ထွန်းလို့…

Rate this:

နွေကန္တာ ရွှေအညာခရီး ၁

စကားဦး ဒီပွင့်ဖြူခရီးဟာ ပုံပြောသူများ ၁နှစ်ကျော်ကျော်ကာလ နယ်ထွက် ခဲ့ရတာတွေ ထဲ အဝေးဆုံး နောက် ပူးပေါင်းတဲ့ အဖွဲ့ အစုံဆုံး အပင်ပန်းဆုံး လို့ သတ်မှတ်လို့ ရပါတယ်။ နောက်ပုံပြောတာ အပြင် စာကြည်တိုက် ဖွင့် လှစ်နိုင်ဖို့ ပါ အပိုထပ်ဆောင်း လုပ်တဲ့ ခရီးစဉ်ပါ။ ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ ကျွန်တော်တို့ ကို စတင်ခေါ်တ ဦးမိုးထွန်(အမှုဆောင်အယ်ဒီတာ )ဲ့၊ စာပေအကြောင်း ကဗျာအကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း တွေ ကို ဆွေးနွေးလမ်းပြပေးတဲ့ အစိမ်းရောင်ဘုန်းဘုန်းမောင်ခိုင်တည်၊လိုလေသေးမရှိ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးပြီး လူငယ်တွေ ကို ယုံကြည်အားထားပြီး ဧည်ဝတ်ကျေအိမ်ရှင်ပီသတဲ့ ဆရာတော်ဦးကဏ္ဍာရအလင်္ကာရ၊ ခရီးစသ်အစ ကနေ အဆုံး သွားရေးလာရေး အဆင်ပြေအောင် ကူညီပေးတဲ့ ဘုန်းဘုန်း ဦးဉာဏဓဇ(နိုင်-ပရိတက္ကသိုလ်)၊ပန်းချီသဘောတရားတွေ…

Rate this:

ကူထိုးဘိုး(တံခွန်တိုင်ပွဲတော်)

ကူထိုးဘိုး(တံခွန်တိုင်ပွဲတော်) ဟိုးရှေးရှေးတုန်းကတော့ ဒီကမ္ဘာမြေပြင်ပေါ်မှာ လူရယ်လို့ ရှိလာကာစက ရွာတစ်ရွာမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ လင်ယောကျာင်္မရှိတော့ တောင်ယာအလုပ်ကို သူတစ်ယောက်တည်းပဲ လုပ်ရတယ်။ အဲဒီလို မိန်းမသားတစ်ဦးတည်း သူတောင်ယာမှာ စိုက်နေချိန် တစ်နေ့မှာဆင်ဖြူတစ်ကောင်ဟာ သူ့တောင်ယာ ထဲကို ၀င်လာပြီး ဖျက်စီးတယ်။ ဒီဆင်ဖြူက တစ်ခါလည်းမဟုတ် နစ်ခါလည်း မဟုတ် အခါခါ ဖျက်တာများ တော့ တောင်သူမိန်းမက အလွန်ဒေါသ ထွက်လာပြီး ဒီဆင်ဖြူနောက်ကို လိုက်တယ်။ ဆင်ဖြူခြေရာခံ လိုက်ရင်း လိုက်ရင်းနဲ့ တောအတော်နက်လာ ခရိးအတော်ဝေးလာတော့ သိပ်မောပန်းလာရော။ ရေသိပ်ဆာနေတယ် ဒါပေမဲ့ ရေသောက်စရာ မတွေ၊ဆင်ကိုလည်း မမှီ တော့ အတော်ကို မောပန်းနေတယ်။ ရေသိပ်ဆာနေတော့ တစ်နေရာမှာ ဆင်ဖြူကြီးရဲ ခြေရာခွက်ထဲမှာ တင်ကျန်နေတဲ့ ကျင်ငယ်ရည်ကို ခပ်သောက် သတဲ့…

Rate this:

ပုံပြောတဲ့ ဓလေ့မရှိတော့ရင်

ပဲခူးကျောက်တန်းကျေးရွာရှိ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာဒါနကျောင်း၏ ခန်းမဆောင်တစ်ခုထဲတွင် (၄)နှစ် အရွယ်မှ (၈)နှစ်အရွယ်ကလေးငယ် နှစ်ရာခန့် ဆူညံပွက်လော ရိုက်နေသည်။ယင်းအချိန်တွင် အသက် ၂၄နှစ်ခန့် ရှိ လူငယ်တစ်ဦး က ကလေးများအား ယခုကဲ့သို့ အသံတစ်ခုပေးလိုက်သည်။ “ဟိုင်း- Hi” ကလေးငယ်များက “ဟယ်လို-Hello” ဟုပြန်ထူးလိုက်သည်။ ဆူညံနေသောအသံများ တိတိဆိတ်သွားသည်။ “ညီလေးတို့ ညီမလေးတို့ ရေ အစ်ကိုတို့က ရိုးရာပုံပြင်လေးတွေပြေညပြဖို့ လာခဲ့တာပါ။ ပုံပြင်လေးတွေ နားထောင်ကြမလား” ဟု ထိုလူငယ်က မေးလိုက်ရာ ကလေးငယ်တွေကလည်း တညီတညွတ်တည်း နားထောင်မည်ဟု ပြောကြသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆရာ၊ဆရာမများသည် မိမိအတန်းသားများ ဆူညံနေလျှင် ကျောက်သင်ပုန်းကို ကြိမ်လုံးဖြင့် ရိုက်ကာ ငြိမ်အောင် လုပ်သည်ကို သွားသတိရသည်။ ယခု လူငယ်လေးလုပ်သည့် ဟိုင်း ဟယ်လို…

Rate this:

ပုံပြောသူများ ဆိုသည်မှာ

လမ်းမှာပေါ်မှာ လူငယ် ၁၀ ယောက်လောက် လမ်းလျှောက်နေကြသည်။ အဝေးမှ ကြည့်လျင် တော်တော် ဆော့တဲ့ အဖွဲ့လို့ ထင်လိမ့်မည်။ သူတို့ အဖွဲ့ သည် ပူပြင်းလှသည် မတ်လနေရောင် အောက်မှာ အပြုံးမပျက် လမ်းလျှောက်နေကြသည်။ သူတို့ အဖွဲ့တွင့် လမ်းပေါ်တွေသမျှကို ခြေထောက်ဖြင့် လိုက်ကန်နေတဲ့သူပါသည်။ ဂစ်တာကြီးကို ကို့ရို့ကားယား လွယ်ပြီး လမ်းလျှောက်ရင်း ဂီတာတီးသူပါမည်။ ထိုသူတီးသမျှကို အပေါက်လမ်း မတည့် လိုက်ဆိုသူ နှစ်ယောက်လောက် ပါမည်။လွယ်အိတ်စုတ်ကြီး လွယ်ထားသူနှင့် အားရပါးရ ရယ်တတ်သူ လည်းပါမည်။ အဖွဲ့မှာ ၁၀ယောက်လောက် ရှိလျှင် ၉ ယောက်လောက်မှာ မျက်မှန် တစ်ဝင်းဝင်းနှင့် ဖြစ်သည်။ သူတို့သည် တူညီသော ပန်းတိုင်တစ်ခုကို အတူလျှောက်လှမ်းနေသော လျှောက်လှမ်း နေကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။…

Rate this: