သင်္ကြန်အကြတ်နေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ကန်တော်ကြီးပတ်လမ်းရှိ မျှော်စင်ကျွန်းဝင်ပေါက်၊ (Special One(X2O) မဏ္ဍပ်အနီးတွင် ဧပြီလ ၊(၁၅)၊ သင်္ကြန် အကြတ်နေ့၊ ညနေ ၃း၀၀ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ ခန့်မှန်းခြေလူ အယောက် ( ၁၅၀)ခန့် ဒဏ်ရာရှိပြီး၊ သေဆုံးသူ ၂၀ဦး ထက်မနည်း သေဆုံး ခဲ့သည်ဟု သိရှိရပါသည်။ ဒဏ်ရာရရှိသူအများစု၏ ဒဏ်ရာများမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် အများဆုံး တွေရှိရပြီး။ လမ်းဘေးဈေးသည်များ၊ ကလေးများနှင့် ရေပက်ခံထွက်သူ အများစု ထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။ ရန်ကုန်ဆေးရုံကြီး အနီးပတ်ဝန်းကျင်တွင် ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများဖြင့် ပြည့်နှက်နေသည် ကိုတွေ့ရပါသည်။ P.S : ရန်ကုန်ပြည်သူဆေးရုံကြီးတွင်ကိုယ်တိုင် သွားရောက်ကြည်ရူခဲ့ပါသည်။ ဓာတ်ပုံကို ကိုညီလင်းဆက် ဘလော့မှ ယူပါသည်။ Advertisements

Rate this: