ဇာတကဆိုင်ရာ သိကောင်းစရာ ၁

ငယ်ငယ်က နားထောင်ခဲ့ရတဲ့ ပုံပြင်ထဲမှာ ဇာတကပုံပြင်တွေက အများဆုံးပါပဲ။ အဘိုးကပြောလိုက် အဖွားက ပြောလိုက် အဘိုးလေး(ဦးဘ) က ပြောလိုက် အမေက ပြောလိုက် ကျောင်းက ဆရာမကပြောလိုက် နောက်ဆုံး ယဉ်ကျေး လိမ္မာသင်တန်းက ဘုန်းကြီးကပြောလိုက်နဲ့၊ ကြားခဲ့ဖူးသမျှ နားထောင်ခဲ့ဖူးသမျှပုံပြင်တွေထဲ ဇာတက ဟာ အများဆုံးဖြစ်မယ်ထင်ပါတယ်။ ဇာတက ပုံပြင်တွေကို လူပြောများတယ်ဆိုတဲ့ သဘောပေါ့ ။ နောက်ပိုင်း ရိုးရာပုံပြင်တွေ ကို လေ့လာမိတော့ ဇာတကဝတ္ထု နဲ့ ဆင်တဲ့ တူတဲ့ ပုံပြင်တွေ အများကြီးတွေ့ရတယ်။ ဇာတက ပုံပြင်တွေဟာ ယဉ်ကျေးမှုရိုးရာ အစိတ်အပိုင်းတစ်အဖြစ် စိမ့်ဝင်သွားလိုက်တာ အချို့ ဇာတက ကို ဇာတက မှန်းတောင် မသိကြ တော့ဘူး ရိုးရာပုံပြင်တွေလို့  ထင်ကြတော့တယ်။ ဇာတကဝတ္ထု တွေဟာ…

Rate this:

ဖျားလို့ရပြီ

တကယ်တမ်းတော့ ရွှေဘိုကို စသွားထဲက သိပ်အခြေအနေမကောင်းလှ ဆက်တိုက်သွားထားတဲ့ ခရီးရယ် ပူလိုက် အေးလိုက် ရာသီဥတုရယ် နဲ့ တွေ့ရ ကြုံရတော့ အတော်ကြီးပန်းနေပြီ ဒါပေမယ့်လည်း အားကြိုးမာန်တက် လုပ်နေတဲ့ ကိုယ့်ဆရာတော်တွေရဲ့ အလုပ်မို့ ငြင်းလို့မရခဲ့။ ဒါနဲ့ပဲ ရွှေဘိုကို ခရီးဆက်ခဲ့တယ်။ ရွှေဘိုရောက်တော့ တွေ့စရာရှိတဲ့သူနဲ့တွေ လုပ်စရာရှိတာလုပ်ပြီး ညနေပိုင်း သင်တန်းစခဲ့တယ်။ နောက်တစ်ရက်ကြ ထင်ထားသလောက်မပူပေမယ့် အပူရိုန်ကတော့ ရှိတယ်။ ဘယ်ခြေထောက်က ကားစီးတာ ကြာလို့ သွေးဆင်းသလိုဖြစ်ပြီး ရောင်နေတယ်။ ဘယ်ခြေဖမိုးပေါ်မှာ အနာက ရင်းသထက် ရင်းလာတယ်။ တစ်နေ့တာ သင်တန်းချိန်ပြီးတော့ ဖယ်ခုံဘုန်းဘုန်းနဲ့ သင်တန်းကို လွှဲခဲ့ပြီး မနက်ဖြန် ရန်ကုန်အစည်းဝေးတက်ဖို့ သွားခဲ့တယ်။ နေပူပူမှာ အကြာကြီးနေခဲ့ပြီး ကားလေအေးပေးစက် ကြောင့် အေးစက်စက်တုန် နေတဲ့ ကားထဲ…

Rate this:

ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်ထွက်တာနဲ့ ပတ်သက်ပြီး မှတ်မိသလောက်ဆို ငယ်ငယ်က မေမေ သုံးဆယ်စိုက်-သိပ္ပံမှာ ရှိတုန်း သုံးဆယ်ဈေးထဲ အမေသွားရင် လိုက်နေကျ။ ဈေးက တစ်ပတ်နေမှ တစ်ခါ လောက်သာ ထွက်ရတာ။ စိုက်-သိပ္ပံထဲမှာက စားဖို့သောက်ဖို့ အတော်အများ ရှိပြီးသား၊ မွေးမြူရေးခြံ ကနေ ကြက်ဥနဲ့ နွားနို့ရတယ်။ ဝန်ထမ်း ဆန်လည်းရတယ်။ ဟင်းသီးဟင်းရွက်တွေက လည်း ဝန်ထမ်းဆရာ/မတွေ စိုက်ထားပျိုးထားတာတွေ အပုံကြီးရှိတော့ အထူးအထွေလိုမှပဲသွားဝယ်ဖြစ်တယ်။ အပြင်က ဝယ်စရာ များများစားစားလည်း မရှိဘူးကိုး။ သုံးဆယ်ဈေးထဲ သွားတာ ကျနော်တော့ ပျော်တယ်။ ဈေးထဲ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ချိုဆိမ့်နဲ့ အီကြာကွေးက တစ်ပတ်မှာ တစ်ခါပေါ်တဲ့ နတ်သုဒ္ဓါပဲ။ ဈေးဝယ်တဲ့အခါ အမေက ဦးဆောင်ဝယ်တယ်။ ကျနော် က ငယ်သေးတော့ ဈေးခြင်းတောင်းကအစ အမေပဲကိုင်တယ်။ အမေက…

Rate this:

သိမ့်မွေ့သောလမ်း

စာအုပ်အမည်။ ။ သိမ့်မွေ့သောလမ်း (The Gentle Way of Buddhist Meditation) ပြန်ဆိုရေးသားသူ။ ။ ဒေါက်တာအရှင်အရှင်အာစာရ မူရင်းရေးသားသူ။ ။Godwin Samararatne ပုံနိုပ်တိုက်။ ။ ဒီမိုးစာပေ မျက်နှာဖုံး။ ။သာအေးည မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ရှိ Liberal Art အစီစဉ်က BARS Religion မေဂျာကျောင်းသားတွေ ကို ဒုတိယနှစ်ကနေ စပြီး စာသင်ကြားဖြစ်တယ်။ ဒုတိယနှစ်အတွက် Basic Concept of Theravada Buddhism တတိယနှစ်အတွက် Buddhist Meditation နောက်ဆုံးနှစ်အတွက်ကတော့ Today Buddhism ဆိုပြီး အတန်း သုံးတန်း ကို ၃ ဘာသာ သင်ဖြစ်တယ်။ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာ Religion Major ယူတဲ့…

Rate this:

ပုံပြဇာတ်တော်ကြီးဆယ်ဘွဲ့ (၁၁ အုပ်ပေါင်းချုပ် ပြန်လည်ရိုက်နှိပ်ခြင်း)

ပန်းချီကျော်ဖြူစံ စိတ်ကူးချိုချိုစာပေ ၂၀၁၆ သြဂုတ်လ ရောင်းဈေး တစ်အုပ် ၇၀၀၀ ကျပ် (နှစ်အုပ် ၁၄၀၀၀) အနယ်နယ်အရပ်ရပ်က ဆရာတော်တွေနဲ့ စကားပြောဖြစ်တယ်။ ဆရာတော်တွေ ညည်းကြတယ် စိုးရိမ်ကြတယ်။ ခေတ်ကာလသားသမီးတွေ ဘာသာတရားကိုင်းရှိုင်းမှုလျော့နည်းလား သတဲ့။ ဘာသာရေး စာပေတွေ ဖတ်ရှုတာ နည်းလာသတဲ့။ ကလေးတွေ အတွက် ဘာသာရေးစာပေတွေ နည်းတယ်။ ဘုရားဒကာ ကျောင်းဒကာတွေ အတွက် ဟောတဲ့တရားများပေမဲ့ ကလေးတွေအတွက် ဘာသာရေးနဲ့ အနေဝေးသူတွေ အတွက် ဟောတဲ့ တရား ရှိသော် ရှိညား ရှားလှတယ်။ ရှေးရှေးဆရာတော်ကြီးများဖြစ်တဲ့ လယ်တီဆရာတော်ဆို ပရမတ္တဒီပနီလို အဆီအနှစ် မြင့်ပေ့ ခက်ပေ့ နက်နဲလှတဲ့ ကျမ်းကြီးကျမ်းခိုင်များကို ရေးခဲ့သလို သုံးလူရှင်ပင် လို ပါဠိတစ်လုံးမပါ မြန်မာစာ သက်သက်နဲ့ ကလေးသူငယ်တွေ…

Rate this:

ငွေတောင်မှသည် နော်မူဘောသို့

ငယ်ငယ်က ပုံပြင်တွေ နားထောင်တဲ့ အခါတိုင်း တိုတိုလေးနဲ့ ပြီးသွားတဲ့ ပုံပြင်တွေဆို သိပ်မကြိုက် ပုံပြင် အရှည်ကြီးကို အကြာကြီး နားထောင်ရမှ ကျေနပ်တယ်။ ကျနော်ကို ငယ်ငယ်က ပုံအမြဲပြောပြတဲ့ အဖေ အမေ နဲ့ ဘဘတို့ က အမြဲတမ်း ကျနော်အကြိုက်ပုံပြင်အရှည်ကြီးတွေကို ရွှေးရွှေးပြောရတာ အမောပါပဲ။ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေထဲ နှစ်သက်စွဲလမ်းခဲ့တဲ့ ပုံပြင်တွေအတော် အများက Myth ဆန်ဆန် ပုံပြင်တွေ ဖြစ်တယ်။ ပျူစောထီး၊ ပန်ထွာဘုရင်မ၊ သုဓနုနဲ့ ဒွေးမယ်နော်စတဲ့ Myth ဆန်ဆန် ပုံပြင်တွေကို အသေကြိုက်တယ်။ ဒီလိုကြိုက်ခဲ့တဲ့ ပုံပြင်တွေထဲ က သုဓနုမင်းသားနဲ့ ဒွေးမယ်နော်ပုံပြင်ဟာ အလွန်တရာရှည်လျား ထွေးပြားလှတဲ့ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုး အသီးသီးရဲ့ အခြား…

Rate this:

လောကဖွယ်ရာ နှုတ်ခွန်းဆက်ပါ

ဆက်-ကြိ / နှုတ်ဆက် / လူချင်းတွေဆုံသော အခါ ဖြစ်စေ၊ လူချင်း ခွဲခွာသောအခါဖြစ်စေ လောကဖွယ်ရာစကား ပြောဆိုသည်။ မြန်မာ အဘိဓာန် အကျဉ်းချုပ်(အတွဲ ၂) ကျနော်တို့လူတွေမှာ နေစဉ်နေတိုင်းပဲ ပြောနေ ဆိုနေရတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ နှုတ်ဆက်တဲ့ နှုတ်ခွန်းဆက်စကားပါပဲ။ ကိုယ်သိတဲ့လူ ကိုယ်ခင်တဲ့လူ၊ ကိုယ်မျက်မှန်းတန်းနေတဲ့လူ ကို တွေ့မိတဲ့အခါ ကျနော်တို့ နှုတ်ဆက်ကြတယ် လောကွက်ပြုတယ်။ ဒါဟာ လောကကို နေချင့်စဖွယ် ပျော်ရွှင်ဖွယ်ဖြစ်အောင် လုပ်တဲ့ လူသားတွေ ယဉ်ကျေးမှု ပြယုဂ် တစ်ခုပါပဲ။ ကရင်ကြီးက အော်မေဝှီးလယား လို့ နှုတ်ဆက်မယ်။ ကချင်ကြီးက ကဂျာအီး လို့ နှုတ်မက်မယ်။ မွန်ကြီးက မညေးရာအောင် လို့ နှုတ်ဆက်မယ်။ မြန်မာပြည်သူတွေက မင်္ဂလာပါ လို့…

Rate this:

ပုံပြောကြစို့

ပုံပြင်တွေမှာမယုံကြည်နိုင်တာတွေ မဖြစ်နိုင်တာတွေ ပါလို့ မယုံရင် ပုံပြင်လို့မှတ် ဆိုတဲ့ စကား ပေါ်လာတာလိုထင်တယ်။ ပုံပြင်တွေ က မယုံနိုင်စရာတွေ မဖြစ်နိုင်တာတွေဆိုတော့ ပုံပြောသူတွေကလည်းပေါက်ပန်း လေးဆယ် မဖြစ်နိုင်တာတွေ ကူလီကူမာလုပ်ပြောတဲ့ သူတွေပေါ့လေ။ ဘယ်သူတွေ ဘယ်လိုပဲထင်ထင်ပုံပြောသူများကတော့ ပုံပြင်တွေကို ပြောခဲ့ကြ၊ဖန်တီးခဲ့ကြတဲ့ ရှေးလူကြီးသူမတွေကို ကျေးဇူးတင်တယ်။ကလေးတွေ၊ ပုံပြင်နားထောင်သူတွေကို စိတ်ပျော်အောင် ရွှင်လန်း အောင် လုပ်တတ်ရပါပေတယ်။ အံ့သြစရာ၊စိတ်ပျော်ရွှင်စရာ၊ တစ်ခါတစ်ခါ သည်းထိတ်ရင်ဖိုစရာ ကြောက်စရာလန့်စရာ ရသတွေ အစီအရီ လှလှပပလိမ်းခြယ်ထားတဲ့ ပုံပြင်တွေကို ငယ်ငယ်က ကြားပြီးရင်း ကြားချင်တယ်။ အမေအမြဲပြောပြတဲ့စနိုးဝှိုက်၊ စင်ဒရဲလား၊ မယ်ထွေးလေးနဲ့ မြွေမင်းသားပုံပြင်တွေ အဖေအမြဲပြောတဲ့ အာဖျံထီး၊မူလာနာစရီဒင်၊ တစ်ထောင့်တစ်ညပုံပြင်တွေ၊ အဘိုးပြောတဲ့ ၅၅၀ နိပါတ်ထဲက ဘုရားလောင်းမျောက်မင်း၊နိဂြောဓသမင်၊ ဟိတောပဒေသ ပုံပြင်တွေ များပါးလှတဲ့ပုံပြင်တွေ အဖန်တစ်ရာတေကြားဖူးပေမဲ့အပြန်ပြန် ပြန်ကြားချင်နေတုန်းပဲ…

Rate this: