နှင်းခြသေ့င်္တို့ ပုန်းခိုးရာ ဓရမ်ဆာလာ

ဓမ်ရမ်ဆာလာတဲ့ ! ကျွန်တော်ကတော့ ဓမ္မသာလာလို့ ခေါ်ရတာ ပိုအာတွေတယ်။ အိန္ဒိယမြောက်ပိုင်း ဟိမားဂျားပန်ဒေ့ခ်ျ ပြည်နယ် ကင်ကရာခရိုင်ရဲ့ မြို့တော်လေး ။ တိဘက်ပြည်ရဲ့ အဝေးရောက် အစိုးရ ရုံးဆိုက်ရာဒေသ။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်းလာမားကြီး ရှိနေတာ ကိုအကြောင်းပြု ပြီး ခရီးသွားလုပ်ငန်း သိပ်ဖြစ်ထွန်းတဲ့မြို့ တိဘက်ဗုဒ္ဓဘာသာ(၀ိဇရာယန)ရဲ့ ပင်မဌာနကြီးတစ်ခု။ နိုင်ငံခြားသား တွေ တိဘက်ဘုန်းတော်ကြီးတွေ မြို့တဲ့ လက်ညိုးထိုးမလွဲ။ ဘာသာရေးအသုံးအဆောင်တွေ တိဘက် ဗုဒ္ဓဘာသာ အနုပညာလက်ရာတွေ ရောင်းချရာ ဆိုင်တန်းတွေ အများအပြား။ ဆိုင်တွေရဲ့ ၃ပုံ ၁ပုံ က တိဘက်လူမျိုးပိုင်တွေ ဒီအထဲ က တ၀က်လောက်က တိဘက် ဒုက္ခသည်တွေ အတွက် ရံပုံငွေရှာနေတဲ့ ဆိုင်တွေ ။

၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက ကျူးကျော်စစ်ပွဲတစ်ခု ပြုခဲ့တယ်။ ဒါကတော့ တိဘက်နိုင်ငံ လေးကို သူတို့အပိုင်ဆိုပြီး ကျုးကျော်ခဲ့တာပါ။ ဒီအချိန် တိဘက်ပြည်ရဲ့ အုပ်ချုပ်သူ ဒလိုင်လာမားကြီးက ၁၉၅၄ခုနှစ်မှာ ငြိမ်းရေး စကားပြောပေမဲ့ မအောင်မြင်ခဲ့။ တိဘက်ပြည် စစ်ဖိနပ်နီအောက် ရောက်ခဲ့လေပြီး နောက် ၁၉၅၉ခုနှစ်မှာဒလိုင်းလာမားကြီး အိန္ဒိယကို ထွက်ခဲ့တယ်။ အိန္ဒိယ၀န်ကြီးချုပ် နေရူး နဲ့ ပြောဆိုတိုင်ပငိပြီး တိဘက်စစ်ပြေးဒုက္ခသည်တွေ နဲ့ အတူရောက်လာတယ်။ နောက် ဒီ ဓမ္မသာလာမှာ အခြေချခွင့်ရတယ်။ အခုဆို ဒီနေရာမှာ အခြေချတာ နှစ် ၅၀ ကျော်ရှိပေါ့။

ဓမ္မသာလာက နှစ်ပိုင်းရှိတယ် နှစ်ပိုင်းစလုံး အိန္ဒိယအစိုးရပိုင်ဖြစ်ပေမဲ့ တောင်ပေါ် ဓမ္မသာလာက တိဘက်အဝေးရောက် အစိုးရရုံးစိုက်ပြီး တိဘက်လူမျိုးတွေ အနေများတယ် တောင်အောက် ကတော့ ကင်ကရာ ခရိုင်ရုံးဆိုက်ရာ မြို့ ဖြစ်ပါတယ်။

ဒီအဝေးရောက် အစိုးရဆိုပေမဲ့ စည်းကမ်းမရှိ ဗရမ်းဗတာမဟုတ် စနစ်တကျ ရွှေးကောက်ပွဲလည်း လုပ်တယ် (စည်းမျဉ်းခံ ဘုရင်စနစ်) ပညာရေးဌာန အိမ်ရာဌာန စာပေယဉ်ကျေးမှုဌာနတွေ အကုန် မပျောက်နိုင်အောင် ထိန်းသိမ်းထားနိုင်တယ်။ လေးနှစ် တစ်ကြိမ် ရွှေးကောက်ပွဲလုပ်တယ်။ ဒလိုင်လာမားကြီးကတော့ ဘုရင်ပေါ့ နောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဆိုလည်း မမှားပါဘူး။

ဓမ္မသာလာမှာ ဆွာဂဟကောလိပ် ဆိုပြီး အဆင့်မြင်တိဘက် ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုရေးရာတွေကို  လေ့လာနိုင်အောင် ဆောက်ရွက်ထားကြတာ အတုယူစရာ။ (ဗာရာဏသီမှာလည်း တိဘက်လေ့လာမှု တက္ကသိုလ်တစ်ခုရှိသေး-ဘုန်းဘုန်းဂင်္ဂါ ဧည်ပါမောက္ခ လုပ်နေသော တက္ကသိုလ်)။

ဒလိုင်းလာမားကြီး တရားဟောမဲ့နေဆို ဓမ္မသာလာမှာ နိုင်ငံခြားသားများ အပြည့် အချို့ဆို ဒီတရားပွဲ အတွက် တမင်သက်သက် အဝေးက လာသူတွေ လည်းရှိသည်။ တရားပွဲအချိန်ဆို ဓမ္မသာလာ ပင်မ ကျောင်းတော်မှာ လူအပြည် တိဘက်၊ဥရောအတိုက်သားတွေ၊အမေရိကန်၊အာရှ နိုင်ငံသားတွေ လည်းပါ တယ်။ တရားကို တိဘက်လိုဟောပြီး အင်္ဂလိပ်၊စပိန်၊တရုတ်၊ပြင်သစ်၊ရုရှ၊ဟင်ဒီ ဘာသာ နဲ့ တွေ ကို ဘာသာပြန်ပြီး FM လိုင်းနဲ့  အသံလွင့်ပေးတယ် လာရောက်နာကြားသူတွေ က ရေဒီယိုလေးကိုယ် စီနဲ့ ကိုယ်နဲ့ ဆိုင်တဲ့ ဘာသာစကားလွှင့်တဲ့ လိုင်းကို ဖမ်းယူ နာကြရတယ်။ တရားပွဲသိမ်းရင် ဒလိုင်းလာမားကြီးကို ခါတာလေးတွေ ကပ်ပြီး ကောင်းချီး အဖြစ်ယူ ကြတယ်။ ပရိတ်ချည်တွေ ဘာတွေ ပေးတာလဲ ရှိတယ်။ ဒါ ကို အနောက်တိုင်းသားတွေပါ ရိုရိုသေသေ လေးလေးစားစား ယူကြတယ်။

ဟောတဲ့ တရားက ငြိမ်းချမ်းရေး မေတ္တာတရားနဲ့ ဗောဓိသတ္တလမ်းစဉ် တွေ အဓိက ပါတယ်။ ကမ္ဘာအဖြစ်အပျက်တွေ ကို ချိန်တိုးပြီး ဟောလေ့တယ်။

နောက် ယောဂ သင်တန်းတွေ၊ အင်္ဂလိပ်စာ ကုသိုလ်ဖြစ်သင်တန်းတွေ၊ တန်ဒရာ(တိဘက်ရိုးရာ ပန်းချီ)သင်တန်းတွေ၊ နောက် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဂန္တာရီ သင်တန်းတွေ ဒုနဲ့ဒေး အကြံအဖန်တွေ ကော အမုန် အကုန်တွေ ကော တိဘက်ပြည်ရှိ ပြည်သူတွေ အတွက် လှုပ်ရှားနေကြတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အတော်ကို များ၏။ အင်္ဂလိပ်စာသင်တန်းတတ်နေတဲ့  မြန်မာရဟန်း နှစ်ပါးတောင် ဖူးတွေ့ လိုက်ရလို့ ပျော်မိတယ်။

ဒေသခံ အိန္ဒိယ တိုင်းရင်းသားတွေ နဲ့ တိဘက်တွေ နဲ့ ပဋိပက္ခဖြစ်တာ လည်း အတော်ရှားတယ်။ တိဘက်တိုင်းက ဟင်ဒီ လို ပြောနိုင်ပြီး အချို့ အိန္ဒိယတွေ ဆို တိဘက်စကား ပြောနိုင်ကြတယ်။

နေရာဒေသမဲ့ ပေမဲ့ ကိုယ်မြေကိုယ်မပြန်နိုင်ပေမဲ့ ဒီသေးသေးကွက်ကွက် နေရာလေးမှာ တိဘက်လူမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုတို့ ကို အစွမ်းကုန် တတ်စွမ်းသမျှစောက်ရှောက်နေတဲ့ နေရာဌာနလေးကို ကျွန်တော် ဦးညွတ်မိပါတယ်

Leave a comment