Happy Birthday သားကြီးငသန့်၊ ဘုတ်ထိုင်း၊ အယ်စတုံ

မင်း ၂၆ နှစ်ပြီ ငါတို့စသိတော့ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်က Shalom မှာလုပ်တဲ့ IYCAP ရဲ့ Youth Network  ပွဲမှာ စတွေ့ဖြစ်တယ်။ နင်ရယ် ဂျပိုင်ရယ် ကိုကျော်မင်း ရယ်။ မင်း ပုံပြောသူများ အကြောင်း စမိတ် ဆက်တော့ အကြောင်းအရာက ငါ စိတ်ဝင်စားတဲ့ ရိုးရာပုံပြင်တွေ ဒီထက် မင်းရဲ့ စိတ်အားထက်သန်မှုကြောင့်  မင်းကို စမိတ်ဆက်ဖြစ်တယ်။ နောက် ငါလည်း ပုံပြောသူ ဖြစ်လာခဲ့တယ်။   စခင်မင်ပြီး သိပ်မကြာ မင်းတို့ အောင်သပြေမှာ အပန်းဖြေကြတယ်မဟုတ်လား။ အဲတုန်းက စခင်စ ဆိုပေမဲ့ အတော် မင်းတို့အတွက် စိုးရိမ်မိတယ်။ နောက် မင်းနဲ့အတူ ပုံပြောသူများထဲ စပါဖြစ်တယ်။…

Rate this:

ပပ မှ ဥဂ္ဂါ သို့ ပေးစာ

ရွှေအုတ်ရေ… နင်လွမ်းနေတဲ့မြန်မာ့မြေမှာ ရန်ကုန်သီတင်းကျွတ်ကတော့ တရုတ်နှစ်သစ်ကူးနဲ့ မှားပြီးယမ်းတွေဗျောက်တွေဖောက် ကိုရီးယားကားထဲကလို မီးပန်းတွေနဲ့ ရန်ကုန်ကောင်းကင်ဟာ ထိန်ထိန်ညီးပြီးဝါကျွတ်သွားခဲ့တယ်။ မီးပုံးပျံလေးတချို့ နဲ့ ဖယောင်းတိုင်မီးအချို့ ကိုလည်းတွေ့ လိုက်ပါသေးတယ်။ ရောင်စုံမီးသီးတွေကတော့ အိမ်တိုင်းလိုလိုပါပဲ။(မီးကတော့ခဏလေးပျက်လိုက်သေးတယ်။) **အမိနတ်သားကိုတရားဟောပြီးပြန်လာတဲ့ဗုဒ္ဓသာသိရင် ရင်ဘတ်စည်တီး အဲလေ ပြုံးတော်မူနေတော့မှာပဲလို့  တွေးရင်း ၂၀၁၁ရဲ့ သီတင်းကျွတ်လပြည့်ဒီညကို ငါပြတင်းဝကနေ ဓါတ်ပုံတွေလျှောက်ရိုက်ဖြစ်တယ်။         ဓါတ်ပုံရိုက်နေတုန်းမှာဘဲစိုးရိမ်စိတ်က၀င်လာရော။(ဒီတနှစ်လည်းဖိတ်စာမကမ်းရလို့ မဟုတ်ဘူးနော်) ကထိန်ခင်းများအကြောင်းပေါ့။ (ဘုန်းဘုန်းဘုရားများကို ဣသာမစ္ဆိရပွါးမိမှာစိုးလို့ မဟုတ်ပါ ဘူး ။ ငါကသီလရှင်မှမဟုတ်တာဘဲ ဟဲဟဲ) နင်ပြောပြထားလို့ ငါလည်းကထိန်နဲ့ ပတ်သတ်ပြီးတီးမိခေါက်မိပါတယ်ဟ။ ဘုရားရှင်ကိုယ်တိုင်ခွင့်ပြုထားတဲ့ မွန်မြတ်တဲ့အခါသမယတခု။  ဒါပေမယ့်ဒီနှစ်ကထိန်မှာလည်း မူးမူးရူးရူးနဲ့ ကကြအုံးမလား၊ ဘောင်းဘီအကျပ် စကတ်တိုတွေဝတ်သော Dancerအဖွဲ့ တွေများလာအုံးမလား၊ အချို့ Dancer…

Rate this: