ကန်းသူ
အလင်းပေးတဲ့ မီးရောင်ကိုသာ ကျေးဇူးတင်နေသူ အမှောင်ထဲကမီအိမ်ရှင်ကို မေ့နေပြီလား အသဲနှလုံးတွေညှိုးနွမ်းနေရဲ့ အနင်းခံမြေကြီး အတွက် ပန်းပွင်တွေ ကြွေကျပေးဆပ်ခဲ့ အမည်မဖော်နိုင်တဲ့နေရက်တွေကို စိတ်နဲ.ရေတွက် ဘ၀ရဲ့ ခါးခါးသီးသီးအတွေ.အထိက ပင်အိုကြီးတွေလို ခိုင်ခိုင်မြဲမြဲ ရင်မှာခိုဝင် တခါတလေ ပဲတင်သံက မူလအသံကိုပြက်ရယ်ပြုနေတာမျိုး ဖြစ်တတ်ရဲ့ လူအဖွဲ့အစည်းနဲ့ ပျင်းရိစွာငြင်းဆိုပြီး စိတ်ရှည်စွာအသက်ရှင်နေထိုင်တော့မယ်သူ။ သူကသူရဲကောင်းတောသူရဲကောင်းပဲ ဒါပေမယ် သူရဲကြောက်တယ်။