ကျွန်တော်နှင့် ကလေးစာကြည်တိုက်

မြန်မာပြည်က နယ်တွေမှာ ကျွန်တော်ကလေးတွေအတွက် စာကြည့်တိုက်တွေ လုပ်ပေးချင်ခဲ့တာ ကြာပါပြီ။ ကံအားလျော်စွာပဲ ကလေးစာကြည်တိုက်လုပ်ဖို့ အခွင့်အရေးတွေပေါ်လာတယ်။ ပထမတစ်ခေါက်က ပွင့်ဖြု ဖိုးပေါက်ကျောင်းမှာ ကလေးစာကြည်တိုက်လုပ်ဖို့ ရွာက ကာလသား ကာလသမီးတွေနဲ့ ကျောင်းဆရာမအချို့ကို သင်တန်းပေးခဲ့တယ်။ စာကြည်တိုက်တစ်ခု ပီပီပြင်ပြင်ဖြစ်လာအောင်တော့ မလုပ်နိုင်ခဲ့ဘူး။ ပုံပြောရတာ တစ်ဖက် စာကြည်တိုက်အတွက်သင်တန်းပေးရတာတစ်ဖက်နဲ့မို့ သေသေချချာမလုပ်နိုင်ခဲ့ဘူး။ အဲဒီအခေါက်က ဓမ္မရိပ်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ကမကထလုပ်ခဲ့တာ။ ဒီနှစ်အတွင်းမှာပဲ မဲဇာလီကုန်း တိုက်နယ်က ဘကကျောင်းတစ်ခုမှာ စာကြည့်တိုက် ဆက်လုပ်ဖြစ်တယ်။ ဒီစာကြည့်တိုက်ကတော့ လုပ်ပြီးသားပုံစံကို ပိုစနစ်ကျသွားအောင် ကျွန်တော်အဖွဲ့ထဲက စာကြည့်တိုက်နှင့်သုတပညာကို မဟာဘွဲ့ ရထားတဲ့ ကျွန်တော်တို့ အမ မနွေးက လုပ်ပေးခဲ့တယ်။ အဲဒီတုန်းကလည်း ဘကကျောင်းက ဆရာမ တစ်ယောက် နှစ်ယောက် လောက်ကိုပဲ ပြောပြဖြစ်တယ်။ တကယ်တော့ ကျွန်တော်ဖြစ်ချင်တဲ့ ကျွန်တော်လိုချင်တဲ့…

Rate this:

သား မင်းကြီးလာရင်

သား မင်းကြီးလာရင် ငါ့ မိဘတွေက ဗုဒ္ဓဘာသာမို့ ဒီဘာသာကို မင်းလိုက်ကိုးကွယ်စရာမလိုဘူး   သား မင်းကြီးလာရင် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဘာကြီး ညာကြီး ဖြစ်စရာ ဖြစ်စရာမလိုဘူး   သား မင်းကြီးလာရင် ပညာမတတ်ရင် ပင်ပန်းတယ်တို့ ဘာတို့ မြန်မာဇာတ်ကားတွေထဲကလိုလဲ ငါမပြောမှာမဟုတ်ဘူး။   မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာ မင်းဘာသာသိ မင်းဘာသာလုပ် မင်းဘာသာ တွေးခေါ်မျှော်မြင် လွတ်လွတ်လပ်လပ် လူသားဖြစ်ယောက်ပဲ လုပ်ပါ။   အဲ ………………… နောက်ဆုံး သားကို ပြောချင်တာ က လွတ်လပ်တဲ့ သူဖြစ်ရမယ် ဆိုတဲ့ အတွေးနဲ့ လည်း မလွတ် မလပ် မဖြစ်စေချင် ဘူး သား။   P.S : ကလေးသူငယ်ပညာရေးနဲ့…

Rate this:

ကလေးကဗျာ ကလေးသီချင်း အပေါ်ကျေးဇူးကြီးသူများ

ကျွန်တော် ကလေးကဗျာ ကလေးသီချင်းအကြောင်းရေး နေရာကနေ မရေးဖြစ်တော့ပဲ ပုံပြင်ပဲ မဲ နေတာ ကြာပါပြီ အခုမှပဲ ကလေးကဗျာ ဘက်ပြန်လှည့် ရအုန်းမည်။ ရှေးအရင်က မြန်မာရှေးကလေးကဗျာတွေ နဲ့ ရေးသူမသိ ပဲ ပြည်သူကြားကြပေါ်လာတဲ့ ကလေးကဗျာတွေ အကြောင်းရေးပြီး ပါပြီ။ ပြန်ဖတ်လိုက http://ogga.myanmapress.com/?p=470 http://ogga.myanmapress.com/?p=458 http://ogga.myanmapress.com/?p=452 တွင်ဖတ်ရှုနိုင်သည်။   ရှေးက ကလေးတို့ အတွက် ရှေးပညာရှိကြီးတွေ ရေးသားထားတဲ့ ဆုံးမစာတွေ ပျို့တွေ အများအပြားရှိပါတယ်။ သို့သော် ကလေးတွေ တွေအတွက် အတော်ခက်ပါတယ်။ ဆိုရခက်တယ် နားလည်ရခက်တယ်။ ကောင်းတော့ကောင်းတယ်။ ဒါပေမယ် ဒေသသုံး အရပ်သုံးစကားထက် ပညာတတ်သုံး ပါဠိပါဌ်သားတွေ များတော့ ကလေးတွေ အတွက် နီးသင့်လျက်ဝေး နေပြီး ရှေးခေတ်ကလေးတွေ ထဲ…

Rate this: