G gtalk Vs B Blog

ကိုဇော့ က တဂ်ပိုစ့်ရေးခိုင်းထားတာ ကြာပါပြီ ဒါပေမဲ့ ကျွန်တော်အပျင်းကြီး နေတာ က တကြောင်း အခု မှ စရေးတဲ့ ogga.myanmarpress.com ကို ပြင်ဆင်နေတာက တစ်ကြောင်း နဲ့ အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါဘူး။အခုမှပဲ ရေလိုက်ပါတယ် ကိုဇော့ရေ

ဟိုအရင်က သီချင်းတစ်ပုဒ်ရှိတယ် မာမီရယ်ရှာ ပေးကွယ် ရည်းစားလိုချင်တယ် ဆိုတဲ့ သီချင့်းပါ အခု တော့ မာမီကို အားကိုးစရာမလိုတော့ပါဘူး ဂျီတော့ မှာ ကျုပြီး ရည်းစား အမြောက်အမြား ရနိုင်ပါပြီ။ ဒါဟာကောင်း သလား မကောင်းဘူးလားတော့ မသိ တော့ ပါဘူး ဂျီတော့ ကို ကောင်းကောင်း အသုံးချရင် ကောင်းတဲ့ ရလဒ်တွေ မနည်းပါဘူး ဒါပေမဲ့ လွဲလွဲမှားမှား အသုံး ပြု လိုက်ရင်တော့ ဆိုးကျိုးတွေ မှ တသီတတန်း လိုက်ပါ လာမှာ ပါ ကျနော်တို့ မြန်မာပြည်မှာ ဂျီတော့စ ခေတ်စား လာတာ ကျနော်အထင် ၅ နှစ် ၆ နှစ်လောက်ပဲ ရှိသေး ပါတယ်။ ဒီကာလတိုလေး အတွင်းမှာ ဂျီတော့ ဟာ ကျနော်တို့ ရဲ့ လူမှု ဘ၀ထဲ မှာ များစွာ အရေးပါနေပါပြီ။ ဂျီတော့ က ကောင်းပါတယ် သူဘာသာသူနေတာပါ ဒါကို အသုံးပြုတဲ့ လူတွေ ဘယ်လို သုံးသလဲ က ပိုအရေးကြီးပါတယ်။ ဆက်သွယ်စရာလို သုံးမလား၊ အပျင်းဖြေစရာလို သုံးမလား၊ ကျု ကျု လုပ်ဖို့ သုံးမလား ဘယ်လိုသုံးမလဲ ဆိုတာ အဓိကလို ထင်ပါတယ်။ သေချာတာ တစ်ခုကတော့ ဂျီတော့ တစ်ခုလောက် ဂျီမေးလ်လောက် ပဲ သုံးနေမယ်ဆိုရင် လေ့လာစရာ အလွန်ပေါများတဲ့ အင်တာနက် သုတရတနာသိုက် ထဲ မှာ ထန်းလျက် နဲ့ တင် အချိုကုန် သလို ဖြစ်နေမှာ အမှန်ပါပဲ။ ထန်လျက်လည်း ချိုတယ် သကြားလည်း ချိုတယ် မလိုင်လည်း ချိုတယ် ဆိုပေမဲ့ ထန်းလျက်လောက် ချိုတာကို အဟုတ်ကြီး မှတ်ပြီး တခြား အရာတွေ ကို မမြည်းစမ်းတော့ ရင် အခြား အရသာတွေ ကို သိခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒီလို ထန်းလျက်နဲ့ အချိုကုန်တာ က သင်ယူမှု ဖြစ်စဉ်ကို ပိတ်ပင်လိုက်တာ နဲ့ အတူတူ ပါ ပဲ ဂျီတော့ ထဲ က ဘယ်က မှန်း မသိတဲ့ သူတွေ နဲ့ ခင်ပြီး သာယာရာရှာတာ တကယ်ရိုးသားတဲ့ သူတွေ နဲ့ တွေ ပြီး ခင်သွားရင် တော်သေး မတော်မရော် အမြတ်ထုတ်မဲ့ သူတွေ နဲ့တွေရင် ရင်လေးစရာ နောက် ညစ်ညမ်းပုံတွေ ညမ်းညမ်းတဲ့ စကားတွေ ကို ပို့ ပြီး သွေးထိုးစမ်းတာတွေ လည်း ကြုံတွေ လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မသိတဲ့ သူ ပွင့်လင်း မြင်သာမှု မရှိတဲ့ သူကို ဂျီတော့မှာ လက်မခံတာ အကောင်းဆုံးပါပဲ။

ဂျီတော့ကို ကောင်းတဲ့ ဘက်မှာလဲ အသုံးချလို့ ရပါတယ် သိထားတာတွေ ကို တတ်နိုင်သလောက် ဝေမျှနေတဲ့ ဘလော့ဂါတွေ ကို အီးမေလ်းက တဆင့် သိချင်တွေ တတ်ချင်တာတွေ ရှင်းလင်းတာတွေ မေးရင်း မြန်းရင်း အသိပညာတိုးပွားလာနိုင်ပါတယ်။ ဒီလိုမျိုး ဖြစ်အောင် အနည်းဆုံး ဝက်ဆိုဒတွေ ဖိုရမ်တွေ မှာ လိုက်ဝင် ရပါမယ်။ ဒီလိုမှမဟုတ်ပဲ ဂျီတော့ ကို ပဲ တော့နေမယ် ဆိုရင် သိပ်နိပ်လှ။

ဂျီတော့ အကြောင်းတော့ ပြောပြီးပြီ။ ဘီ ဘလော့ လေးဟအကြောင်း ဆက်ရအောင်……………….

မြန်မာပြည်မှာ ဘလောမြန်မာဘာသာနဲ့ ကို ၂၀၀၃ ခုနှစ်လောက်ထဲ က စရေးကြပြီနောက် ၃ ၄ ၅ နှစ်အတွင်း မြန်မာ ဘလော့ဂါတွေ အမြောက်အများပေါ်ထွက်လာပါပြီ နိုင်ငံရေး၊အနုပညာ၊ကဗျာ၊အတွေ့အကြုံ၊ဘာသာရေး ပညာရေး နည်းပညာ အကြောင်း အရာ အချက်အလက်အတော်ကို များနေပါပြီ ဘလော့ရေးဖို့ အတွက် လမ်းညွန် အီးဘုတ်တွေ ဟာလည်း အမြောက်အများပေါ်ထွက်လာပါတယ်။ ဒီလမ်းညွန်စာအုပ်တွေ ကို မသိပ်မရှင်းလင်း ရင် မေးလို့ မြန်းလို့ ရမဲ့ သူတွေ လည်း အများကြီးပါ။ နောက်တစ်ခု က ဘလော့ဂါ အတော်အများ ဟာ သူတို့ သိထား ကြားထား ဖတ်ထား မှတ်ထား သမျှ ကို ဝေမျှရုံစေတနာ သက်သက်နဲ့ ရေးနေကြသူတွေ ပါ။ လူတွေ ရဲ့ သိနိုင်ခွင့် ကိုမြင့်တင်ပေးနေသူတွေ ပါ။ ဘလော့ ရေးရင် ကိုယ်နဲ့ အမြင်တူတဲ့ သူတွေ အတွေးတူတဲ့ သူတွေ အယူအဆတူတဲ့ သူတွေ တွေလာ ပြီး ခင်မင်လာမယ်။ အပေါင်းအသင်းတိုးလာမယ် နောက် လူမှုရေး ပရဟိတ အလုပ်တွေ လုပ်လာနိုင်မယ်။

ဟိုအရင်က မြန်မာ့ ဘလော့တွေ နည်းပညာ နဲ့ နိုင်ငံရေးပဲ များတယ် အခုဆိုင်တော့ သုတ ရသ ဘာသာရေး စတဲ့ အကြောင်းအရာ အတော်တော်လေး စုံနေပါပြီ။ အချိုဆို သူတို့ ဒေသအကြောင်းလေးတွေ ရေးတယ် အချိုကြတော့ ခရီးသွားခဲ့တဲ့ အတွေ့အကြုံတွေရေးတယ် သူတို့တွေ တင်ပြတဲ့ အချက်အလက်တွေ က လိုအပ်တဲ့ သူအဖို့ အတော်အကျိုးရှိစေပါတယ်။ မလိုအပ်တဲ့ သူအတွက်လည်း အကျိုးမယုတ်ပါဘူး။

ဘလော့ရေးရင်း အကျိုး ရှိတာတွေ ပြောရအုန်းမယ် တခါ က ဆရာတင်ဆွေမိုးက ကိုညီလင်းဆက် နဲ့ တွေ ချင်လို့ ဆိုပြီး အကြောင်းကြားတယ် ကိစ္စက မျောက်လူကိစ္စ မျောက်လူ ကို အရင်က ဆရာတင်ဆွေမိုးက ရေးဖူးတယ် ဒါပေမယ် သိပ်မပြည်စုံ ဘူး ဒါနဲ့ အခု နောက်ပိုင်း ကိုညီလင်းဆက် က လည်း နိုင်ငံခြား က တက္ကသိုလ်တွေ ဆီက စာအုပ်တွေ ဖတ်ပြီး မျောက်လူအကြောင်း ကို အတော်လေး ရေးထားတယ်။ ဆရာတင်ဆွေ မိုး ရဲ့ မျောက်လူ စာမှု နဲ့ ကိုညီလင်းဆက် ရဲ့ မျောက်လူ စာမှု နှစ်ခု ပေါင်းရင် အတော်လေး ကို ပြည်စုံသွားမယ်ဆိုတာ ကို ဆရာတင်ဆွေမိုးက လာပြောတယ်။ ဒါနဲ့ ဆရာတင်ဆွေမိုး နဲ့ ကိုညီလင်းဆက် ကို မိတ်ဆက် ပေးလိုက်တယ်။ ဆရာက စာအုပ်ထုတ်ဖို့ အထိပါပြောတယ်။ နောက်ပိုင်း ထုတ်ဝေသူက ဘာဖြစ်မှန်း မသိတော့လို့ အခု ထိတော့ ထွက်မလာသေးဘူး။ ဘာပဲ ဖြစ်ဖြစ်ပေါ့ ဒီလို လေးတွေ ရေးနေရင် ကိုယ် နဲ့ လိုင်းတူတဲ့ သူတွေ လေ့လာ တာချင်းတူ တဲ့ သူတွေ နဲ့ ပတ်သတ်ပြီး အလုပ်တွေ အများ ကြီး ကို ဖြစ်လာ နိုင်ပါတယ်။

အဲ ဘလော့ မှာ လည်း ဆိုးကျိုးလေးတွေ တော့ ရှိတာ ပေါ့။ ကျွန်တော်အထင် အဓိက ဘလော့ ရဲ့ ဆိုးကျိုးဟာ စိတ်ဖိစီးမှု ပဲ ဘလော့ရေးတဲ့ သူတိုင်း မျှဝေချင်တဲ့ စေတနာ နဲ့ အပင်ပန်းခံ ပြီး ရေးနေတာ ပါ (အချို့ ဘလော့ရေးပြီး အထောက် အပံ ရနေသူများ မပါ)အချိန်လဲ ကုန် လူ လည်း ပန်း ပိုက်ပိုက်လည်း မရတဲ့ ကြားထဲ အဆဲခံ ရ အတိုက်ခိုက်ခံရရင် ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ကောင်းမှာ မဟုတ်ပါဘူး။ တိုက်ခိုက် ခံ ရင်လည်း ပေါ်တင် နာမည်အရင်း နဲ့ ဘလော့တစ်ခု နဲ့ တစ်ခု တိုက် ရင် တော်သေး အလကားနေ ဆဲ နေတဲ့ သူတွေ ကလည်း ရှိတော့ ကြာရင် ဆက်ရေးဖို့ စိတ်တွေ ကုန်ခန်းသွား နိုင်ပါတယ်။

နောက်တစ်ခု က အားလုံး သိတဲ့ ကွှန်နက်ရှင် နဲ့ ဘန်း လောက မှ ဘလော့ရေးသူတိုင်း စိတ်ညစ်စရာ စိတ်ပျက်စရာ အရာတစ်ခု ပါပဲ။ ဘလော့ဂါ တိုင်း ဟိုဟာ ပိတ် ဒီပရောစီနဲ့ ကျော် ဒိဟာ ပိတ် ဟိုပရော့စီ နဲ့ ကျော် နေရတာ ကြာတော့လည်း မရေးချင်တော့ပါဘူး။ ကျွန်တော်တောင် ဘလော့မရေးတော့ ဘူးလို့ ဆုံးဖြတ်ထား တာ ဘားကမ့် မှာ ဘလော့ဂါ ဘိုးအေတွေ ဘွားအေတွေ က စင်ပေါ်တတ်ပြီး မြောက်ပေးလို့ ပြန်ရေးချင်စိတ်တွေ ပေါ်လာတာကတစ်ကြောင်း၊ မြန်မာ ပက်စရက် လို ဘလော့ရေးဖို့ မြန်မာ စာ နဲ့ ပလက်ဖောင်း ကောင်းကောင်း မှာ ခေါင်းအုံး ခွင့်ရလိုက်တာ က တစ်ကြောင်း ဒါကြောင့် ဆက်ရေးဖြစ်တာ ပါ။

စာလည်းနဲနဲ ရှည်သွားပြီ ဆက်တော့ ရေးချင်သေးတယ် ဘာရေးရမှန်းလည်း မသိတော့ ဘူး ဒီတော့ နောက်ဆုံး ပိတ် စာဖတ်သူအနေနဲ့ ဘလော့ရေးချင်လည်း ရေး မရေးချင်လည်း အနည်း သုံးတော့ ဂျီိတော့မှာ ကျုတဲ့ အချိန်လေး နည်းနည်းလျော့ ပြီး ဘလော့မှာ စာလိုက်ဖတ်တာ မျိုး ဖိုရမ်တွေ လိုက်ဝင်တာ မျိုး ၀တ်ဆိုဒ်တွေ လိုက်ကြည့် ပြီး(ပွန်း ဆိုဒ်မပါ :P) ကိုယ်နဲက သက်ဆိုင်ရာ ဘာသာကို လိုက် ပြီး လေ့လာမယ် ဆိုရင် သေချာပါတယ် အသိနိုင်ခွင့်တွေ တိုးပြီး အကြားအမြင်များလာမှာ အမှန်ပါ အကြားအမြင်များတာ မင်္ဂလာတစ်ပါး မဟုတ်လားဗျာ။

ကိုဇော့ရေ ရေးပြီး ပြီ မုန့်ဝယ်ကျွေး ဘီယာတိုက် နော် ဟီ ဟီ 😛

Leave a comment