၂၇ နှစ်တာ

  ကျနော် ဖြစ်တည်လာခဲ့တာ၂၇ နှစ်ရှိပြီ လူသက်တမ်း တစ်ဝက်ကျိုးပြီ အသက်ဘေးက ၂ ကြိမ် ၃ကြိမ် လောက် ဝင်လိုက် ထွက်လိုက် ဖြစ်ခဲ့ဖူးပြီ။ နောက် အသက်ဘယ်လောက် ထပ်ရှည်မလဲ မသေချာဘူး။ ဘယ်လောက် ထပ်နေရမလဲ မရေရာဘူး။ အခုထိနေခွင့်ရတာကို ကျေနပ်တယ်။ ၂၇ နှစ်တာ ဖြစ်တည်မှုအတွက် အရင်ဆုံး ကျေးဇူးတင်ရမှာ ကျနော်မေမေ နဲ့ အဖေ ကိုပါ သူတို့ က ကျနေယ် လူဖြစ်အောင် ကျွေးခဲ့ မွေးခဲ့ ရုံတင်မဟုတ်ဘူး လောကအရသာ ခံစားတတ်အောင် သဘာဝတရားကို ခံစားကြည်နူးတတ်အောင် လူဆန်အောင် ပရဟိတစိတ်ဓာတ်ခိုင်ကြဉ်အောင် ကိုယ် ယုံကြည်ချက်နဲ့ ကိုယ်ယုံကြည်ရပ်တည်နိုင်အောင် စာပေကိုချစ်တတ်အောင် နဲ့ ဘာသာတရားကို သိနားလည်အောင် သင်ကြားခဲ့တယ်။ လက်တွဲဖော် ပါရမီဖြည့်ဖက်…

Rate this:

ဖုန်း…ဖုန်း…ဖုန်း…တယ်လီဖုန်း

တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ်အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက်တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။ ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး…

Rate this: