ဒေသဖွံဖြိုးရေးအတွက် ဆန်းစစ်ချက်များ

ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲရာတွင်ဖြစ်စေ၊ စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ချက် များကို စိစစ်သုံးသပ်ရာတွင်ဖြစ်စေ၊ စီမံကိန်း၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်သုံးသပ်ရာတွင် ဖြစ်စေ စီမံကိန်းဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရပါသည်။ ဤသို့ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် Participatory Rural Appraisal (PRA)နည်းလမ်းများကို အသုံးပြု ကြပါသည်။ ဤလမ်းညွှန်စာအုပ်သည် PRA နည်းလမ်းများကို အသုံးပြု၍ ဒေသတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားသာချက်များ၊ အားနည်းချက်များ၊ ပြဿနာများ ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ အခွင့်အလမ်းများကို ဒေသခံများနှင့် ပူးပေါင်းဖော်ထုတ်နိုင်ရန် ရေးသားဝေမျှဖောက်သည်ချ ခြင်းဖြစ်ပါသည်။ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ နည်းလမ်းသုံးရပ်ဖြင့် ချဉ်းကပ်လေ့ရှိပါသည်။ • လူမှုစီးပွားရေး (Socio – economic)…

Rate this:

သံဃာတော်နဲ့ ဖွံဖြိုးရေး

ကိုဝိမုတ္တိသုခက ဒီလိုလေးလုပ်ကြည့်ရင်ကောင်းမလား ဆိုတဲ့ ပိုစ့်လေးဖတ်ပြီး ကျွန်တော် ဦးနှောက် မုန်တိုင်းဆင် မိတယ်။ ဘာတွေ ညာတွေ သိလိုတော့ မဟုတ်ဘူး။ အစ်ကိုဝိမုတ္တိသုခကို ကွန်မန့်ပေးသည့် အနေနဲ့ ပိုစ့်တစ်ခုလောက် ရေးလိုက်ပါတယ်။ အမှားပါရင် ပြင်ပေးကြပါ ခင်ဗျာ။ ဗုဒ္ဓတရားတော်တွေ ဟာ အစ အလယ် အဆုံး သုံးပါးကောင်းခြင်းနဲ့ ပြည်စုံတယ် နောက်ပြီး ဗုဒ္ဓတရားတော် တွေကို လောကုတ် နိဗ္ဗာန်ရောက်နိုင်ယုံတာမက လက်ရှိဘ၀ လောကီ အရေးတွေ မှာပါ အသုံးဝင်တယ် ဆိုတာ မိချောင်းမင်းကို ရေခင်းမပြနေတော့ပါဘူး။ဗုဒ္ဓတရားတော် တွေကို လောကီလူဘောင့် လူမှုရေး၊နိုင်ငံရေး၊ စီးပွားရေး စတဲ့ နေရာတွေမှာ ဗုဒ္ဓတရားတော်တွေ ကို ကောက်နှုတ် အသုံးပြုလို့ရပါတယ်။ သာသနာဝန်ဆောင် သံဃာတော်တွေက သိပြီးသား ဗုဒ္ဓဓမ္မတွေကို ဒကာ…

Rate this:

ဖြေဆေးလေးတစ်ခွက်

မနေ့ကပဲ ဓမ္မမိတ်ဆွေတစ်ယောက်ပေးတဲ့ စာအုပ်ငယ်လေးတစ်အုပ်ရလိုက်တယ်။ အရှင် ဓမ္မဘေရီ(တောင်စွန်း) ရေးတဲ့ စာအုပ်လေးပါ ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ ဘုန်းဘုန်း ရဝေနွယ်(အင်းမ)တို့ ဗောဓိတစ်ထောင်ဘုရား ဓာတ်လှေကားပေါ်ကနေပြုတ်ကျတဲ့  အကြောင်းကို အတွေးစချဲ့ပြီးရေး ထားတာ မာန်နတ်မင်းကိုအံတုသူများတဲ့ အတော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ဒီအထဲက အကြောင်းအရာ တော်တော်များများကို သဘောကျ မိတယ်။ ကျွန်တော်တို့ ပရဟိတလုပ်သားတွေဟာ အများကောင်းဖို့ သက်သက် အလုပ်လုပ်နေကြတာပါ။ အဲဒီ အချိန်မှာ အခက်ခဲတွေ တွေ့ကြုံရတယ်။ တခြားအခက်အခဲတွေကို ကျော်လွှားနိုင်ပေမဲ့  အပြစ်ပြောခံရတာ ကိုတော့ ပုထုစဉ်ပီပီ မခံနိုင်ဘူးဗျ။ အရင်က မန္တလေးမှာနေတော့ ဘာမှအလုပ်မရှိအကိုင်မရှိ ၁၀၉/၁၁၀ စားလိုက်သောက်လိုက်နဲ့နေတုန်းက ဘယ်သူမျလည်း အပြစ်မဆို ဘယ်သူမှလည်း အပြစ်မပြောကြဘူး။ အေးအေးဆေးဆေးပဲ။ နောက်ပိုင်း ဒေသဖွံဖြိုးရေးအလုပ်တွေလုပ်မယ် အများအကျိုးဆောင်မယ် ဆိုပြီး စိတ်ရူးပေါက်ပြီး  ရန်ကုန်ဆင်းခဲ့တယ်။ အဲဒီမှာစတွေတာပေါ့…

Rate this:

PRA

PRA ဘာလဲ ကျွန်တော်သင်တန်းအကြောင်း စရေးတော့မယ်ဗျာ။ နေ့စဉ်သင်သွားတဲ့ဟာတွေ လျှောက်ပြောနေရင် ပျင်းစရာကြီးဖြစ်မှာစိုးလို့ အဓိက  အချက်တွေနဲ့ အနစ်သာရကိုပဲပြောသွားတော့မယ်နော်။ PRA ဆိုတာ အတိုကောက်ပါ ဖွံဖြိုးရေးလောကထဲက လူတွေကတော့ PRA ဆိုရင်တန်းသိကြသဗျ။ အရှည်ကတော့ Participatory Rural Appraisal မြန်မာလိုပြန်ရင် ကျေးလက်ဒေသပါဝင်ရောယှက်ဆောင်ရွက်  မှုဆိုင်ရာ လေ့လာဆန်းစစ်မှုလို့ တိုက်ရိုက် အဓိပ္ပာယ်ရတယ်။ ဆရာတစ်ယောက်ကတော့ သိမြင်ခံစား လက်တွေ့လှုပ်ရှား နည်းစဉ်လိုပြောဖူးပါတယ်။  PRA နည်းလမ်းကို ၁၉၈၈ခုနစ် ကင်ညာနိုင်ငံမှာ National Environment Resources and Clark University,USA က စတင်အသုံးပြုတယ်လို သိရပါတယ်။

Rate this:

ဆင်းရဲခြင်းကိုနားလည်ပါ

အခြေအမြစ်မရှိတဲ့သူတွေကို ကူညီဖို့ကြိုးစားနေတာဟာ ဘာမှအကျိုးမရှိတဲ့အလုပ် အသိဥာဏ်ကင်းမဲ့ပြီး ညစ်ပတ် စုပ်ပြတ် နေကြသူတွေဟာ မြောက်များလှတဲ့ကလေးတွေ မွေးထုတ်နေကြတယ်။ သူတို့တွေ အလုပ်မလုပ်ပဲ ပျင်းရိကြတယ်။ စည်းကမ်းလည်းမရှိ ဘာအတွေးခေါ်မှလည်းမရှိ။ သူတို့တွေဟာ ရတဲ့ အခွင့်အရေးကို အလွဲသုံးစားပြုကြတယ်။ သူတို့လက်ထဲ ငွေနည်းနည်းရှိတာနဲ့ အရက်သောက် ယစ်မှုးပြီး အကျိုးမဲ့စွာ သုံးဖြုန်းပစ်ကြတယ်။ သူတို့တွေကူညီတာ ပျင်းရိမှုကိုအားပေးတယ် နောက်ထပ်ကလေး တွေထပ် မွေးစေဖို့အားပေးတယ်၊ ဆင်းရဲတာဟာ ကံတရား၊ သူတို့ နောက်ဘ၀က ကောင်းမှုကုသိုလ်တာမှမလုပ်ခဲ့တာ၊ ဒါကိုပြင်လို့မရဘူး၊ ဘုရားသခင်အလိုတော်တိုင်းပဲလို့ ထင်ကြသူတွေ ယုံကြည်သူတွေ ဆက်ဖတ်စရာမလိုပါ။ အရာရာဟာ အတိတ်ကံကြောင့်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားဟာ သောတပန်တည်ဖို့ အထိ ပါရမီကံပါပြီးသား ဘာကြောင့် ဆင်းရဲသွားသလဲ ကျွန်တော် ဗုဒ္ဓဘာသာစစ်ပါ။ ကံဆိုတာ အလုပ်၊စိတ်စေတနာ ဆိုတာ မြတ်ဗုဒ္ဓဟောထားတာပဲ။ အရာရာကံကြောင့်မဟုတ်ပါဘူး။ ခရစ်ယာန်မှာလည်း…

Rate this:

လောဘ(သို့မဟုတ်)စာသုံးသူပဓာန၀ါဒ

ဘောဂဗေဒ၏ ခေါင်းကိုင်ဖခင်ကြီး အဒမ်စမစ်ကစပြီး ဘောဂဗေဒပညာရှင်တိုင်းလိုလို အဓိက စီးပွားရေးရဲ့မောင်းနှင်အားဟာ လူသားတို.ရဲ့လောဘလို. တစ်ညီတစ်ညွှတ်တည်းလက်ခံကြတယ်။ ဒါဗုဒ္ဓရဲ့အဆုံးမကို ဖောင့်ဖောင့်ကြီးဆန့်ကျင့်နေတာပဲ။ ကျနော်တို.တွေ ငယ်ငယ်တည်းက စားသုံးလာကြ တယ် များများကောင်းကောင်း စားသုံးနိုင်သူဟာဂုဏ်ရှိတယ်ဆိုပြီး လူအဖွဲ့အစည်းကနေ ကျနော်တို့ကို လောဘတွေ များလာအောင်ရှိလာအောင် သိမ့်သိမ့်မွေ့မွေ့သင်ပေးနေကြတယ်။ကျနော်တို.ကလည်း သင်ယူလို.သင်ယူနေမှန်းမသိပဲ သင်ယူမိတယ်။ တစ်နေက ဆရာခင်မောင်သန်း(စိတ်ပညာ)ရဲ့ စာအုပ်တစ်အုပ်မှာ Nike ဖိနပ်တစ်ရံ အတွက်လူသတ်တဲ့ ဆယ်ကျော်သက်လူငယ်လေး တစ်ယောက် အကြောင်းပါ။ ဖိနပ်တစ်ရံအတွက်လူသတ်တယ်တဲ့။ကြားလို့မှကောင်းကြသေးရဲ့လားဗျာ။ ကျနော်တို. ဆီ ဒီစာသုံးသူပဓာန၀ါဒကြီးက တစ်ကမ္ဘာလုံးကြောက်လန့်နေပါပြီ။ ဆရာမတစ်ယောက်က စာသုံးသူဝါဒ ဆိုတာ ကုန်ပစ္စည်းတွေနဲ့ အရည်ခြုံထားတဲ့ နယ်ချဲ့စနစ်တစ်ခုပါတဲ့ သူကိုကျနော်တို. သတိထားသင့်နေပါ ပြီ။

Rate this: