သားအမိနှစ်ယောက်ရဲ့ ပြပွဲ

စာရေးဆရာမ ခင်မြဇင်ဆို သိကြမှာပါ စာလည်းရေး ကဗျာလည်းရေး ပန်းချီလည်းဆွဲ တဲ့ ရှားရှားပါးပါးအနှပညာရှင်တစ်ဦးပါ ပန်းချီးဆွဲ ရင် အမည်အရင်း ဌေးဌေးမြင်နဲ့ ဆွဲပါတယ်။ ဆရာမရဲ့ စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါးဆိုတာ ကျွန်တော်အကြိုက်ဆုံး ၀တ္ထုတစ်ပုဒ်ပေါ့ဗျာ။ ဆရာမရဲ့ သားကတော့ ကျွန်တော်သူငယ်ချင်းကြီး ကိုအုန်းခိုင်ဇင်ပါ။ ပန်းချီကျောင်းဆင်းထားတာ မကြာသေးဘူး သို့ပေမယ့် သူလက်ရာတွေက ရိုးသားပြီးဆွဲဆောင်မှုရှိတယ်။ သားအမိ နှစ်ယောက် ပြတဲ့ ပြခန်း ပန်ချီးလောကမှာမရှိသေးဘူးထင်ပါရဲ့ သွားကြည့်သင်တဲ့ ပြပွဲတစ်ခုပါဗျာ ပြပွဲနာမည်က Waves တဲ့ နေရာက လောကနတ်ပန်းချီပြခန်း ပန်းချီ ချစ်သူတွေ လက်လွတ်မခံသင့်တဲ့ ပြပွဲလေးဆို မမှားပါဘူး ကြော်ငြာမဟုတ်ဘူးနော် အသိပေး လက်တို့တာ ပြီးမှ

Rate this:

ဆုတောင်း

ကိုယ့်ဆရာ ကိုzox က ကျွန်တော် ကဗျာကို ကွန်မန့် ရေးပြီး  ဆုတောင်းဆိုတဲ့ တဂ်ပေးပြီး အလုပ်ပေးသွားတယ်။ တဂ်ပေးတော့ ရေးရတော့ မှာပေါ့ ကို zox က ကဗျာ ဖြစ်ဖြစ် စာဖြစ်ဖြစ် တဲ့ ဒီကကောင်က ရွှေဥာဏ်တော် ကလော်တိုင်း ထွက်တာမဟုတ် သို့ပေမဲ့ ကိုယ်အစ်ကိုကြီးရေးခိုင်းတော့လည်း ရေးရမပေါ့ ဟဲ ဟဲ ဆုတောင်း မြတ်စွာအရှင် ဘုရား လူလောက ကလူတွေ လူကို လူလို့ မြင်ပါစေ ကျေးကျွန်တွေလိုလဲ မမြင်စေချင် အရှင်သခင်လို့လည်း မမြင်စေချင် လူကိုလူလို မြင်ပါစေ။ လူလောက ကလူတွေ ကွဲပြားတာတွေ ကို ခွဲခြားပြီးတော့ မမြင်တွေချင် အစွဲထားပြီးတော့လည်း မမြင်စေချင် မရှိကို အရှိတိုင်းမြင်ပါစေ။ လူလောက က…

Rate this:

ပြန်လှည်သုံးသပ်ခြင်း

ကျွန်တော် ဘလော့ရေးသားတာ တစ်နှစ်ဆိုတဲ့အချိန်ကိုကျော်လွန်ပြီးတော့ တစ်လပင် စွန်းချေပြီ။ ဘလော့ စတင်ရေးဖြစ်တာ မုံရွာက ဂျီးတော်လေး အေသင်(စိတ်ပညာ) မြောက်ပေးလို့ Multiply မှာ ကိုဂငယ်အမည်နဲ့ စတင်ရေးခဲ့ပါတယ်။ နောက် ကိုသင်္ကြန်တို့ ရဲ့ mmwordpress ကိုဝင်ကြည့်ပြီး wordpress နဲ့ ရေးချင်စိတ်တွေ ပေါ်လာတာကြောင့် အလကားရတဲ့ co.cc နဲ့ Mg Ogga’s Notes ဆိုပြီး ရေးခဲ့ပါတယ်။ဒီလိုရေးနေချိန်မှာပဲ co.cc က အလကားမရတော့ဘူး ဆိုတာသိရတော့ ကိုဘလက်တို့ ရဲ့ mmgenius ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာစကားမှာ သုံးကျောင်းပြောင်းတဲ့ရှင် သုံးလင်ပြောင်းတဲ့ မိန်းမ ကျော့ကွင်းက သုံးကြိမ်လွှတ်ဖူးတဲ့ ငှက် ဟာမယာများတက်တယ်လို့ ဆိုပြီးရှိတယ်။ ကျွန်တော်ကတော့ မယာများလို့မဟုတ် အခြေအနေ အကြောင်းတရား အမျိုးမျိုးကြောင် တစ်နှစ်ကျော်အတွင်း…

Rate this:

အားမလျော့ကြနဲ့ ငါကောင်တွေ

ကျောက်တုံးကြီးတစ်တုံး တွန်းတယ် မရွှေ့ဘူး ကျွန်တော်တို့ တွန်းတယ်မရွှေ့ဘူး တွန်းတယ် ဒါပေမယ့် မရွှေ့ဘူးဗျာ ကျွန်တော်တို့တွေ သိပ်ကြီးတဲ့ ကျောက်တုံးကြီးတွေကို တွန်းနေပါတယ် မရွှေ့ဘူးဗျ။ ရူပဗေဒသမားတွေက  ကျွန်တော်တို့ကို အလုပ်မဖြစ်ဘူးတဲ့ အလကားကောင်တွေတဲ့။ တရုပ်ပုံပြင်တစ်ခုကြားဖူးတယ် အဘိုးကြီးက တောင်ကြီးတစ်တောင်ကို ဖြိုဖို့ ပေါက်တူးတဲ့ တူးနေသတဲ့ အဘိုးကြီးကို လူတွေက ဟားတိုက်ကြတယ် မဖြစ်နိုင်တာကို လုပ်တယ်ပေါ့ဆိုပြီး ဟားတိုက်ရယ်မော ကြတယ်။ အဘိုးအိုက ပြန်ပြောလိုက်တာကို ကျွန်တော်သဘောကျမိတယ်။ ကျုပ် တောင်ကိုဖြိုမယ် မပြီးရင် ကျုပ်သား ဖြိုမယ် ကျုပ်သား ဖြိုတာမပြီးရင် ကျုပ် မြေးဖြိုမယ် ကျုပ်မြေးဖြိုတာ မပြီးရင် ကျုပ်မြစ်ဖြိုမယ်။ ဒီလိုပဲ သားစဉ်မြေဆက် လက်ဆင့်ကမ်း ဖြိုသွားရင် တနေ့တော့ ဖြိုပြီး မပေါ့ တဲ့ လေ။ ဒီလိုပဲ…

Rate this:

နင်လားဟဲ ပဋိပက္ခ

ကျွန်တော်တို့ ပတ်ဝန်းကျင် လူအဖွဲ့အစည်းမှာ ပဋိပက္ခဆိုတာ အမြဲတွေနေကြပါတယ်။ ဘယ်သူက ပဋိပက္ခ မဖြစ်ချင်ကြဘူး ဒါပေမယ့် ပဋိပက္ခကို လူသားတိုင်းတွေကြုံခံစားနေကြတယ်။ ပဋိပက္ခလို့ ကြားလိုက်တာနဲ့ ကြောက်မိတယ် လန့်မိတယ် မတွေဆုံချင်ကြဘူး သဗ္ဗေ သင်္ခါရ ဒုက္ခဆိုသလို့ ကျွန်တော်တို့ ဘ၀တွေမှာ ပဋိပက္ခဟာ အမြဲ သက်ဝင် လှုပ်ရှားနေတယ်။ ပဋိပက္ခဟာ ကျွန်တော်တို့ တွေကို ထက်မြက်အောင် သင်ကြားပေးနေတယ်။ ရှောင်လွဲလို့ မရပေမဲ့ ကျော်လွှားလို့ ရပါတယ်။ ပတ်ဝန်းကျင်မှာရျိသမျှ ပဋိပက္ခတွေကိုကြည်ရင် အကျဉ်းအားဖြင့် ၄မျိုးပဲ ရှိတယ်။

Rate this:

မြင်သား ကြားသား

ဖွံဖြိုးရေးလုပ်သားတွေ ရွာထဲဝင်ရင် ကျင်ကြံရမည့် စည်းကမ်းများစွာရှိပါတယ် ရွာသားတွေကို မျှော်လင့်ချက် မပေးရ၊ ရွာသားတွေ မျက်စီနောက်အောင်မနေရ၊ရွာသားတွေနဲ့ တစ်သားထဲ နေရမယ်၊လူထုဆီသွား၊ လူထုနဲ့ နေ၊ လူထုဆီက သင်ယူ၊ လူထုဆီက ရှိတာနဲ့ စ ပြီးတော့ လူထုမှာရှိတဲ့ အရာနဲ့ပဲ တည်ဆောက်ပါ စသဖြင့်ပေါ့ ဒါတွေဟာ လူမှုဖွံဖြိုးရေးလုပ်သားတိုင်း နားလည်ထားတဲ့ ကျင့်ဝတ်တွေပါ။ ဒါပေမယ့် ဒီအတိုင်ကျင့်ကြံတဲ့ သူရှားပါတယ်။ ဆရာကြီးလို့ ခေါ်ခံရတဲ့ ဖွံဖြိုးရေးဘိုးအေကြီးအချို့ တောင် ဒီလိုမလုပ်ကြပါဘူး ထားပါတော့လေ။ အရင်က ရွာတွေသွားရင် ရွာသားတွေ ကျွေးတာ ကျွန်တော်တို့တွေ စားခွင့်ရှိပါတယ်။ နောက်ပိုင်း ကျေးရွာကို အကူအညီလာပေးတဲ့ သူတွေကြောင့် ကျေးရွာမှာ ၀န်ထုတ်ဝန်ပိုးတွေ ဖြစ်လာလို့ ကျေးရွာက ကျွေးတဲ့ ဟာကို မစားရဘူးလို့ စည်းကမ်းလုပ်လိုက်ပါတယ်။ ဒါပေမယ့်…

Rate this:

မုန်တိုင်းထဲက သစ်ပင်

လေပြင်းထန်တောလည်း သစ်မြစ်တွေက အလိုလိုသန်ခဲ့တယ်။ မုန်တိုင်းရဲ့ အဆုံးသတ်ကို အပြုံးမပျက်ဖို့ကြိုးစားရင်း နှလုံးသားကလည်း ရင်ကျက်လာတယ် အပြုံးများလည်းအေးစက်လာတယ် ကံကောင်းခြင်းသစ်သီးတွေ မသီးခင်တော့ အရှုံးတွေ တပွေ့တစ်ပိုက်နဲ့ အိပ်ငိုက်တဲ့ ညတွေ များလှပေါ့ လောကဓံကို သိပ်မကြိုက်လို့တော့မရ သစ်ပင်တစ်ပင်လို့ မြေကို ကုတ်ယူ ဘ၀ကို အားဖြည့် ခေါင်းကိုမော့ ယုံကြည်ရာအတွက် ရှေ့သို့ဆက်………..

Rate this:

ထားဆဲ မေတ္တာ

ရာဇ၀င်များရဲ့ သတို့သမီးတဲ့ အမိ အဖတို့ရဲ့ အသွေးအသားတို့ တသွင်သွင် စီးဆင်းနေတဲ့ ခေတ်အဆက်ဆက် တောက်ပခဲ့တဲ့ မီးအိမ်ရှင် သတို့သမီး။ တိုင်းသူပြည်သားတို့ရဲ့ ရင်နင့်သည်းချာ ချစ်ခြင်းမေတ္တာ ဝေဆာခဲ့တဲ့ သတို့သမီး။ ဘယ်ဘက်က တစ်ဆုပ်ကြဲ ညာဘက်က တစ်လှည်း မမျှော်လင့်ဘဲ သုံးတန်စေတနာ ပြတ်သားခဲ့တဲ့ ဂရုဏာရှင် သတို့သမီး။ ကြွေးသစ်တို့ အတိုးချရင်း ကြွေးဟောင်းကို ဆပ်နေတဲ့ သူကျေးဇူးကို အဖိုးမဖြတ်တန်ဖိုးတက်စေတဲ့ လမ်းပြရှေ့ဆောင် သတို့သမီး။ ရာဇ၀င်များရဲ့ ခမ်းနားတဲ့ သတို့သမီးရေ…… မိဘမေတ္တာငတ် အမွေဖြတ်ခံရတဲ့ အခါ ထားဆဲ သစ္စာ တည်တံ့မှာလား ထားဆဲ့ မေတ္တာ တည်ရှိအုန်းမလား စိုးရိမ်လို့သားကွယ်။ အစိမ်းရောင် ဘက်တော်သား ကျွန်တော်သူငယ်ချင်း ကိုသိန်းစိုး(သိုးစိမ်း) မြစ်ဆုံ ရောက်ခဲ့ စဉ်က ခံစားရေးဖွဲ့ထားတာကို မျှဝေလိုက်ပါတယ်…

Rate this: